
နယူးဒေလီ ဖေဖော်ဝါရီ ၁၅
အိန္ဒိယနိုင်ငံ မာဒယာပရာဒက်ရှ်ပြည်နယ်တွင် ကိုဗစ်-၁၉ ကန့်သတ် ချက်များ ဖြေလျှော့ပေးလိုက်ပြီး မကြာမီ ဖေဖော်ဝါရီ ၁၅ ရက်က ပြည်နယ်ဝန်ကြီးချုပ် ရှီဗာရက်ရှ်ဆင်းချိုဟန် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ကူးစက်ဖြစ်ပွားချိန်မှစကာ ချိုဟန် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ်မြောက်ရှိပြီဖြစ်သည်။
ချိုဟန်သည် လူမှုမီဒီယာပေါ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက် ရှိကြောင်းနှင့် မိမိကိုယ်တိုင် သီးသန့်ကန့်သတ် စောင့်ကြည့်မှုခံယူလျက် ရှိကြောင်း ပြောကြားခဲ့သည်။
RT-PCR ကိုဗစ်-၁၉ စစ်ဆေးမှုဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား နေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ပုံမှန်လက္ခဏာများသာ ရှိကြောင်းနှင့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများကို လိုက်နာသည့် အနေဖြင့် မိမိကိုယ်တိုင် သီးသန့်ခွဲခြားစောင့်ကြည့် နေထိုင်လျက် ရှိကြောင်း ချိုဟန်က လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့သည်။
ဆင်ဟွာ