အိန္ဒိယနိုင်ငံအတွင်း  ကိုဗစ်-၁၉ ကူးစက်သူ ၄၃၁၅၅၇၄၉ ဦးအထိတိုးလာ

 

 

နယူးဒေလီ    မေ   ၃၀ 
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ အသစ်ထပ်မံကူးစက် ဖြစ်ပွားသူ ၂၇၀၆ ဦး တိုးလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူပေါင်းမှာ    ၄၃၁၅၅၇၄၉   ဦးအထိ တိုးလာခဲ့ကြောင်း   ကျန်းမာရေးဝန်ကြီး ဌာန၏ နောက်ဆုံးထုတ်ပြန်လိုက်သော အချက်အလက်များအရ သိရသည်။ 
ထို့အပြင် နိုင်ငံတစ်ဝန်း မေ ၂၉ ရက် ကတည်းက ကိုဗစ်-၁၉ ကြောင့် အသက် ဆုံးရှုံးခဲ့သူ ၂၅ ဦး တိုးလာသည့်အတွက် ယခုအခါတွင် နိုင်ငံအတွင်း  ကိုဗစ်-၁၉ ကြောင့်သေဆုံးသွားသူ   ၅၂၄၆၁၁  ဦး ရှိလာပြီဖြစ်သည်။ 
လတ်တလော  ကိုဗစ်-၁၉ ဖြစ်ပွား နေသူ ၁၇၆၉၈ ဦးရှိသည်။  လွန်ခဲ့သော ၂၄ နာရီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၁၁ ဦး တိုးလာသည်။ 
ယခုအချိန်အထိ နိုင်ငံအတွင်း ကိုဗစ်-၁၉     ကူးစက်ဖြစ်ပွားမှုမှ   ပြန်လည် ကောင်းမွန်လာသူပေါင်းမှာ ၄၂၆၁၃၄၄၀ ရှိလာပြီဖြစ်သည်။                  
 ဆင်ဟွာ