အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါ ပြည်နယ်တွင် မိုးကြိုးပစ်မှုကြောင့် လူ ၁၅ ဦး သေဆုံး

 

နယူးဒေလီ    ဧပြီ    ၂၈


အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ  အနောက်ဘန်ဂေါပြည်နယ် တွင်   မိုးကြိုးပစ်မှုကြောင့်  လူ ၁၅ ဦးထက်မနည်း သေဆုံးကာ     ဒဏ်ရာရရှိသူများလည်းရှိကြောင်း အာဏာပိုင်များက ဧပြီ ၂၈ ရက်တွင်ပြောသည်။ 

 


ပြီးခဲ့သည့် ၂၄ နာရီအတွင်း တောင်ပိုင်းခရိုင် များတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးကြိုးပစ်မှု များနှင့်   ကြုံတွေ့ခဲ့ရသည်။   သေဆုံးသူအများစုမှာ မိုးကြိုးပစ်မှုများ    ဖြစ်ပွားနေစဉ်အတွင်း   လယ်ကွင်း  အတွင်း အလုပ်လုပ်ကိုင်နေသည့်  လယ်သမားများ ဖြစ်ကြသည်ဟု အာဏာပိုင်များက ပြောသည်။ 

 


မိုးကြိုးပစ်မှုကြောင့်     ဒဏ်ရာရရှိသူများလည်း  ရှိပြီး   ၎င်းတို့ကို   ဆေးရုံသို့ပို့ဆောင်ပေးထားသည် ဟု သိရသည်။ 
၂၀၂၂   ခုနှစ်အတွင်း   အိန္ဒိယနိုင်ငံတွင်   မိုးကြိုး ပစ်မှုကြောင့် ၉၀၇ ဦး  သေဆုံးခဲ့သည်ဟု တရားဝင် အချက်အလက်များအရ သိရသည်။ 


ဆင်ဟွာ