အိန္ဒိယ - မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်နှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၂၆    မြန်မာနိုင်ငံတော်        ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့်      အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account  (SRVA)ကို   အသုံးပြု၍    ရူပီး/ကျပ်ဖြင့် တိုက်ရိုက်ငွေပေးချေမှု   လုပ်ငန်း စတင်         အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Rupee/ Kyat        Trade     Settlement Mechanism အား ရှင်းလင်းတင်ပြ ခြင်းဆိုင်ရာ       အစည်းအဝေးကို ယနေ့  ညနေ ၄  နာရီတွင်  မြန်မာ နိုင်ငံတော်ဗဟိုဘဏ် နေပြည်တော် ၌ ကျင်းပသည်။ 
ညှိနှိုင်းဆွေးနွေး
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ       ဒေါ်သန်းသန်းဆွေ  က မြန်မာနိုင်ငံတော်           ဗဟိုဘဏ် သည်      အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုကို         တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့ စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်   လွယ်ကူ ချောမွေ့စေရန်၊ အမေရိကန်ဒေါ်လာ အပေါ်    မှီခိုမှုကို   လျှော့ချနိုင်ရန်၊ Exchange   Rate   Risk     များ လျော့နည်းစေရန်နှင့်   ပြည်တွင်း ငွေကြေးသုံးစွဲမှုကို      မြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊   ရူပီး-ကျပ်  Trade Mechanism ကို အကောင်အထည် ဖော်         ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်   ဗဟိုဘဏ်သည် ရူပီး/ကျပ်       ပေးချေမှုဆိုင်ရာ လုပ်ငန်းကော်မတီကို     ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊   မြန်မာ နိုင်ငံတော်  ဗဟိုဘဏ်နှင့်   မြန်မာ နိုင်ငံဆိုင်ရာ   အိန္ဒိယနိုင်ငံသံရုံး၊ အိန္ဒိယနိုင်ငံဗဟိုဘဏ်  (Reserve Bank of India)၊ Department of  Financial Services, Ministry of Finance, India တို့အကြား အပြန် အလှန်     ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး Joint Concept Note Paper  နှင့်  Standard  Operating  Procedures   (SOPs)   များကို လည်း       အတည်ပြုခဲ့ပြီးဖြစ်ပါ ကြောင်း၊ “အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင်  Special Rupee Vostro   Account    (SRVA)   ကို အသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာ     လမ်းညွှန်ချက် (Guideline)”  အား  သက်ဆိုင်ရာ ဌာနများ၏ သဘောထားမှတ်ချက် များတောင်းခံ၍  ထုတ်ပြန်ပြီးဖြစ် သည့်အတွက် ဖေဖော်ဝါရီလမှစ၍ ပေးချေမှုများ         စတင်နိုင်တော့ မည်ဖြစ်ပါကြောင်း၊  ကုန်သည်များ ကိုလည်း     ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ          ကုန်သည်များနှင့် စက်မှုလက်မှု         လုပ်ငန်းရှင်များ အသင်းချုပ်  (UMFCCI)၊  အိန္ဒိယ ကုန်သည်များ         အသင်းတို့နှင့် ပူးပေါင်း၍         ရှင်းလင်းပွဲများ ဆက်လက်     ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  ယခုကဲ့သို့ အကောင် အထည်ဖော်   ဆောင်ရွက်နိုင်ခြင်း အားဖြင့်   အိန္ဒိယနိုင်ငံမှ    အဓိက တင်သွင်းနေသည့်     ဆေးဝါးနှင့် ကုန်စည်များအတွက်    ပေးချေရ သည့်  အမေရိကန်ဒေါ်လာ လိုအပ် ချက်       လျော့နည်းသွားခြင်း၊ ကုန်သွယ်မှုအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေခြင်း၊      ကုန်စည် စီးဆင်းမှု  ပိုမိုအားကောင်းလာပြီး ထင်သာမြင်သာ     ရှိလာစေခြင်း၊ နှစ်နိုင်ငံဆက်ဆံရေး       ပိုမို ကောင်းမွန်လာစေခြင်း      စသည့် အကျိုးကျေးဇူးများ     ရရှိစေမည် ဖြစ်ကြောင်း ပြောကြားသည်။
အမှာစကားပြောကြား 
ထို့နောက် ရူပီး/ကျပ် ပေးချေ မှုအတွက်  ဆောင်ရွက်ခွင့်ပြုထား သည့်ဘဏ်  (Designated Bank) များဖြစ်သည့်    ယူအေဘီဘဏ် လီမိတက်နှင့်  CB Bank PCL  နှင့် Punjab  National  Bank   တို့မှ Rupee/Kyat Trade Settlement Mechanism  ကို    ရှင်းလင်းတင်ပြ ကြသည်။ ယင်းနောက် ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး         ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊  ကုန်သွယ် ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊    ပြည်တွင်းအခွန်များ   ဦးစီး ဌာနနှင့်    မြန်မာ့စီးပွားရေးဘဏ် တို့မှ  တာဝန်ရှိသူများက  အိန္ဒိယ-မြန်မာကုန်သွယ်မှု    အခြေအနေ များနှင့်  ရူပီး/ကျပ်ဖြင့်  တိုက်ရိုက် ငွေပေးချေမှုလုပ်ငန်း    စတင်နိုင် ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြား သည်။
အဆိုပါ    အစည်းအဝေးသို့ မြန်မာနိုင်ငံတော်      ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊  ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ     မှန်ကန် မြန်ဆန်စေရေး      ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေး နှင့်     ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီး ဌာန၊ ပြည်တွင်းအခွန်များ  ဦးစီး ဌာန၊    အကောက်ခွန်ဦးစီးဌာန နှင့်  မြန်မာ့စီးပွားရေးဘဏ်တို့မှ အဆင့်မြင့်အရာထမ်းများ၊  ရူပီး/ကျပ်    ပေးချေမှုဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊    ဆောင် ရွက်ခွင့်ပြုထားသည့်          ဘဏ် (Designated Bank) တို့မှ တာဝန် ရှိသူများ      တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။   သတင်းစဉ်