အီးယူက အင်ဒိုနီးရှားနိုင်ငံနှင့် ကုန်သွယ်မှုနှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်

 

ဘာလင်  အောက်တိုဘာ  ၂၀


အီးယူနှင့်   အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့်   သံတမန်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မှုများ  ပြုလုပ်ခဲ့သည်ကို မြင်တွေ့ရသည်။     အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အီးယူ၏ ပဉ္စမမြောက်အကြီးဆုံး  ကုန်သွယ်ဖက်နိုင်ငံ တစ်ခုဖြစ်ပြီး  ၂၀၂၁   ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ယူရို ၂၅ ဒသမ ၂၉ ဘီလီယံ ရှိခဲ့ရာ ၂၀၂၀  ပြည့်နှစ်ထက် ၂၀ ရာခိုင်နှုန်း တိုးတက်မှုရှိလာခဲ့သည်။ 

 


အီးယူ၏   နိုင်ငံခြားရေး      မူဝါဒဆိုင်ရာ အကြီးအကဲ Mr. Josep Borrell သည် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း အင်ဒိုနီးရှား နိုင်ငံသို့ စတင်လည်ပတ်ခဲ့ပြီးနောက် ယခု နှစ်    အင်ဒိုနီးရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် G-20 အစည်းအဝေးသို့ လည်း ထပ်မံလာရောက်ခဲ့သည်။   အီးယူ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ     Mr. Valdis Dombrovskis ကလည်း ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် Free trade agreement ဆွေးနွေးညှိနှိုင်းမှု   သဘော တူညီချက်များ  ရရှိနိုင်မည်ဟု     မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။

 


အီးယူနှင့်  အင်ဒိုနီးရှားနိုင်ငံတို့အကြား ၂၀၁၆   ခုနှစ်က   စတင်ဆွေးနွေးခဲ့သော Comprehensive Economic Partnership Agreement (CEPA) ကိုလည်း ပြန်လည်ညှိနှိုင်းဆွေးနွေး၍    သဘော တူညီချက်များရရှိနိုင်ရန် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း သိရှိရပြီး အီးယူ အနေဖြင့် ၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာမည့်         အင်ဒိုနီးရှားနိုင်ငံ၌ အခြေစိုက်၍          အာဆီယံနိုင်ငံများနှင့် ပူးပေါင်းမှုများ         တိုးမြှင့်ဆောင်ရွက်လို သည့်   အလားအလာများလည်း   ရှိနေ ကြောင်း    ကျွမ်းကျင်သူများက    ခန့်မှန်း ကြသည်။

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊


အင်ဒိုနီးရှားနိုင်ငံသည်   ဒေသတွင်း၌ စီးပွားရေးအရ ပိုမိုဆွဲဆောင်မှုရှိလာပြီး ၂၀၃၀ ပြည့်နှစ်တွင် အရှေ့တောင်အာရှဒေသ ၏ အကြီးမားဆုံး  ဒစ်ဂျစ်တယ်စီးပွားရေးအင်အားစုဖြစ်လာရန်   ရည်မှန်းဆောင်ရွက် နေခြင်း၊   နည်းပညာပိုင်း ကုန်ထုတ်လုပ်မှု ကဏ္ဍ လျင်မြန်စွာ တိုးတက်လာနေခြင်းတို့ ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံအခြေစိုက် လေ့လာသုံးသပ်သူများက ပြောကြားသည်။

 


အင်ဒိုနီးရှားနိုင်ငံသည်  ဒေသတွင်း၌ နည်းပညာပိုင်းဆိုင်ရာ   supply chain အတွက်      ဦးတည်ကြိုးပမ်းလျက်ရှိပြီး လျှပ်စစ်ကားများအတွက်       Lithium ဘက်ထရီများ ထုတ်လုပ်ဖြန့်ဖြူးမှုတွင်လည်း ဈေးကွက်နေရာ          ရယူထားနိုင်သည်။ 
European Investment Bank (EIB) သည်လည်း ၎င်း၏ အာရှ-ပစိဖိတ်ဒေသရုံးခွဲ ကို ဂျကာတာမြို့၌  စက်တင်ဘာလအတွင်း က ဖွင့်လှစ်ခဲ့ပြီး EIB ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Kris Peeters က   အင်ဒိုနီးရှားနိုင်ငံ စီမံကိန်းတွင် တစ်နှစ်လျှင်ယူရို တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန်ရှိကြောင်း၊ အရှေ့တောင် အာရှဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ အစိမ်း ရောင်စွမ်းအင်ကဏ္ဍ၊ ရေရှည်တည်တံ့ခိုင်မြဲမှု နှင့်              ရာသီဥတုပြောင်းလဲမှုဒဏ်များ ကာကွယ်ထိန်းသိမ်းမှုတို့အတွက် မိတ်ဖက် နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်သွားလို ကြောင်း ပြောကြားခဲ့သည်။

 


အီးယူနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ၂၀၂၀ ပြည့်နှစ်အတွင်း ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများ     ဖြစ်ပွားခဲ့ပြီး    ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့တွင်    တိုင်ကြားမှုများ ရှိခဲ့ပြီးနောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ယခုနှစ် ဧပြီလအတွင်း လေ့လာသုံးသပ်မှုများ ပြုလုပ်ပြီးစီး၍ နှစ်ကုန်ပိုင်းတွင် အစီရင်ခံစာ ပေါ်ထွက်လာရန်       မျှော်လင့်ထားသည်။ နှစ်ဦးနှစ်ဖက်အကြား ကုန်သွယ်ရေးပိုင်း ညှိနှိုင်းဆောင်ရွက်နိုင်ပြီး ဆက်ဆံမှုများ တိုးမြှင့်သွားနိုင်ရေးကို  မျှော်လင့်ဦးတည် နေကြကြောင်း    ဘာလင်မြို့ရှိ      မြန်မာ စီးပွားရေးသံမှူးထံမှ သိရသည်။