အီသီယိုပီးယားရှိ ဒေသများ၌ လတ်တလောရေကြီးမှုကြောင့် လူပေါင်း ၈၀ ကျော်ထက်မနည်းသေဆုံး

 

အဒစ္စအဘာဘာ   မေ   ၁၇


အီသီယိုပီးယားနိုင်ငံ       နေရာ အတော်များများတွင်     လတ် တလောရေကြီးမှုကြောင့် လူပေါင်း ၈၀ ကျော်ထက်မနည်း   သေဆုံး ခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်း စာနာ    ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ပြောသည်။ မေ   ၁၅   ရက်    နှောင်းပိုင်းတွင် ကုလသမဂ္ဂ    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ   ညှိနှိုင်း ရေးမှူးရုံးမှ   နောက်ဆုံးအချက် အလက်များကို ထုတ်ပြန်ခဲ့ပြီး လတ်တလော     ဖြစ်ပွားခဲ့သည့် ပုံမှန်မဟုတ်သည့်       ရေကြီးမှု ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်စေပြီး နေရပ်ရွှေ့ပြောင်းမှုများ ဖြစ်စေသည်ဟု  ဖော်ပြထားသည်။  

 


ယင်း     အခြေအနေများကို ဆိုမာလီ၊ အိုရိုမီယာ၊ အဖာဒေသ တို့အပါအဝင် အီသီယိုပီးယားရှိ အခြားသော နေရာအစိတ်အပိုင်း များတွင် ခံစားခဲ့ရသည်။  ကာလ ရှည်ကြာမိုးခေါင်မှုဒဏ် ခံစားခဲ့ရ သည့်သူများအတွက် ရေကြီးမှုမှာ နောက်ထပ် ထိုးနှက်ချက်ပင် ဖြစ် သည်။ ရေကြီးမှုကြောင့် မိသားစု ပေါင်း ၃၅၀၀၀ နေရပ်စွန့်ခွာခဲ့ရပြီး ၄၅ ဦး သေဆုံးခဲ့ရသည်။ 

 


ဆိုမာလီဒေသတစ်ခုတည်း၌ ပင်   ကျွဲ  နွားတိရစ္ဆာန် ၂၃၀၀၀ သေကျေပျက်စီးခဲ့ရပြီး      မြေ ဟက်တာပေါင်း ၉၉၀၀၀ ကျော် ပျက်စီးခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ     ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်သည့် အချက်အလက် များအရ   သိရသည်။    အီသီယို ပီးယားရှိ   အိုရိုမီယာဒေသတွင် ရေကြီးမှုကြောင့်  မိသားစုပေါင်း ၅၈၀၃ ဦးနေရပ်စွန့်ခွာခဲ့ရပြီး လူ ရှစ်ဦး သေဆုံးခဲ့သည်။ ကောက်ပဲ သီးနှံများနှင့် မြေဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။   ထို့ပြင် အခြေခံအဆောက်အအုံများ ဖြစ် သည့်   လမ်း  တံတားနှင့်   စာသင် ကျောင်းများပါ     ပျက်စီးခဲ့ရ သည်။                        

ဆင်ဟွာ