အီသီယိုပီးယားနိုင်ငံ၌ မြေဧကပေါင်း ၅၁၀၀၀ ကျော် ပိုးမွှားကျရောက်ခြင်းနှင့် ကြုံတွေ့နေရ

 

အဒစ္စအဘာဘာ   ဇွန်   ၃ 


အီသီယိုပီးယားနိုင်ငံတွင်   မြေဧက ၅၁၀၀၀  ကျော်မှာ  ပိုးမွှားကျရောက်ခြင်းနှင့်  ကြုံတွေ့ရကြောင်း အီသီယိုပီးယားအာဏာပိုင်များက ဇွန် ၂ ရက်က ပြောသည်။ 

 


အီသီယိုပီးယားနိုင်ငံတစ်ဝန်း  လယ်မြေ ၅၁၂၀၉ ဧကမှာ မကြာသေးမီက ပိုးမွှားများကျရောက်သည်ဟု အီသီယိုပီးယားစိုက်ပျိုးရေးဝန်ကြီးဌာနမှ    အပင် ကာကွယ်ရေးဆိုင်ရာ ဒါရိုက်တာ ဘူလေးနက် နီဂူဆီက ပြောသည်။

 


အီသီယိုပီးယားနိုင်ငံရှိ    ဂန်ဘယ်လာ၊  ဘီနီရှန်ဂူ- ဂူမတ်ဇ်နှင့် အမ်ဟာရာ ဒေသများတွင် လယ်မြေများ အတွင်း ပိုးမွှားများကျရောက်သည်ကို  တွေ့ရှိရသည်ဟု နိုင်ငံပိုင်မီဒီယာတစ်ခုတွင်     ဖော်ပြထားကြောင်း၊  အီသီယိုပီးယားနိုင်ငံတွင်     ပိုးမွှားကျရောက်သည့် လယ်မြေ    ၅၁၂၀၉  ဧက     ရှိသည့်အနက်      လယ်မြေ ၂၃၂၁၉  ဧကကို    မိရိုးဖလာ   ပိုးသတ်ဆေးဖျန်း သည့်    နည်းစနစ်ဖြင့်    ကုသပေးခဲ့ကြောင်း၊    ပိုးမွှား ကျရောက်သော   ဒေသများတွင်  သီးနှံများ    ကြီးကြီး မားမား ဆုံးရှုံးမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အီသီယိုပီးယားနိုင်ငံသည်  နှစ်နှစ်အတွင်း အဆိုးရွားဆုံး ပိုးမွှားကျရောက်မှုနှင့် ရင်ဆိုင်နေရကြောင်း နီဂူဆီက ဆက်လက်ပြောသည်။

 


အီသီယိုပီးယားစိုက်ပျိုးရေးဝန်ကြီးဌာနက အခြား  ပိုးမွှားကျရောက်သည့်    ဒေသများတွင်    ဓာတု ဆေးဖျန်းခြင်းအပါအဝင်     ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို  လုပ်ဆောင်နေကြောင်း သိရသည်။

 


ထို့အပြင်      လယ်ယာမြေများပေါ်တွင်       ပိုးမွှား ဝင်ရောက်မှု လျော့ပါးစေရန် မိရိုးဖလာ ပိုးမွှားထိန်းချုပ် ရေး အစီအမံများကို ဆောင်ရွက်ကြရန် ဒေသခံပြည်သူ များကို  အီသီယိုပီးယား   စိုက်ပျိုးရေးဝန်ကြီးဌာနက လှုံ့ဆော်ထားကြောင်း သိရသည်။
 

ဆင်ဟွာ