အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

ရန်ကုန် ဖေဖော်ဝါရီ ၂


အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ အခက် အခဲများနှင့်    ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား မြန်မာ နိုင်ငံသို့ အမြန်ပြန်လည်ပို့ဆောင် ပေးနိုင်ရေးကိစ္စနှင့်   စပ်လျဉ်း၍ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အီရတ်နိုင်ငံရှိ အာဏာပိုင်များနှင့် ညှိနှိုင်းပြီး  နိုင်ငံတော်အစိုးရ  အစီ အစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အီရတ်နိုင်ငံရောက်   မြန်မာနိုင်ငံ သားများသည် ဖေဖော်ဝါရီ ၁ ရက် က ဘဂ္ဂဒက်မြို့မှ ဘဂ္ဂဒက်-ဒူဘိုင်း လေယာဉ်ခရီးစဉ်ဖြင့်   ဒူဘိုင်းသို့ ထွက်ခွာခဲ့ပြီး ယနေ့တွင် ဒူဘိုင်းမှ ဒူဘိုင်း-ဗန်ကောက် လေယာဉ်ခရီး စဉ်ဖြင့်  ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သို့ ရောက်ရှိပြီး ညနေ ၅ နာရီ ၁၅ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက် မြို့မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာ    လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ      ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာကြသည်။


ထိုသို့       မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသည့် မြန်မာနိုင်ငံသားများကို နိုင်ငံခြား ရေးဝန်ကြီးဌာန ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာဦးစီးဌာန၊   လူမှု ဝန်ထမ်း၊     ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန   ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနနှင့်    ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊      မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်    ရခိုင်အမျိုးသား ကွန်ရက်အဖွဲ့တို့မှ  တာဝန်ရှိသူများ က  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌  ကြိုဆိုနှုတ်ဆက်ကြ သည်။


      ပြန်လည်ရောက်ရှိလာသော အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံ သားများမှာ မဟန်နီထွန်း၊ မမြတ် အေးစံ(ခ)​ဝေဝေ၊ မသန်းနွယ်ဌေး တို့  သုံးဦးဖြစ်ကြောင်း   သတင်း ရရှိသည်။     


သတင်းစဉ်