
တီဟီရန် သြဂုတ် ၇
အီရန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆၄၃၉ ဦး ထပ်မံတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၄၁၁၉၁၁၀ ရှိပြီဖြစ်သည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၃၈၇ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူ ပေါင်း ၉၃၄၇၃ ဦးရှိလာကြောင်း အီရန်ကျန်းမာရေး နှင့် ဆေးဘက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက ဆိုသည်။
လက်ရှိအချိန်အထိ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသည့်အတွက် ဆေးရုံများမှ ပြန်လည် ဆင်းခွင့်ရရှိသူပေါင်း ၃၅၁၅၂၆၃ ဦးရှိပြီး အထူးကြပ်မတ် ကုသဆောင်များတွင် ဆေးကုသမှုခံယူသူ ၆၃၇၅ ဦး ရှိကြောင်း သိရသည်။
သြဂုတ် ၇ ရက်အထိ ပြည်သူ ၁၂၁၂၅၈၂၉ ဦး သည် ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်၍ ပြည်သူ ၃၀၀၇၉၈၁ ဦးသည် ကာကွယ် ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီးဖြစ်သည်။
နိုင်ငံအတွင်း ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုအရေအတွက်များလည်း မြင့်တက်လျက်ရှိ သည့်အတွက် ကျန်းမာရေးဆိုင်ရာ တင်းကျပ်သော စည်းမျဉ်းများကို ပြန်လည်ချမှတ်ထားကြောင်း အီရန် ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် ရက်သတ္တနှစ်ပတ်ကြာ ခရီးသွားလာခွင့်ပိတ်ပင်သွားရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်