အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ရွေ့လျား

 

နေပြည်တော်   မတ်    ၃


ယနေ့ ညနေ  ၅  နာရီခွဲအချိန်  တိုင်းထွာချက်များအရ ဘင်္ဂလား   ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိ သော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် မြောက်-အနောက်မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း (Coco Island) မြို့၏ အနောက်တောင်ဘက် ရေမိုင် (၇၆၀) မိုင်ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyigyun) မြို့၏ အနောက်တောင်ဘက် ရေမိုင်(၈၇၅)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trincomale)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ် (Nagapattinam)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ ပူဒူချယ်ရီ(Puducherry) မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၁၀) မိုင်ခန့်နှင့် ချင်းနိုင်(Chennai) မြို့၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် (၄၅၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။

 

  ဘင်္ဂလားပင်လယ်အော်တွင်     တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး   ကပ္ပလီပင်လယ်ပြင်တွင်  တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။                        

မိုး/ဇလ