အီဂျစ်နိုင်ငံထုတ် ကိုဗစ်- ၁၉ ကာကွယ်ဆေးအလုံးရေ  ငါးသိန်း ပါလက်စတိုင်းသို့ လှူဒါန်း 


 

ကိုင်ရို  ဖေဖော်ဝါရီ   ၂၂
တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ပါလက်စတိုင်း သို့ ကိုဗစ် -၁၉ ကာကွယ်ဆေး အလုံးရေ ၅၀၀၀၀၀ လှူဒါန်းခဲ့ကြောင်း    အီဂျစ်နိုင်ငံဆိုင်ရာ    တရုတ် သံရုံးက ဖေဖော်ဝါရီ  ၂၁ ရက်တွင် ပြောသည်။ 
ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ရည်ရွယ်ကာ ကာကွယ်ဆေးလှူဒါန်းမှုများ     ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။    အဆိုပါကာကွယ်ဆေးများ သည်    အီဂျစ်နိုင်ငံ    ဇီဝဗေဒနှင့်    ကာကွယ်ဆေး ထုတ်ကုန်ထုတ်လုပ်သည့်ကုမ္ပဏီနှင့်  တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ   ဆီနိုဗက်တို့  ပူးပေါင်း၍ အီဂျစ် နိုင်ငံတွင်ထုတ်လုပ်သော   ကာကွယ်ဆေးများဖြစ် သည်။ တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့   ပူးတွဲလှူဒါန်း သည့် ကာကွယ်ဆေးများကို ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းညီအစ်ကိုများသို့    ပေးပို့ခြင်းဖြစ် ကြောင်း  အီဂျစ်  ခေတ္တကျန်းမာရေးဝန်ကြီး  ခါလက် အဗ္ဗဒယ် ဂစ်ဖာက ပြောသည်။ 
အီဂျစ်နိုင်ငံတွင်   ယခုအချိန်အထိ ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ထုတ်လုပ်နိုင်ပြီ  ဖြစ်သည်။   အဆိုပါကာကွယ်ဆေးများ၏    လုံခြုံစိတ်ချရမှုနှင့် အစွမ်းထက်မှုတို့မှာ     အာမခံချက်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။ 
ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစတင် ကာ အီဂျစ်နိုင်ငံသည်  တရုတ်နိုင်ငံနှင့်အတူ ရောဂါ တိုက်ဖျက်ရေးကို  ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။  ယခုတစ်ကြိမ်သည် အီဂျစ် ပြည်တွင်းထုတ်ကာကွယ်ဆေးများကို  ပထမဦးဆုံး အကြိမ်အဖြစ်    ပါလက်စတိုင်းသို့     ပေးပို့ခြင်း ဖြစ်သည်။ 
ဆင်ဟွာ