အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် UNCAC (United Nations Convention Against Corruption) ပါ ပြဋ္ဌာန်းချက်များအပေါ် ဝန်ထမ်းများအားလုံး သိရှိနားလည်စေရန် ရှင်းလင်း

 

နေပြည်တော် စက်တင်ဘာ ၈ 


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဝန်ထမ်းများအား ကုလသမဂ္ဂ   အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း UN-CAC (United Nations Conven-tion Against Corruption)  ပါ ပြဋ္ဌာန်းချက်များ     အကောင် အထည်ဖော်    ဆောင်ရွက်နေမှု အခြေအနေများကို သိရှိနားလည် စေရန်ရည်ရွယ်၍    Knowledge Sharing အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက  အဂတိလိုက်စား မှု    တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။   


ဦးစွာ     အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်  ဥက္ကဋ္ဌ ဦးစစ်အေးက နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက်  အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေးဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ကော်မရှင် ရှိ ဝန်ထမ်းများအနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင်      ထိရောက် မှန်ကန်စွာ   ဆောင်ရွက်နိုင်ရန် UNCAC  ပါ   ပြဋ္ဌာန်းချက်များကို သေချာစွာ    သိရှိနားလည်ရန် လိုအပ်ကြောင်း၊ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်စပ်လျဉ်း၍   သိရှိ နားလည်မှသာ မိမိနိုင်ငံ၏ စံနှုန်း များနှင့် နှိုင်းယှဉ်၍ ပြင်ဆင်သင့် သည့်အချက်များကို    ပြန်လည် ပြင်ဆင်        ဆောင်ရွက်ခြင်းဖြင့် ထိရောက်စွာ  အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်    ဖြစ် ကြောင်း၊ အကောင်အထည်ဖော်ရာ တွင်လည်း ခိုင်လုံသည့် အချက် အလက်  အထောက်အထားများ ကို  အခြေခံရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆွေးနွေး တင်ပြမည့်     အချက်များနှင့် စပ်လျဉ်း၍    သေချာစွာလေ့လာ မှတ်သားကြရန်  လိုအပ်ကြောင်း  ပြောကြားသည်။


အခမ်းအနားတွင်     အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက UNCAC ပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး   တက်ရောက်လာ သည ဝန်ထမ်းများက    သိရှိ လိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကာ ကော်မရှင်အဖွဲ့ဝင် များက        ဖြည့်စွက်ဆွေးနွေး ကြသည်။


အခမ်းအနားသို့   ကော်မရှင် အတွင်းရေးမှူး၊   အဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိကြီးများ၊  အရာ ထမ်းများ  တက်ရောက်ခဲ့ကြပြီး ကော်မရှင်ရုံးခွဲမှ အရာထမ်းများက Online ဖြင့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။    

သတင်းစဉ်