အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၁၆


အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊   ပညာရေးဝန်ကြီးဌာန နှင့်    ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍     ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှု  တိုက်ဖျက်ရေး နှင့်     လူငယ်တို့၏အခန်းကဏ္ဍ စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ တွင် ပုဗ္ဗသီရိမြို့နယ်  အထက - ၃ ကျောင်းအစည်းအဝေး     ခန်းမ၌ ကျင်းပရာ         ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊  ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကော်မရှင် ရုံးခွဲများမှ      တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာန၊    ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  ဆရာ၊ ဆရာမများနှင့်    ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ        စကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင်   ဦးအောင်မြင့် လွင်က       အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်      စပ်လျဉ်း၍ အသိပညာရရှိရန်၊ အဂတိလိုက်စား မှုကို ရှက်ရွံ့သည့်၊  ဆန့်ကျင်သည့်၊ တွန်းလှန်တိုက်ဖျက်လိုစိတ်    ရှိ သည့်   လူ့အဖွဲ့အစည်းဖြစ်တည် လာရေး         ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်တို့၏   အခန်း ကဏ္ဍပါဝင်လာစေရန်၊ ကျောင်းသား လူငယ်များအနေဖြင့်          အများ အကျိုး         ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြား တွေးတောသည့်   အခြေခံစဉ်းစား တွေးခေါ်မှုကို            မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှု    ရှိသည့် နိုင်ငံ့သားကောင်းများ  ဖြစ်တည် စေရန်နှင့်    အဂတိလိုက်စားမှုကို လုံးဝသည်းမခံသော  ယဉ်ကျေးမှု တစ်ရပ် ဖြစ်ထွန်းစေရန်   ရည်ရွယ် ၍ လူငယ်စကားဝိုင်းများ ကျင်းပရ ခြင်းဖြစ်ပါကြောင်း၊     နိုင်ငံတော် အနေဖြင့်    နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ရှေ့လုပ်ငန်းစဉ်များ        ချမှတ်၍ ပြုပြင်ပြောင်းလဲရေး   လုပ်ငန်းများ အရှိန်အဟုန်မြှင့်        ဆောင်ရွက် လျက်ရှိပါကြောင်း။  


ထိုသို့       ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်သည့်    အဂတိ လိုက်စားမှုကို တွန်းလှန်တိုက်ဖျက် ကြရန် လိုအပ်ပါကြောင်း၊ အဂတိ လိုက်စားမှုသည် ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း   ဖြစ်သည့်အတွက် ကောင်းမွန်သည့်  ကိုယ်ကျင့်တရား များကို         ငယ်စဉ်ကတည်းက ပျိုးထောင်      တည်ဆောက်ပေးရ မည်ဖြစ်ပါကြောင်း၊      အနာဂတ် ၏         ခေါင်းဆောင်များဖြစ်သည့် မျိုးဆက်သစ်      လူငယ်များအား ဖြောင့်မတ်တည်ကြည်မှု    ရှိသော လူမှုအသိုက်အဝန်း  ဖြစ်တည်လာ စေရန်  ပြုစုပျိုးထောင်ပေးရမည် ဖြစ်ပြီး   ပညာရေးကဏ္ဍဖြစ်သည့် စာသင်ကျောင်းများမှ စတင်ရမည် ဖြစ်ပါကြောင်း၊       ဖြောင့်မတ် တည်ကြည်မှုဆိုသည်မှာ    နေ့စဉ် လုပ်ငန်းကိစ္စရပ်များတွင်  စံနမူနာ တစ်ခုကို    ထောက်ခံအားပေးပြီး ၎င်းနှင့်ဆန့်ကျင်ဆောင်ရွက်ခြင်းမပြုဘဲ         ကျင့်ဝတ်နှင့်ညီသော စည်းမျဉ်းများကို          ဖော်ဆောင် လိုက်နာခြင်း      ဖြစ်ပါကြောင်း၊ ဖြောင့်မတ်       တည်ကြည်မှုကို ဖောက်ဖျက်ပါက  အဂတိလိုက်စားမှု ဖြစ်နိုင်ပါကြောင်း၊  လူငယ်များကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ  အကောင်အထည် ဖော်ရာတွင်ဖြစ်စေ၊    အခြားမူဝါဒ ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များတွင်ဖြစ်စေ ပါဝင်ခွင့်ပေး ရန်    လိုပါကြောင်း    ပြောကြား သည်။


ဆက်လက်၍        “အဂတိ လိုက်စားမှု          တိုက်ဖျက်ရေးနှင့် လူငယ်တို့၏       အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်   လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ပုဗ္ဗသီရိ မြို့နယ်   အထက-၃ မှ  ကျောင်း သား  ကျောင်းသူများက ၎င်းတို့၏ သိရှိလိုသည်များကို    မေးမြန်းရာ Speaker များအဖြစ်  ပါဝင်ဆောင် ရွက်ကြသည့်       ကျောင်းသား ကျောင်းသူများက  ရင်းနှီးပွင့်လင်း စွာ  ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။              

သတင်းစဉ်