အဂတိလိုက်စားမှုနှင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှုသတိပြု

Type

 

အဂ္ဂဉာဏ်(ချယ်ရီရိပ်)

 

အရေးယူအပြစ်ပေးမှု


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   တာဝန်ယူ သည့်ကာလအတွင်း     အဂတိလိုက်စားမှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက် ရှိရာ ၃၀-၆-၂၀၂၂ ရက်အထိ   အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှု ၂၃၁ မှုကို အရေးယူ ဆောင်ရွက်ခဲ့ပါသည်။ ဖော်ထုတ်ခဲ့သည့်အမှုများ၏ အဂတိလိုက်စားမှုများတွင်   ကျူးလွန်ခဲ့သူများမှာ နိုင်ငံရေးအရ ရာထူးတာဝန်ကြီးများ ထမ်းဆောင်ခဲ့ ကြသူများနှင့်   တာဝန်ထမ်းဆောင်ဆဲ    ပုဂ္ဂိုလ်များ ပါဝင်နေကြောင်းကို လေ့လာတွေ့ရှိရပြီး နိုင်ငံတော် အနေဖြင့်    အဂတိလိုက်စားမှု   တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက် လျက်ရှိကြောင်း ထင်ရှားပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်လည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအခန်း (၂)  ပုဒ်မ ၄ (ခ)ပါ သန့်ရှင်းသောအစိုးရနှင့်  ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်အတွက် ရည်ရွယ် ၍ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းတို့ကို ယုံကြည်ချက် ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ 

 


ဥပဒေပြဋ္ဌာန်းပြင်ဆင်ခြင်း


အဂတိလိုက်စားမှု    တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်   ဩဂုတ်   ၇ ရက်က   ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်-၂၃ အရ ပြဋ္ဌာန်းထားရှိခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ် အဖြစ်    ဥပဒေပါပြဋ္ဌာန်းချက်များကို   ပိုမိုပြည့်စုံ ကောင်းမွန်အောင်    ပြင်ဆင်အစားထိုးခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် တတိယအကြိမ်နှင့်  ၂၀၁၈ ခုနှစ် တွင်   စတုတ္ထအကြိမ်အဖြစ်      လည်းကောင်း   လေးကြိမ်တိုင်တိုင် ဖြစ်ပေါ်လာသည့် ခေတ်စနစ်နှင့် အညီ ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းပေးခဲ့ကြပါသည်။ ထိုကဲ့သို့     ပြင်ဆင်ဆောင်ရွက်ခဲ့သည့်အတွက်    ရာထူးတာဝန်ကို  အလွဲသုံးစားပြု၍      တံစိုး လက်ဆောင်ပေးခြင်း၊ ရယူခြင်း၊  ပေးရန်အားထုတ် ခြင်းနှင့်   ရရန်အားထုတ်ခြင်းတို့အပြင်          နိုင်ငံ၏ ငွေကြေး၊   ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို    ထိခိုက်၊ နစ်နာ၊ ပျက်စီးဆုံးရှုံးစေခြင်းတို့ကိုပါ   ဖော်ပြအရေးယူနိုင်ခဲ့ပါ သည်။

 


ဥပဒေ ပုဒ်မ ၃(က)(၂)


ပြင်ဆင်ဖြည့်စွက်ခဲ့သော      ဥပဒေပုဒ်မများ အနက်မှ ပုဒ်မ၃(က)(၂)သည် နိုင်ငံတော်အတွင်း အဂတိလိုက်စားမှုများကို ကာကွယ်တားဆီးရာတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းချက်တစ်ရပ် ဖြစ်ပါသည်။ ပုဒ်မ၃(က)(၂)အရ တံစိုးလက်ဆောင် အပေးအယူဆောင်ရွက်သည့်  ကိစ္စရပ်များအပြင် လုပ်ပိုင်ခွင့်အာဏာကို   အလွဲသုံးစားပြုခြင်းဖြင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ တန်ဖိုးနစ်နာဆုံးရှုံးမှု များသည်လည်း အဂတိလိုက်စားမှု ကျူးလွန်ခြင်း ဖြစ်ကြောင်း  ထင်ရှားစေပြီး   အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင်   ဥပဒေပြဋ္ဌာန်း ချက်များဖြင့် ခိုင်မာစေပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများ   ပြဋ္ဌာန်းခြင်း၊      တည်ဆဲ ဥပဒေများကိုပြင်ဆင်ခြင်း   ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊   နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြုစုဆောင်ရွက်ခဲ့ပါသည်။

 


ကော်မရှင်သုံးဆက်တိုင်ခဲ့ပြီ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို  ၂၅-၂- ၂၀၁၄ တွင်  စတင်ဖွဲ့စည်းခဲ့ပါသည်။    ပထမ အကြိမ် ကော်မရှင်သက်တမ်းတွင်     အဂတိလိုက်စား မှုများအနက်  လာဘ်ပေးလာဘ်ယူမှုများကို ထိရောက် စွာ ကာကွယ်တားဆီးအရေးယူနိုင်ခဲ့သည်။    ဒုတိယ အကြိမ်  ကော်မရှင်သက်တမ်းတွင်  ဥပဒေများကို ထိရောက်စွာ ပြင်ဆင်ပြဋ္ဌာန်း ဖြည့်စွက်ခြင်း၊ အဂတိ လိုက်စားမှုလျော့နည်းလာစေရန် အသိပညာပေး ခြင်း၊ ဥပဒေပါပြဋ္ဌာန်းချက်များကို နားလည်သဘော ပေါက်ရှင်းလင်းစေရန်  အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းတို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(က)(၂) အရ  နိုင်ငံတော် ၏   နစ်နာမှုများကိုပါ   ကာကွယ်တားဆီးအရေးယူ နိုင်ခဲ့သည်။ တစ်ဖက်တွင်   နိုင်ငံတော်အစိုးရကလည်း  အဂတိလိုက်စားမှုများကို ထိရောက်စွာကာကွယ် တားဆီးနိုင်ရန်  နိုင်ငံတော်သမ္မတရုံး၏     တင်ဒါ စည်းမျဉ်း ၁/၂၀၁၇   ကဲ့သို့သော   အမိန့်ကြော်ငြာစာ များကို   ထုတ်ပြန်၍ဆောင်ရွက်ခဲ့ပါသည်။ အဂတိ လိုက်စားမှုနည်းပါးမှသာ   အစိုးရနှင့်    နိုင်ငံ့ဝန်ထမ်း များကို  ပြည်သူလူထုက  ယုံကြည်အားကိုးမှုရှိမည် ဖြစ်သည့်အပြင်   နိုင်ငံတော်၏     ဖွံ့ဖြိုးတိုးတက်မှု၊  တည်ငြိမ်အေးချမ်းမှုများ  တည်ဆောက်နိုင်ရေး လိုအပ်သည့် စည်းမျဉ်းဥပဒေများကို ထိရောက်စွာ ပြဋ္ဌာန်းခဲ့ကြခြင်း  ဖြစ်ပါသည်။

 


ယခု  တတိယအကြိမ်      ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေ တို့ကို   နားလည်စေရန်အတွက်      လူမှုကွန်ရက် စာမျက်နှာ၊ နိုင်ငံပိုင်မီဒီယာများနှင့် သတင်းစာတို့မှ အသိပညာပေးခြင်း၊  ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၌   အဂတိလိုက်စားမှု    တားဆီး ကာကွယ်ရေးအဖွဲ့(Corruption Prevention Unit-CPU) များဖွဲ့စည်း၍ အများပြည်သူထံမှ တုံ့ပြန်မှုရယူ ခြင်း အစီအစဉ် (Public Feedback Programme-PFP)များ ဆောင်ရွက်ကာ အဂတိလိုက်စားမှုများ ကို    တားဆီးကာကွယ်ခြင်း၊       အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့်         အဂတိလိုက်စားမှု ကျူးလွန်သူများကို  စုံစမ်းဖော်ထုတ်၍ ထိရောက် သော အရေးယူမှုများကို ဆောင်ရွက်လျက်ရှိပါသည်။

 


ကျောသားရင်သားမခွဲခြား


 နိုင်ငံတော်နစ်နာဆုံးရှုံးမှုများကို      အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်   အရေးယူနိုင် ရေးဥပဒေ ပြင်ဆင်ခဲ့သည်မှာ အချိန်ကာလအားဖြင့် လေးနှစ်ကျော်ခန့်ရှိခဲ့ပြီဖြစ်သည်။ ကော်မရှင်အနေ ဖြင့် အများပြည်သူအတွင်း ပျံ့နှံ့နေသော       အဂတိ လိုက်စားမှုများကို ကာကွယ်တားဆီးခြင်း၊ အသိ ပညာပေးခြင်းတို့ကို ထိထိရောက်ရောက်   ဆောင်ရွက် ခဲ့ပြီး    ဖြစ်သည်။   တိုင်ကြားသူများရှိလာပါက  ကော်မရှင်အနေဖြင့် နစ်နာသူများအတွက်      စုံစမ်း ဖော်ထုတ်အရေးယူလျက်ရှိရာ           ကော်မရှင်သို့ တိုင်ကြားစာပေးပို့လာမှုများအပေါ်    စနစ်တကျ   စိစစ်ဆောင်ရွက်လျက်ရှိသည်။ တိုင်ကြားစာများကို     စုံစမ်းဖော်ထုတ်ချက်အရ နိုင်ငံတော်အဆင့် လုပ်ပိုင် ခွင့်အာဏာရှိသူအချို့တို့၏   နိုင်ငံရေးရာထူးလက်ရှိ ဖြစ်ခဲ့စဉ်က အဂတိလိုက်စားမှု  တိုက်ဖျက်ရေးဥပဒေ ကို   ကျူးလွန်ဖောက်ဖျက်ကြောင်း   စစ်ဆေးတွေ့ရှိ ရသည့်အတွက်   အရေးယူ    ဆောင်ရွက်ခဲ့ခြင်းဖြင့် ဥပဒေအထက်တွင် မည်သူမျှမရှိကြောင်း  ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်။

 


နိုင်ငံတော်နစ်နာမှုများကို မူဝါဒအခြေခံ  
ဖော်ထုတ်လျက်ရှိ


 အဂတိလိုက်စားမှုတိုင်စာများကို စိစစ် အရေး ယူဆောင်ရွက်လျက်ရှိရာတွင်   နိုင်ငံတော်နစ်နာ ဆုံးရှုံးမှုများကြောင့် စိစစ်အရေးယူရသည့် အမှုများ မှာ အများဆုံးပင်ဖြစ်ပါသည်။ လူညီလျှင် ဤ ကို ကျွဲဖတ်၍ရသည်ဆိုသော မြန်မာစကားပုံကဲ့သို့ပင် လက်သိပ်ထိုး၍    မြေကွက်များ   ချထားပေးမှုများ၊ ငွေကျပ်သိန်းပေါင်းများစွာ     အကုန်အကျခံ၍ ဆောင်ရွက်ရသော  ဝယ်ယူရေးလုပ်ငန်းစဉ်များ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများထံသို့    ပေါက်စျေးထက် များစွာ   လျော့နည်း၍   မြေယာရောင်းချခွင့်ပြု ပေးခဲ့ခြင်းများ၊    စီမံကိန်းကြီးများကို    လုပ်ထုံး လုပ်နည်း  စည်းမျဉ်းစည်းကမ်းများ   ဖောက်ဖျက် ဆောင်ရွက်ခဲ့ခြင်းများအတွက်      နိုင်ငံတော်အနေ ဖြင့်      များစွာထိခိုက်နစ်နာ    ဆုံးရှုံးခဲ့ရသည်။   နိုင်ငံတော်၏     ထိခိုက်နစ်နာ ဆုံးရှုံးမှုများကို ဖော်ထုတ်ရန် ကော်မရှင်အနေဖြင့် အခြေခံမူ ၆ ချက်   ချမှတ်ထားရှိပြီး ဖြောင့်မတ်တည်ကြည်မှုအပြည့် ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 


ပြည်သူ့အတွက်ရှေးရှုဆောင်ရွက်လျက်ရှိ


အဂတိလိုက်စားမှု     တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို နိုင်ငံတော်နှင့်ပြည်သူတို့ အကျိုး အတွက် ရှေးရှုပြဋ္ဌာန်းခဲ့ကြခြင်းဖြစ်ပါသည်။ ဥပဒေ ပြင်ဆင်မှုကိုလည်း    လေးကြိမ်ပြင်ဆင်ခဲ့မှုအနက် ဒုတိယအစိုးရသက်တမ်းကာလအတွင်း သုံးကြိမ် တိုင် ပြင်ဆင်ဖြည့်စွက်ခဲ့ခြင်းဖြစ်ပါသည်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး    ကော်မရှင်အနေဖြင့် ကျောသားရင်သား ခွဲခြားမှုမရှိဘဲ အဂတိလိုက်စားမှု ကျူးလွန်သူများကို ကော်မရှင်၏ကျင့်ဝတ်နှင့်အညီ ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဖော်ထုတ်အရေး ယူ ဆောင်ရွက်လျက်ရှိပါသည်။ အမုန်းတရားများကို အခြေခံ၍  ဆောင်ရွက်ခြင်းမရှိဘဲ  နိုင်ငံတော်၏ နစ်နာဆုံးရှုံးမှုများကိုသာ ဖော်ထုတ်၍ ကောင်းမွန် သော  ရည်ရွယ်ချက်များဖြင့်  နိုင်ငံတော်နှင့်ပြည်သူ့ အကျိုးကို ရှေးရှုဆောင်ရွက်နေခြင်း  ဖြစ်ပါသည်။

 

နိုင်ငံတော်တွင်      သန့်ရှင်းသောအစိုးရ(Clean Government)နှင့် ကောင်းမွန်သော   အုပ်ချုပ်ရေး စနစ်(Good Governance) ဖြစ်ထွန်းစေရန် အဂတိ လိုက်စားမှု       တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။     အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံ တကာနှင့် ရင်ပေါင်တန်းလိုက်နာရန်၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှု   အလေ့အထများအရ  တစ်ဆင့်ပြီး တစ်ဆင့်  ဖယ်ရှားတိုက်ဖျက်နိုင်ရန်  ရေတိုရေရှည် စီမံချက်များ ချမှတ်စီမံ  ဆောင်ရွက်သွားရပါမည်။ ဆက်လက်၍လည်း     နိုင်ငံတော်၏အကျိုးနှင့်   ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရန် ဆောင်ရွက်ကြရာတွင် ပြည်သူများ အနေဖြင့်လည်း  ကော်မရှင်နှင့်အတူ  အဂတိပယ်ခွာပြည်သာယာဖို့       ပူးပေါင်းဆောင်ရွက် ကြပါစို့ဟု  တိုက်တွန်းအပ်ပါသည်။     ။