အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်များ လျော့နည်းလာ

 

နေပြည်တော်   ဩဂုတ်  ၁၁


လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်  အဂတိ လိုက်စားမှု   တိုက်ဖျက်ရေးကော်မရှင်တို့   ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု     တားဆီးကာကွယ်ရေးဆိုင်ရာ    အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင်   အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့    လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်    ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊     အဂတိ လိုက်စားမှု      တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင် တင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်း ဇော်အောင်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊   ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့်     ဝန်ထမ်းများ တက်ရောက်ကြသည်။ 


ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုသည်   ဖွံ့ဖြိုး တိုးတက်မှု      လုပ်ငန်းများကို အကောင်အထည်ဖော်ရာ၌ အဟန့် အတားဖြစ်စေ၍ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း       ဖြစ်သကဲ့သို့ တစ်နည်းအားဖြင့် အကျိုးအမြတ် တွက်ချက်ပြီး   ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုများကြောင့် လူတစ်ဦး ချင်းစီ၏     အကျင့်စာရိတ္တများ ပျက်စီးလာပြီး   မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်များ  လျော့နည်း လာသကဲ့သို့ ကိုယ်ရည်ကိုယ်သွေး များကျဆင်းလာပြီး   နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကိုလည်း နောက်ကျစေ မည်ဖြစ်ပါကြောင်း၊ ယခုရှင်းလင်း ဆွေးနွေးပွဲမှရရှိမည့်      အဂတိ လိုက်စားမှု    တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့်   အသိအမြင်၊   ဗဟု သုတများကို  မိမိကိုယ်တိုင် သိရှိ နားလည်ပြီး  မိမိမှတစ်ဆင့်  မိမိ ပတ်ဝန်းကျင်၊  မိမိအဖွဲ့အစည်း သို့      ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ကြ ရန်နှင့် မိမိကစပြီး အဂတိလိုက်စား မှုကို ငြင်းဆိုကြရန် တိုက်တွန်း ပြောကြားသည်။


ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်တင့်က    ဝန်ကြီး ဌာနများသို့  အဂတိလိုက်စားမှု ကာကွယ်    တားဆီးရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 


ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ဧည့်သည်တော်များ နှင့်အတူ   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ခန်းမအတွင်း ပြသ ထားရှိသည့်      ဝန်ကြီးဌာန၏ အဂတိလိုက်စားမှု     ကာကွယ် တားဆီးရေးဆိုင်ရာ ဆောင်ရွက် ချက်    မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးသည်။ 


ထို့နောက် ရှင်းလင်းဆွေးနွေး ပွဲကို     ဆက်လက်ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် နိုင်ငံတကာရေးရာနှင့် တားဆီး  ကာကွယ်ရေးဦးစီးဌာန ဒုတိယ   ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က   အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်   စပ်လျဉ်း၍လည်းကောင်း၊ ဌာနခွဲများမှ  တာဝန်ရှိသူများက အဂတိလိုက်စားမှု၏   သဘော သဘာဝ၊ ဖြစ်ပွားရသည့်အကြောင်း ရင်းများနှင့်        ဆိုးကျိုးများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက် ချက်များနှင့်  စုံစမ်းစစ်ဆေးရေး ဆိုင်ရာများနှင့်    ပတ်သက်၍ သိကောင်းစရာများကို    လည်း ကောင်း ရှင်းလင်းဆွေးနွေးကြပြီး ဝန်ထမ်းများ၏ မေးမြန်းချက်များ အပေါ်      ပြန်လည်ရှင်းလင်း ဖြေကြားကာ    အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 

သတင်းစဉ်