အဂ္ဂဂေဟာ နတ်ဝှက်သစ်ပင် (သို့မဟုတ်) ကျွန်းနက် မြန်မာမှုပန်းပုလုပ်ငန်း

 

တွေ့ဆုံမေးမြန်း−ရွှေပင်လယ်၊ ဓာတ်ပုံ− မျိုးသီဟ (ပျဉ်းမနား)
 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး စီးပွားရေးဦးတည်ချက်တွင် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်နှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများ ကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကိုချမှတ်ပြီး တွန်းအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စီးပွားရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်တွင်းကုန်ထုတ်လုပ်မှု မြင့်မားရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ရှိနေသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးကာ လုပ်ငန်းရှင်များ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ဖြည့်ဆည်းမှုများ၊ ဖြေရှင်းပေးမှုများ ပြုလုပ်ပေးခဲ့သည်။ 
ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားအောင်    ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ ဒေသအလိုက် ထွက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတကုန်ကြမ်းများကို အခြေခံကာ  အရည်အသွေးကောင်းမွန် သည့် ကုန်ချောအမယ်အမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်း   ပြည်ပ စျေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန် ပြည်ပသွင်းကုန်များကို အစား ထိုးနိုင်ရန်    နိုင်ငံတော်က     တွန်းအားပေးဆောင်ရွက်လျက်ရှိရာ နေပြည်တော်   ဥတ္တရသီရိမြို့နယ်    ဝက်စုကျေးရွာ၌    အဂ္ဂဂေဟာ ကျွန်းနက် မြန်မာမှုပန်းပုလုပ်ငန်း   ဆောင်ရွက်နေသည့် လုပ်ငန်းရှင် ဦးကျော်ကျော်နှင့်  တွေ့ဆုံမေးမြန်းထားမှုကို   တင်ပြလိုက်ရပါသည်။
မေး    ။    ။    ဘယ်လိုသစ်အမျိုးအစားကို ကျွန်းနက်လို့ သတ်မှတ် ခေါ်ဆိုပါသလဲ။
ဖြေ    ။    ။    ကျွန်းနက်ဆိုတာက           အကြောင်းအမျိုးမျိုးကြောင့် 
            ရေကြောင်းတွေမှာ မျှောချတဲ့   ကျွန်းပင်က ကျွန်းတုံးတွေ က ချောင်းကွေ့တွေ၊ ရေစီးအားနည်းသွားတဲ့အခါမှာ  ရေအောက်ထဲကို ရောက်သွားတယ်ဗျ၊ ရေအောက်ထဲမှာ သဲနဲ့နုန်း ဓာတ်ပေါင်းပြီးတော့ မှ ကျွန်းတုံးတွေကနေ ကျွန်းနက်ဖြစ်လာပါတယ်။ ချောင်း၊ မြစ်ကမ်းပါး ဘေးမှာ ပေါက်နေတဲ့ ကျွန်းပင်တွေက ရေစီးအားကြောင့်  အမြစ်တွေ ပြိုလဲပြီးတော့   ရေအောက်ထဲကို ရောက်သွားတယ်။ ရေအောက်ထဲမှာ နှစ်ကာလကြာမြင့်တဲ့အခါ ကျွန်းသစ်သားဟာ အဝါသားတွေကနေမှ လုံးဝနက်သွားပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော်မှ  ကျွန်းနက်ဖြစ်ပါ တယ်။   ကျွန်းနက်ရဲ့ အလယ်သားမှာ  အနီပါတာတွေ  ရှိပါတယ်။ အရောင်တွေမတူပါဘူး။ အနီရှိတယ်။ အဝါရှိတယ်။ ဘေးနား မှာတော့ နက်နေလိမ့်မယ်။ ကျွန်းနက်ရဲ့အသားကို  ဖြတ်လိုက်ပြီး လွှစာမှုန့်ကို မီးရှို့လိုက်ရင် ရှို့လိုက်တဲ့ ကျွန်းနက်ရဲ့ ပြာက ရွှေရောင်လေးတွေ ထွက်တယ်။  အဲဒီပြာကို    သံလိုက်နဲ့ကပ်ရင် သံလိုက်ကပ်ပါ မှသာ ကျွန်းနက်လို့ ခေါ်ပါတယ်။   ကျွန်းနက်လို့ သတ်မှတ်တဲ့   စံနှုန်း ဖြစ်ပါတယ်။ 
မေး    ။     ။    ကျွန်းနက်နဲ့ပန်းပုလုပ်တဲ့နေရာမှာ ကုန်ကြမ်းကို ဘယ်ဒေသ 
            တွေကနေ ရရှိပါသလဲ။
ဖြေ    ။    ။    နေပြည်တော်ပတ်ဝန်းကျင်မှာ တော်တော်များများ ထွက်ပါ 
            တယ်။ သစ်ထုတ်တဲ့နေရာတွေမှာ ပေါပါတယ်။ ကျွန်းနက် က ရေအောက်ထဲကို အကြောင်းအမျိုးမျိုးကြောင့် ရောက်သွားပြီး တော့ ကျွန်းနက်ဖြစ်တာဖြစ်တဲ့အတွက်     အများဆုံးထွက်တဲ့ဒေသ ကတော့ ကျွန်းပင်များများ  ပေါက်ပြီးတော့  ရှေးယခင်ခေတ်တွေက  ရေစီးကြောင်း    ရှိတဲ့နေရာ၊   မြစ်တွေချောင်းတွေရှိတဲ့   နေရာတွေရဲ့ အောက်မှာရှိတာများပါတယ်။ ပဲခူးရိုးမက သစ်ထွက်တယ်။ ချောင်း ဟောင်း၊  မြောင်းဟောင်းတွေကနေ ကျွန်းနက်တွေ  ရရှိပါတယ်။ ကျွန်းနက်ကို တောင်သူတွေကနေတစ်ဆင့် ရရှိတာပါ။ ချောင်းတွေထဲ သဲမှုတ်စက် မှုတ်တယ်၊ အဲဒီသဲမှုတ်စက်အောက်ကနေ ကျွန်းတုံးတွေ ပေါ်လာတယ်။ အဲဒီကနေ ကျွန်းနက် ဖြစ်တာပါ။ မြစ်ချောင်းတွေက သစ်တုံးတွေ ဆယ်ရင်းနဲ့ပဲ လာရောင်းတဲ့သူဆီက ကျွန်းနက်သစ်ကို ရရှိတာပါ။ ကျွန်းဆိုတာ နတ်ဝှက်တဲ့ ကျွန်းနက် ဖြစ်ပါတယ်။ နတ်ဝှက် ထားတာဖြစ်တဲ့အတွက်  ထိုက်တဲ့သူပဲ ရတာပါ။  ဒီသစ်တုံးတွေကို ရဖို့ဆိုတာ တော်တော်ကြီးကို ခက်ပါတယ်။ နှစ်ပေါင်းရာချီပြီးမှပေါ်တဲ့ ကျွန်းသားတွေ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ကျွန်းနက်ကို ရှာဖွေပြီး လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေ ရှိပါတယ်။ ကျွန်းသစ်တွေက မြစ်တွေ ချောင်းတွေမှာ    နှစ်ကြာလာတော့ သဲတွေဖုံးသွားပါတယ်။ အဲဒီသဲတွေဖုံးသွားတဲ့ဆီမှာ တောင်ယာထွန်ယက်ရင်းနဲ့လည်း တွေ့တဲ့ သူတွေရှိတယ်။  ရေကန်တွေ တူးရင်းနဲ့လည်း  အဲဒီအောက်မှာတွေ့တာ ရှိတယ်။ ချောင်း၊ မြောင်းတွေနဲ့နီးတဲ့နေရာတွေမှာ အများဆုံး တွေ့ရှိ ကြပါတယ်။ 
မေး    ။    ။    ကျွန်းနက်တွေကို နယ်တွေမှာ သွားပြီး ဝယ်ရတာလား၊ ဘယ်လို ဝယ်ရတာလဲ။ 
ဖြေ    ။    ။    နေပြည်တော်  တောင်ညိုဘက်  ပတ်ဝန်းကျင်မှာ ချောင်း 
            တွေ ရှိပါတယ်။ ချောင်းတွေက   နှစ် ၁၀၀ ပတ်ဝန်းကျင် ရှိတဲ့ချောင်းတွေ ရှိတယ်။ လာရောင်းတဲ့သူတွေရှိသလို   လိုချင်တဲ့ သစ်အရွယ်အစားရအောင် ကိုယ်တိုင်လည်း လိုက်ရှာရတာ ရှိပါတယ်။ တန်ရာတန်ကြေးပေးဝယ်ရပါတယ်။ တစ်ဆင့်ခံဝယ်ရရင် စျေးကြီး ပါတယ်။ 
မေး    ။    ။    အဂ္ဂဂေဟာ ကျွန်းနက်ပန်းပုလုပ်ငန်းကနေ ကုန်ချောပစ္စည်း 
            အမျိုးအစား ဘယ်နှမျိုးလောက်    ထုတ်လုပ်နေလဲဆိုတာ 
လည်း ပြောပြပေးပါ။
ဖြေ    ။    ။    ဗုဒ္ဓရုပ်ပွားတော် မုဒြာ ၁၈ မျိုး ရှိပါတယ်၊ ငါးရုပ်၊ ဂဠုန်ရုပ်၊ 
            နဂါး၊ ဇာမနီငှက်၊ ရှင်သီဝလိရုပ်ပွားတော်၊ နဂါးတောင်ဝှေး၊ သန်လျက်၊ လောင်းလှေ၊ ပုတီး၊ အမျိုးသမီးဆံထိုး စသည်ဖြင့် လုပ်ပါ တယ်။ ကျွန်းနက်ဆိုတာမျိုးက သိဒ္ဓိတင်ပြီးသား၊ နဝင်းကိုက်ပြီးသား ပစ္စည်း ဖြစ်ပါတယ်။     ကျွန်းနက်ဆိုတဲ့     သဘာဝကိုက    ကျွန်းဆိုတာ က နှစ်ဂဏန်း၊ နက်က စနေနံခုနစ်ဂဏန်း၊  နှစ်နဲ့ခုနစ်နဲ့ပေါင်းရင် ကိုး ရပါတယ်။ ကိုးနဝင်းကိုက်ပြီးသား ဖြစ်ပါတယ်။  အန္တရာယ်ကင်းတဲ့ ပစ္စည်းဖြစ်တဲ့အတွက်    ဆောင်ထားသင့်တဲ့ပစ္စည်း     ဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေကို ခုနစ်လက်မ၊ ကိုးလက်မ၊ ၁၁ လက်မ၊ ၁၄ လက်မ၊ ၁၈ လက်မ၊ ၂၁ လက်မ၊ ၃၆ လက်မ ထုပါတယ်။ 
မေး    ။    ။    အဂ္ဂဂေဟာ မြန်မာမှုပန်းပုလုပ်ငန်းအနေနဲ့ အဓိက ထုတ်ကုန် 
            က ဘာကို အဓိက ထုတ်လုပ်ပါသလဲ။
ဖြေ    ။    ။    ကျွန်းနက် ဗုဒ္ဓရုပ်ပွားတော် ပန်းပုထုလုပ်တာက ၉၀ ရာခိုင်နှုန်း 
            ထုလုပ်ပါတယ်။ တခြားပစ္စည်းက  ၁၀ ရာခိုင်နှုန်းလောက်ပဲ  ပါပါတယ်။ 
မေး    ။    ။    ကျွန်းနက်ပန်းပုလုပ်ငန်းကနေ  MSME   လုပ်ငန်းအဖြစ် ဆောင်ရွက်နေပုံကိုလည်း သိပါရစေ။
ဖြေ    ။    ။    ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ဒီ ကျွန်းနက်ပန်းပုလုပ်ငန်း 
            ကို စတင်လုပ်ခဲ့တာပါ။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလောက်မှာ ကျွန်းနက်ပန်းပုအလုပ်ရုံထောင်ဖို့ ဖြစ်လာခဲ့တာပါ။ လုပ်ငန်း စတင် ချိန်က အလုပ်သမားလေးယောက်နဲ့ စလုပ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ    အသေးစားစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ငန်းလိုင်စင်နဲ့   လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါတယ်။     ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့  ရွာတွေက လူတွေကို ပန်းပုအချောသမားအဖြစ်နဲ့ ပန်းပုပညာလည်း  သင်ပေးနေပါတယ်။ လက်ရှိ လူ ၁၄ ယောက်အင်အားနဲ့ ဆောင်ရွက် နေပါတယ်။ ပျမ်းမျှအားဖြင့် တစ်ရက်ကို  ဆင်းတုတော်  တစ်ဆူ၊ တစ်ဆူခွဲလောက် အချောထည် ထွက်ပါတယ်။ ညဆိုင်းတွေပါဆင်းရင် ပိုထွက်ပါတယ်။ ရွာကလူတွေ  မြန်မာမှုလုပ်ငန်းကို စိတ်ပါဝင်စား လာအောင် ပညာသင်ရင်းနဲ့   လုပ်အားခပေးပါတယ်။  ဒီရွာနားမှာ     အုတ်ဖုတ်လုပ်ငန်းလောက်ပဲ  ရှိပါတယ်။ ကျွန်တော့်ဆီမှာ အလုပ် တောင်းရင် ခေါ်ပြီးတော့လုပ်ပေးနိုင်တဲ့ အတိုင်းအတာအထိ လုပ်ပေး ပါတယ်။ အနည်းဆုံး လုပ်အားခက ကျပ်  ၈၀၀၀ ရှိပါတယ်။ ကျပ် ၉၀၀၀၊ ၁၀၀၀၀၊ ကျပ် ၁၂၀၀၀ ရှိပါတယ်။ တကယ်အလုပ်တွင်လာရင် ကျပ် ၁၅၀၀၀ အထိ ပေးပါတယ်။ ပညာရှင်ကတော့    ပညာရှင်နှုန်း ထားအတိုင်း   ပေးပါတယ်။ ဒီလိုလုပ်ရင်းနဲ့ အောင်မြင်ခဲ့တာပါ။ ကျွန်တော်တို့ ရွာကလူတွေကို ပန်းပုပညာနဲ့ လုပ်ကိုင်စားသောက်လို့ ရအောင် အလုပ်အကိုင်အခွင့်အလမ်းတွေ    စီစဉ်ပေးနိုင်ခဲ့ပါပြီ။  ပြည်တွင်းထုတ်ကုန်အဖြစ်နဲ့     ပြည်ပကို    တင်ပို့လို့ရသည်အထိ လက်ရာအဆင့် ရှိပါတယ်။ 
မေး    ။    ။    ကျွန်းနက်ပန်းပုထုတ်ကုန်တွေကို ဘယ်ဒေသတွေကို ပို့ပါ သလဲ။
ဖြေ    ။    ။    တစ်နိုင်ငံလုံးနီးပါး ပို့ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနား၊ 
            ရခိုင်၊ မူဆယ်၊ တာချီလိတ် စသည်ဖြင့် အများကြီး ပို့ပါ တယ်။ ပြည်ပဆိုရင် ကျွန်းနက်ဆင်းတုတော်ကို   စင်ကာပူအထိ   ပို့ပြီးပါပြီ။ ဘုရားတစ်ဆူပင့်သွားတိုင်း ကျွန်တော်တို့ အလှူပါအောင်   လုပ်ပါတယ်။ ကျပ် ၉၀၀၀၀ တန်တဲ့ဘုရားကို    ကျပ် ၇၀၀၀၀ နဲ့ ရောင်းပေးလိုက်ရင် အဲဒီမှာ ကျပ်  ၂၀၀၀၀ က ကျွန်တော်တို့အတွက် ကုသိုလ်ပါဗျ၊ ရောင်းပေးတဲ့ ဘုရားပေါင်း သောင်းနဲ့ချီ  ရှိသွားပါပြီ၊ 
မေး    ။    ။    ပြည်တွင်းထုတ်ကုန်အနေနဲ့ တခြားပြည်ပနိုင်ငံတွေကို 
            ထပ်ပို့ဖို့ အစီအစဉ်ရှိရင်လည်း ပြောပြပေးပါ။
ဖြေ    ။    ။    MSME နဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံတွေ တင်ပို့ဖို့အတွက် 
            ကုန်စည်ပြပွဲတွေ သွားဖို့လည်း  ရှိပါတယ်။ ကျွန်တော်က ဥတ္တရသီရိ MSME ဘဏ္ဍာရေးမှူးလည်းဖြစ်တော့ အသင်းအဖွဲ့အနေနဲ့ လည်း ညီညွတ်မှုရှိပါတယ်။ ပြည်တွင်း ကုန်စည်ပြပွဲတွေမှာလည်း ပြနေပါတယ်။ ကျွန်တော်တို့ နေပြည်တော်  MSME အဖွဲ့အနေနဲ့ နိုင်ငံ ရပ်ခြားတွေကိုလည်း ပြည်တွင်းထုတ်ကုန်အနေနဲ့  ပြသဖို့ ရှိပါတယ်။ ဘယ်နိုင်ငံရယ်လို့တော့ မဟုတ်ပါဘူး။ MSME အစီအစဉ်နဲ့ပဲ သွားဖို့ ရှိပါတယ်။ 
မေး။    ။    လက်ရှိ    နိုင်ငံတော်အစိုးရက အသေးစား၊  အငယ်စား၊ 
            အလတ်စား  စီးပွားရေးလုပ်ငန်းတွေနဲ့      ပတ်သက်ပြီး
ပြည်တွင်းထုတ်ကုန်တွေကို ဦးစားပေး      ဆောင်ရွက်နေတာဖြစ်တဲ့ 
အတွက် မြန်မာမှုပန်းပုလုပ်ငန်းဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး 
ပြောပြပေးပါ။ 
ဖြေ    ။    ။    ကျွန်းနက်ပန်းပုလုပ်ငန်းကို       ထုတ်ကုန်တစ်ခုအနေနဲ့ 
            လုပ်နေတဲ့လုပ်ငန်းက  ရေအောက်ထဲက     ရတဲ့ပစ္စည်း၊ မီးရှို့ပစ်ရမယ့်ပစ္စည်း၊    ဆွေးမြည့်သွားမယ့်ပစ္စည်းကို    လူတွေရဲ့ ကြည်ညိုဖွယ်ဖြစ်အောင်၊   လူတွေရဲ့ပသာဒဖြစ်အောင်  လုပ်ရတာ ဖြစ်ပါတယ်။ သဘာဝစွန့်ပစ်ပစ္စည်းတွေကနေ      အကောင်အထည် ဖော်နေတဲ့လုပ်ငန်းဖြစ်ပါတယ်။    
နိုင်ငံခြားဧည့်သည်တွေပါ  လာရောက် လေ့လာကြည့်ရှုနိုင်အောင်လုပ်ဖို့ ကြိုးစားစီစဉ်နေပါတယ်။  နိုင်ငံခြားဝင်ငွေရရှိအောင်လည်း ကြိုးစား ဆောင်ရွက်မှာပါ။ 
မေး    ။    ။    ကျွန်းနက်ထုတ်ကုန်တွေရဲ့ ပစ္စည်းစျေးနှုန်းတွေက ဘယ်လို 
            ရှိပါသလဲ။ 
ဖြေ    ။    ။    ကျွန်းနက်ဘုရား ခုနစ်လက်မတစ်ဆူကို ကျပ် ၇၀၀၀၀၊ 
            ကိုးလက်မတစ်ဆူကို  ငွေကျပ် ၁၁၀၀၀၀၊  ၁၁ လက်မ တစ်ဆူကို   ငွေကျပ် ၁၈၀၀၀၀၊  ၁၄ လက်မ  တစ်ဆူကို   ငွေကျပ် ၃၆၀၀၀၀၊ ၁၈ လက်မ တစ်ဆူကို ငွေကျပ် ၅၄၀၀၀၀ သုံးပေဘုရား တစ်ဆူကို ငွေကျပ် ၃၆၀၀၀၀၀ ရောင်းပါတယ်။
မေး    ။    ။    အဂ္ဂဂေဟာမိသားစုက ပန်းပုထုလုပ်ပုံနဲ့   ဆေးပိုင်းဆိုင်ရာ
            အသုံးပြုမှုကိုလည်း ရှင်းပြပေးပါဦး။ 
ဖြေ    ။    ။    ဗုဒ္ဓရုပ်ပွားတော်တွေကို ခုနစ်နဲ့စားလို့ပြတ်တဲ့ဂဏန်း၊ ခုနစ်နဲ့ 
            စားရင် စုံကြွင်းတဲ့ဂဏန်းတို့ကို    ထုလုပ်ပါတယ်။  ကျန်တဲ့ ဂဏန်းတွေက    ထုလို့မကောင်းတဲ့ဂဏန်းတွေ   ပါပါတယ်။ တစ်ပေ ဆိုရင် မကောင်းဘူး၊ ၁၃ လက်မဆို မကောင်းဘူး၊ အချိုးအစားတွေက လူတော်တော်များများ  သိကြတဲ့အတိုင်းပဲ ဒူးတစ်ခွင်   နှာတစ်ဖျား    မဖြစ်အောင်တော့    ဦးစားပေးပြီးတော့  ထုပါတယ်။    ဘုရားတစ်ဆူ ကြည့်လိုက်တာနဲ့ မျက်နှာတော်သည်   ပြုံးနေရမယ်၊ ကြည်ညိုဖွယ်  ရှိရမယ်။ ပူဇော်မယ့်သူရဲ့စိတ်ထဲကြည်နူးသွားတဲ့ ဘုရားမျိုးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ထုလုပ်ပါတယ်။ အင်္ဂါရပ်မပြည့်စုံတဲ့ ဘုရားမျိုး  မဖြစ်အောင်လည်း ဂရုစိုက်ပါတယ်။  အဲဒီမှာ ဆေးပိုင်း ဆိုင်ရာအနေနဲ့ကတော့ လူတွေက ကျွန်းနက်ဆိုတာ နက်တယ်လို့ပဲ  သိကြတာပါ။ ကျွန်းနက်က ရေအောက်ထဲမှာ နှစ်ပေါင်း ၁၀၀ ကျော်မှ ကျွန်းနက်တစ်ခုလုံးက   နက်သွားတာ    ဖြစ်ပါတယ်။ တချို့က နှစ်ပေါင်း ၇၀၊ ၈၀ ရှိတယ်။ ကျွန်းနက်တော့ မှန်တယ်။ အလယ်အူမှာ နီတာရှိတယ်။     ဝါတာရှိတယ်။    အဲဒီလို   အသားဖြစ်လာခဲ့ရင် ဆေးရည်အနက်  မှုတ်ရတယ်။   စီလာအနက်ခံရတယ်။  အဲဒါမှ ကျွန်းနက် ဖြစ်ပါတယ်။ တချို့က အနက်မကြိုက်ဘူး။ အမည်းဆိုရင် မကိုးကွယ်ချင်ဘူးဆိုတာမျိုးလည်း ရှိပါတယ်။ မူရင်းအရောင်အတိုင်း လိုချင်ရင် စီလာနှစ်ထပ်၊ လိုက်ကာနှစ်ထပ်နဲ့ ဖယောင်းအုပ်ရပါတယ်။ ကျွန်းနက်သားတွေက    ရေအောက်ထဲမှာနေတာ   ကြာတာဖြစ်တဲ့ အတွက်  အပေါ်ကိုတက်လာရင်  နေဒဏ်နဲ့ လေဒဏ်ကို   မခံပါဘူး။ ကျွန်းနက်ဘုရားရုပ်ပွားတော်တွေက   နေနဲ့ လေနဲ့ထိရင်   ကွဲပါတယ်။ ဒါကြောင့်မို့  ကျွန်တော်တို့က  စီလာနဲ့ ထိန်းရပါတယ်။  နေပူထဲတော့ ထားလို့မရပါဘူး။ ကျွန်းနက်သားတွေက    အရောင်ကွဲတာ ဖြစ်တဲ့ အတွက် မူရင်းအရောင်ရဖို့ ကော်ပတ်ကို အဆင့်ဆင့် ချောရပါတယ်။ ဆေးဆိုလည်း  အထပ်ထပ်သုတ်ရပါတယ်။ အဲဒီလိုလုပ်ပြီးမှ ကျွန်းနက် ဘုရားတစ်ဆူ   ကောင်းကောင်းရတာပါ။  ကျွန်းနက်အသားမှန်ရင် မကွဲတာ   မရှိပါဘူး။   ကွဲသွားတတ်ပါတယ်။  ကွဲသွားတတ်တာကို အသက်သာဆုံးမကွဲအောင် ထိန်းသိမ်းပေးပါတယ်။ ကျွန်းနက်ဘုရား ရုပ်ပွားတော်သည် ဘယ်ကပဲဝယ်ဝယ် ကွဲသွားရင်၊ ဘုရားရုပ်ပွားတော် ပြင်ချင်တယ်ဆိုရင် အခမဲ့ပြင်ပေးပါတယ်။ 
မေး    ။    ။    ကျွန်းနက် မြန်မာမှုပန်းပုလုပ်ငန်းနဲ့ပတ်သက်ပြီး အလုပ် 
            အကိုင်အခွင့်အလမ်းရရှိဖို့နဲ့       ပြည်တွင်းထုတ်ကုန် အဖြစ် ဆောင်ရွက်လိုတဲ့ ပြည်သူတွေအတွက် ဘာများ ပြောချင်ပါသလဲ။
ဖြေ    ။    ။    ကျွန်းနက်  မြန်မာမှုပန်းပုလုပ်ငန်းဟာ  အရိပ်ထဲမှာနေပြီး 
            သက်သက်သာသာ၊    တည်တည်ငြိမ်ငြိမ်နဲ့  လုပ်နိုင်တဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။ သဘာဝ စွန့်ပစ်ပစ္စည်းတွေကို  သမ္မာအာဇီဝကျကျ  ဆောင်ရွက်ရလို့ ကုသိုလ် လည်းရ ဝမ်းလည်းဝတဲ့လုပ်ငန်း   ဖြစ်ပါတယ်လို့   ပြောချင်ပါတယ် ခင်ဗျာ။    ။