
အေးမြစေကြောင်း
k နေရစ်တော့ နှစ်ဟောင်းရေ၊
နှစ်ဦးကြို သင်္ကြန်ပွဲကို
ဆင်နွှဲစို့ဆွေ၊
သပြေပန်းရယ်နဲ့
ရေဖျန်းတဲ့ အတာနွေ
သင်္ကြန်ရေ အေးမှအေး။
ပုရစ်ဖူးစိုစို . . . .
နှစ်ဦး အတာကြိုတဲ့
ပိတောက်ပျို ရွှေရည်ဝင်းတယ်
သင်းပျံ့ပျံ့မွှေး။
k တစ်လှည့်တစ်ပြန် ရေလောင်းလို့
ဆွေအပေါင်းတို့ ပျော်ရွှင်
ပွဲတော်ကြီးဆင်၊
မြန်မာတို့ နှလုံးဘဝင်
ပြုံးရွှင်လို့ ကြည်နူး။
ယဉ်ပါပေ့ယဉ် . . . .
အစဉ်အလာဓလေ့ အသရေဆင်တဲ့
ရေသဘင် ခြိမ့်ခြိမ့်သဲ
နွှဲတယ်လို့မြူး။
k အတာသင်္ကြန် အခါသမယ
ဒါနပြု ကုသိုလ်ယူ၊
စတုဒိသာ ဧည့်ခံကျွေးလို့
ဘေးမဲ့ပေးလှူ
သဒ္ဓါက တလူလူ
ကြည်ဖြူတဲ့စိတ်ထား။
ခေါင်းဆေးမင်္ဂလာနဲ့
ရေအတာ သွန်းကာလောင်းတယ်
တောင်းဆုတွေပွား။
k နှစ်ဟောင်းလွန် နှစ်သစ်ဦး
ကြည်နူးဖွယ့် သင်္ကြန်အတာ
မြန်မာ့ရိုးရာ၊
လန်းဆန်းလို့ သစ်လွင်ကာ
ချစ်ကြင်နာ မေတ္တာလောင်း။
ငြိမ်းချမ်းသာ ဘေးရန်ဝေးကာ
အေးမြစေကြောင်း။ ။
ရေနံ့သာမောင်ကျော်ညွန့်