အေးအတူပူအမျှအသိုက်အဝန်း အတူတည်ဆောက်၍ တရုတ် - မြန်မာဆက်ဆံရေး နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်လာစေခြင်း

Type

 

သံအမတ်ကြီး မစ္စတာ ချန်းဟိုင်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်းအစည်း အဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပေကျင်းမြို့၌ကျင်းပခဲ့ရာ  သမ္မတရှီကျင့်ဖျင်က  အရေးပါမိန့်ခွန်း ပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖျင်က ခေတ်သစ် တရုတ်ဝိသေသ ဆောင်သော  နိုင်ငံကြီး သံတမန်ဆက်ဆံရေး၏ သမိုင်းဝင်အောင်မြင် မှုနှင့် အဖိုးတန်အတွေ့အကြုံများကို စနစ်တကျခြုံငုံ၍ တရုတ်နိုင်ငံ၏  နိုင်ငံခြားရေးလုပ်ငန်းတွင် ရင်ဆိုင်ရသော နိုင်ငံတကာပတ်ဝန်းကျင်နှင့်  ထမ်းဆောင်ရသည့်    သမိုင်းပေးတာဝန်အကြောင်း     လေးနက်စွာ ရှင်းလင်းပြောကြားကာ  လက်ရှိနှင့် အနာဂတ်ကာလတွင်  တရုတ် နိုင်ငံ၏ နိုင်ငံခြားရေးလုပ်ငန်းအတွက် ဘက်စုံနေရာချထားမှုများ လုပ်ဆောင်ခဲ့သည်။  မိမိသည်  မြန်မာနိုင်ငံ  နယ်ပယ်အသီးသီးမှ မိတ်ဆွေများကို အစည်းအဝေးအကြောင်းအရာ မိတ်ဆက်ပေးပြီး တရုတ် - မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန် အမြင် အချို့အား မျှဝေပေးလိုပါသည်။
ထွန်းပြောင်သည့်အနာဂတ်သို့ လျှောက်လှမ်းရန်   
တွန်းအားပေးဖော်ဆောင်ရမည်
အစည်းအဝေးတွင် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက် မှုသည် ရှီကျင့်ဖျင်  သံတမန်ဆက်ဆံရေး အတွေးအခေါ်၏ အဓိက အယူအဆဖြစ်ကြောင်း၊ ရေရှည်ငြိမ်းချမ်းသော၊ ယေဘုယျအားဖြင့်  လုံခြုံသော၊  အတူတကွစည်ပင်ဝပြောသော၊ တံခါးဖွင့်၍ အားလုံး ပါဝင်မှုရှိသော၊ သန့်ရှင်းသာယာလှပသော ကမ္ဘာကြီး တည်ဆောက် ခြင်းကို   ကြိုးပမ်းမှုရည်မှန်းချက်အဖြစ်  ထားရှိခြင်း၊   အတူတကွ ဆွေးနွေး၊  အတူတကွတည်ဆောက်၊ အတူတကွမျှဝေသည့် ကမ္ဘာလုံး ဆိုင်ရာ  စီမံအုပ်ချုပ်မှု  တွန်းအားပေးခြင်းအား  အကောင်အထည် ဖော်ဆောင်သည့် လမ်းကြောင်းအဖြစ် ထားရှိခြင်း၊ လူသားအားလုံး ဘုံတန်ဖိုးဖော်ဆောင်ခြင်းအား  ယေဘုယျအားဖြင့်  လိုက်နာခြင်း၊ နိုင်ငံတကာဆက်ဆံရေး ပုံစံအသစ်တည်ဆောက်ခြင်းကို အခြေခံ ကျားကန်မှုအဖြစ်ထားရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ၊  ကမ္ဘာလုံးဆိုင်ရာ  လုံခြုံရေးအစီအမံ၊  ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ     အကောင်အထည်ဖော်ဆောင်ခြင်း အား   မဟာဗျူဟာမြောက်  ဦးဆောင်မှုအဖြစ်ထားရှိခြင်း၊   “Belt and Road”  အရည်အသွေးမြင့် အတူတကွတည်ဆောက်ခြင်းအား လက်တွေ့အကောင်အထည်ဖော်ဆောင်သည့် ပလက်ဖောင်းထားရှိ ခြင်းတို့ဖြင့်    နိုင်ငံအသီးသီးနှင့်အတူလက်တွဲကာ     စိန်ခေါ်မှုများ ရင်ဆိုင်၍  အတူတကွ  စည်ပင်ဝပြောမှု အကောင်ထည်ဖော်ဆောင် ပြီး ကမ္ဘာကြီးက ငြိမ်းချမ်းသော၊  လုံခြုံသော၊ စည်ပင်ဝပြောသော၊  တိုးတက်သော   ထွန်းပြောင်သည့်အနာဂတ်သို့   လျှောက်လှမ်းရန်   တွန်းအားပေး    ဖော်ဆောင်ရမည်ဖြစ်ကြောင်း   ထောက်ပြပြောဆို ခဲ့သည်။
အေးအတူပူအမျှ      အသိုက်အဝန်း   တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံက  တန်းတူညီမျှ၍  စနစ်ကျသည့်  ဗဟုဝင်ရိုးကမ္ဘာနှင့် ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အားလုံးပါဝင်မှုရှိသည့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို အဆိုပြုခဲ့သည်။ တန်းတူညီမျှ၍ စနစ်ကျ သည့် ဗဟုဝင်ရိုးကမ္ဘာသည် နိုင်ငံကြီးငယ်မရွေး အားလုံးတန်းတူ ညီမျှဖြစ်ခြင်းကို လက်ကိုင်စွဲ၍ ဗိုလ်ကျစိုးမိုးမှုဝါဒနှင့် ပါဝါနိုင်ငံရေးကို  ကန့်ကွက်ကာ    နိုင်ငံတကာဆက်ဆံရေး     ဒီမိုကရေစီဆန်ခြင်းကို လက်တွေ့ကျကျ ဖော်ဆောင်ခြင်းဖြစ်သည်။ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း  ရည်မှန်းချက်နှင့် အခြေခံမူကို အတူတကွ လိုက်နာစောင့်ထိန်း ၍ ယေဘုယျအားဖြင့် အသိအမှတ်ပြုသည့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူစည်းမျဉ်းကို အတူတကွလက်ကိုင်စွဲကာ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ (Multilateralism) ကို လက်တွေ့ အကောင် အထည် ဖော်ဆောင်ရမည်ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ဆောင်ရမည်
ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အားလုံးပါဝင်မှုရှိသည့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည်မှာ     နိုင်ငံအသီးသီး     အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ယေဘုယျတောင်းဆိုချက်များအရ တစ်ကမ္ဘာ လုံးတွင်   အရင်းအမြစ်ခွဲဝေမှုကြောင့်  ဖြစ်ပေါ်လာသည့်  နိုင်ငံများ အကြားနှင့်   နိုင်ငံများအတွင်းပိုင်း   ဖွံ့ဖြိုးတိုးတက်မှု    မညီမျှသည့် ပြဿနာကို ကောင်းမွန်စွာဖြေရှင်းခြင်းပင်ဖြစ်သည်။ ဂလိုဘယ်လိုက် ဇေးရှင်းအား ဆန့်ကျင်မှု (Deglobalization) ၊ လုံခြုံရေး အယူအဆ များကို အလွဲသုံးစားလုပ်ခြင်း (abuse the concept of security) တို့အား ပြတ်ပြတ်သားသားဆန့်ကျင်၍ တစ်ကိုယ်တော်ဝါဒ (unilate-ralism) ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ (protectionism) ပုံစံ မျိုးစုံကို ကန့်ကွက်ရမည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ် ခြင်း၊     အဆင်ပြေလွယ်ကူခြင်းတို့ကို   ခိုင်မာစွာမြှင့်တင်၍     ကမ္ဘာ့ စီးပွားရေး ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်မှုအား အတားအဆီးဖြစ်စေ သည့် ဖွဲ့စည်းပုံဆိုင်ရာ အခက်အခဲများကို ဖြေရှင်းခြင်းဖြင့် စီးပွားရေး  ဂလိုဘယ်လိုက်ဇေးရှင်းကို ပိုမိုတံခါးဖွင့်သော၊ အားလုံးပါဝင်မှုရှိသော၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုသော၊ ညီမျှသော လားရာသို့ ဖွံ့ဖြိုး တိုးတက်စေရန် ဖော်ဆောင်ရမည်။
နှစ်နိုင်ငံပြည်သူများ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ
ဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်သွားမည်
တရုတ် - မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ် လျက်ရှိပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် နက်ရှိုင်း သည်။ သမ္မတရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့  သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း    တည်ဆောက်ရန်     သဘောတူညီ ခဲ့သည်။ ယခုနှစ်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်ကို  တရုတ်၊  မြန်မာ၊  အိန္ဒိယက   အတူတကွအဆိုပြုသည့် နှစ် ၇၀ ပြည့်ဖြစ်သည်။ မိမိတို့သည် ဗဟိုကော်မတီ နိုင်ငံခြားရေး လုပ်ငန်း   အစည်းအဝေးစိတ်ဓာတ်ကို   ကျင့်သုံး၍ တရုတ် - မြန်မာ ချစ်ကြည်ရင်းနှီးစွာ ကူလူးဆက်ဆံသည့် ဉာဏ်ပညာနှင့် အတွေ့အကြုံ များကို လက်ဆင့်ကမ်းပြန့်ပွားစေပြီး ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာ ဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း ဟူသည့် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန် ဆက်ဆံရေးအယူအဆကို  လက်တွေ့ဖော်ဆောင်သွားမည်ဖြစ်သည်။ မိမိတို့သည် မြန်မာနိုင်ငံ နှင့်အတူ    သမ္မတရှီကျင့်ဖျင်၏   မြန်မာနိုင်ငံ   ခရီးစဉ်ရလဒ်များကို ဆက်လက် ဖော်ဆောင်၍ နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံများ  ကူးလူးဖလှယ်ခြင်းကို မြှင့်တင်သွားမည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊     ကမ္ဘာလုံးဆိုင်ရာ     လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ     လူသားယဉ်ကျေးမှုအစီအမံတို့ကို    ချိတ်ဆက် အကောင်အထည်ဖော်ဆောင်၍ တရုတ် - မြန်မာ အေးအတူပူအမျှ  အသိုက်အဝန်းကို တည်ဆောက်မှု လက်တွေ့ကျနက်ရှိုင်းလာစေရန်  တွန်းအားပေးသွားမည်ဖြစ်သည်။ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ “Belt and Road” နှင့် တရုတ် - မြန်မာစီးပွားရေးစင်္ကြံကို အရည် အသွေးမြင့် အတူတည်ဆောက်ပြီး ပိုမိုများပြားသည့် လက်တွေ့ကျ  ပူးပေါင်းဆောင်ရွက်မှုရလဒ်များဖြင့်    နှစ်နိုင်ငံပြည်သူများကို     ပိုမို အကျိုးပြုသွားလိုသည်။ မိမိတို့သည် မြန်မာနိုင်ငံက မိမိနိုင်ငံအခြေ အနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်း ခြင်းကို အားပေးပြီး  မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အား   ထောက်ခံပံ့ပိုးပေးရန်အတွက်  အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ တရုတ် - မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည်။   မိမိတို့သည်   ပြည်သူဗဟိုပြုသည့်   ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်ကို အမြဲတစေ လက်ကိုင်စွဲ၍ တရုတ် - မြန်မာ တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ ဆက်သွယ်ရေးလိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန် မှုများကို အတူတိုက်ဖျက်ပြီး နှစ်နိုင်ငံပြည်သူများ အသက်အိုးအိမ်  စည်းစိမ်ဥစ္စာဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည်။  မိမိတို့သည်  မြန်မာနိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင်နှင့် တရုတ် - အာဆီယံ စသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ သာယာလှပသောအိမ်ရာကြီး အတူတည်ဆောက် သွားလိုပါသည်။
နှစ်သစ်အစကာလတွင်   မြန်မာနိုင်ငံပြည်သူများ    ငြိမ်းချမ်းမှု၊ စည်ပင်ဝေပြောမှုနှင့် သာယာချမ်းမြေ့မှုများ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။         ။