အောင်မြေသာစံမြို့နယ်အတွင်း အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကာကွယ်ဆေးထိုးနှံပေး

 

မန္တလေး   ဇူလိုင်  ၂၈


မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်အတွင်းရှိ  ရပ်ကွက် ၁၉ ရပ်ကွက်မှ  အသက်  ၆၅ နှစ်နှင့်အထက်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းကို ဇူလိုင် ၂၇ ရက်က ပြည်ကြီးကျက်သရေ အနောက် ရွှေကျီးနား ဓမ္မာရုံ၌ ပြုလုပ်သည်။

 


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကျန်းမာရေးဌာန သူနာပြု ဆရာ ဆရာမများနှင့်  တာဝန်ရှိသူများက  ပြည်ကြီးကျက်သရေအနောက် ပြည်ကြီးကျက်သရေအရှေ့၊ သီရိမာလာအရှေ့၊  သီရိမာလာအနောက်၊ ပုလဲငွေရောင်ရပ်ကွက်များမှ အသက် ၆၅ နှစ်နှင့်အထက် တစ်ရပ်ကွက် ကို ၁၀ ဦး စုစုပေါင်း ၅၀ အား ထိုးနှံပေးသည်။ 
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်(၅) မှ စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လိုအပ်သည်များ ဆောင်ရွက်ပေးသည်။

 


အလားတူ အမရာဌာနီအရှေ့ရပ်ကွက် ဒေါ်ဖီဓမ္မာရုံ၊ ပြည်ကြီးရန်လုံ ရပ်ကွက်၊ ကိုးခန်းကြီးဓမ္မာရုံ၊ ဒေါနဘွားရပ်ကွက်မုန်တိုင်း ဓမ္မာရုံတို့၌ တစ်နေ့လျှင်  ၅၀   ဖြင့်     ဇူလိုင် ၂၅   ရက်မှစ၍    ထိုးပေးလျက် ရှိသည်။ ရပ်ကွက်အတွင်း    ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးကို   တစ်ဦးတစ်ယောက်မျှ   ကျန်ရစ်မှုမရှိအောင်  ထိုးနှံပေးမည်ဟု    သိရ သည်။

 


ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိအကြိမ်ကို ဩဂုတ်ပထမပတ်နှင့်ဒုတိယပတ်တို့တွင် သတ်မှတ်နေရာများ၌ ထိုးပေး မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။


ထွဏ်းလှအောင်
(မန္တလေး)