အောင်ဇမ္ဗူတောရဓမ္မရိပ်သာ ဆရာတော် ဦးဆောင်သော အောင်ဇမ္ဗူသာသနာပြုအဖွဲ့  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော် ဖေဖော်ဝါရီ ၂၈


အောင်ဇမ္ဗူတောရ   ဓမ္မရိပ်သာ ဆရာတော်   အဂ္ဂမဟာ   သဒ္ဓမ္မ ဇောတိကဓဇ    ဘဒ္ဒန္တပဏ္ဍဝံသ ဦးဆောင်သော     အောင်ဇမ္ဗူ သာသနာပြုအဖွဲ့သည်   မြန်မာ နိုင်ငံ   ငြိမ်းချမ်းသာယာဝပြော စေရန် ရည်ရွယ်၍ ယနေ့ညနေ ပိုင်းတွင်   ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ရှိ  ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ   ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက်   ဉာဏ် တော်အမြင့်ဆုံးဖြစ်သည့်     မာရ ဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား လာရောက်ဖူးမြော်ကြည်ညို ကြပြီး ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ခြင်း၊ ပရိတ်တရား တော်များ    ရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းများ  ဆောင်ရွက်ကြသည်။
ရှင်းလင်းပြောကြား
ဦးစွာ ဆရာတော်   ဦးဆောင် သော သံဃာတော်   ၁၁   ပါးနှင့် အမျိုးသား၊ အမျိုးသမီး၊ ယောဂီ ၁၀၀ ကျော်ပါဝင်သည့် အောင်ဇမ္ဗူ သာသနာပြုအဖွဲ့အား  ရှင်းလင်း ဆောင်၌   မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး   ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တည် ထားပူဇော်ခြင်းနှင့်   ထိန်းသိမ်း ခြင်းလုပ်ငန်းများတွင်       ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင် ပညာရှင်များက    မာရဝိဇယ ဘုရားကြီး   တည်ထားကိုးကွယ် ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွား တော်မြတ်ကြီးအား    လုပ်ငန်းစဉ်     အဆင့်ဆင့်ဖြင့်     အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊  လက်ရှိ ထိန်းသိမ်း   ဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု ၍     ကျောက်စာရုံစေတီတော် များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနား ကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး    မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင် ရန်    အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက်      အောင်ဇမ္ဗူ သာသနာပြုအဖွဲ့မှ အလှူရှင်များ က   မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအတွက် အလှူငွေကျပ် သိန်း  ၅၀  ကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က    လက်ခံရယူပြီး    ဂုဏ်ပြု မှတ်တမ်းလွှာများ     ပြန်လည် ပေးအပ်သည်။ 
ယင်းနောက်    မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်     မြတ်ကြီးအား အောင်ဇမ္ဗူဆရာတော်ကဆက်ကပ် လှူဒါန်းသည့်    ပန်းပူဇော်ပွဲကို  ဘုရားရင်ပြင်တော်၌   ကျင်းပရာ ဆရာတော်ဦးဆောင်သော သံဃာ တော်  ၁၁ ပါး၊  ပင့်သံဃာအပါး ၁၀၀၊  ပင့်သီလရှင်အပါး  ၁၀၀၊ ပြန်ကြားရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး   ဦးမောင်မောင် အုန်းနှင့်ဇနီး၊ အမျိုးသား၊ အမျိုး သမီး၊ ယောဂီ  ၁၀၀  ကျော်နှင့်  ဘုရားဖူးပြည်သူတို့က ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး  နမော တဿ၊      သရဏဂုံသုံးပါးနှင့် ဂုဏ်တော်ကိုးပါး      ရွတ်ဖတ်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား လက်ယာရစ်သုံးပတ် လှည့်လည်ပူဇော်ကြသည်။
ဆက်လက်၍     ဆရာတော် ဦးဆောင်သော သံဃာတော်  ၁၁ ပါးနှင့် ပင့်သံဃာအပါး ၁၀၀ တို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား    ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာများနှင့်အညီ     ဗုဒ္ဓါ ဘိသေက       အနေကဇာတင် လှူပူဇော်ကြပြီး ခန္ဓသုတ်ရွတ်ဖတ် ပူဇော်ကြသည်။
မေတ္တာပို့သအမျှပေးဝေ
ထို့နောက်     ဆရာတော် ဦးဆောင်သော သံဃာတော်  ၁၁ ပါး၊ ပင့်သံဃာအပါး ၁၀၀၊ ပင့်သီလ ရှင် အပါး ၁၀၀၊ အမျိုးသား၊ အမျိုး သမီး၊   ယောဂီ   ၁၀၀ ကျော်နှင့် ဘုရားဖူးပြည်သူတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်   မြတ်ကြီးအား တရုတ်နိုင်ငံမှ     မှာယူထားသည့် Tiger  လီလီပန်း၊  ပဲပန်း၊  ပန်း ချယ်ရီပန်း၊ကာနေရှင်းပန်း၊ နှင်းဆီ ပန်း၊ ဖယောင်းပန်း၊ ဘောလုံးပန်း၊ နှင်းချယ်ရီပန်းနှင့်     ကြယ်ပန်း စသည့်  ပန်းကိုးမျိုးတို့ဖြင့်   လှပ စွာ    ပေါင်းစပ်ဖန်တီးထားသည့် အကျယ်  ၆၈ ပေ၊  အနံ ရှစ်ပေ ရှိသည့်  Flower Wall ၊ သစ်သီး ကိုးမျိုးနှင့်   ဆီမီးတို့ကို  ဆက်ကပ် လှူဒါန်းပူဇော်ကြ၍  တရားဘာဝနာ ပွားများခြင်း၊       ဆုတောင်း မေတ္တာပို့သ၍   အမျှပေးဝေခြင်း တို့ကို ဆောင်ရွက်ကြသည်။ 
ယင်းနောက်     အောင်ဇမ္ဗူ သာသနာပြုအဖွဲ့မှ     ဒါယကာ ဒါယိကာမတို့က     ဆရာတော် ဦးဆောင်သော   ပင့်သံဃာတော် အပါး ၁၀၀  နှင့်  သီလရှင်အပါး ၁၀၀   တို့အား    ဝတ္ထုငွေများ လောင်းလှူကြသည်
ထို့နောက်     ဆရာတော် ဦးဆောင်သော     အောင်ဇမ္ဗူ သာသနာပြုအဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင် တော်ပတ်လည်၌ စကျင်ကျောက် များအသုံးပြု၍      အနုပညာ လက်ရာကွဲပြားစွာ တည်ဆောက် ထားသည့်   ဂန္ဓကုဋိတိုက်     ၂၄ ဆောင်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ ကျောက်စာရုံစေတီတော်     အဆူ ၇၂၀ ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန် တော်ကြီးတို့ကို   လေ့လာဖူးမြော် ကြသည်။              
      သတင်းစဉ်