အောက်တိုဘာ ၆ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇၁၇ ဦး တွေ့ရှိ

 

ထပ်မံသေဆုံးသူ ၄၁ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၇၉၉၈ ဦးရှိ

(၆-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်း များ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -  

l     တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း၊
l     နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊
l     လက်ကို မကြာခဏဆေးကြောခြင်း၊
l     တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ 
l     မိမိတို့ နေအိမ်တွင် အသက် (၆၅)နှစ်နှင့်အထက်  အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊
l     ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို  အထူးဂရုပြု  ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိရာ (၅-၁၀-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၆-၁၀-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၀,၃၉၀)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁,၇၁၇)ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၈.၄) ရာခိုင်နှုန်း ရှိပါသည်။


သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၄၃၁,၇၀၅)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၄၇၃,၀၂၅) ဦး ရှိပြီဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၂၉၂) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၂၆,၇၃၉)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး  ဖြစ်ပါသည်။  ကိုဗစ်-၁၉  ရောဂါဖြင့် ထပ်မံသေဆုံးသူ (၄၁)ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁၇,၉၉၈) ဦး ရှိပါသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၅-၁၀-၂၀၂၁) ရက်နေ့အထိ လူဦးရေစုစုပေါင်း (၈,၆၈၆,၉၁၃) ဦးအား ထိုးနှံပေးပြီးဖြစ်၍  ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၃,၉၄၉,၃၀၇) ဦးနှင့်  ပထမအကြိမ်ထိုးနှံပြီးစီးသူ (၄,၇၃၇,၆၀၆) ဦး ရှိပြီဖြစ်ပါသည်။


သို့ဖြစ်ပါ၍ (၅-၁၀-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၁၂,၆၃၆,၂၂၀) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။


ဓာတ်ခွဲခန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ
(၆-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ
ဓာတ်ခွဲဌာနအမည်    စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ စုစုပေါင်း    ပိုးတွေ့
လူနာသစ်
ကျန်းမာရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ    (၁,၇၈၅)ခု    (၂၈၈)ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ    (၈၄)ခု    (၁၉)ဦး
ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)    (၄၃၅)ခု    (၅)ဦး
နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)    (၁၈၁)ခု    (၃၅)ဦး
လားရှိုးမြို့၊ အမှတ် (၉) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)    (၁၆၃)ခု    (၂၁)ဦး
ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ    (၆၉၅)ခု    (၄)ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ    (၆၉၅)ခု    (၉၁)ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် 
ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင်  COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ    (၁၆,၃၅၂)ခု    (၁,၂၅၄)ဦး
စုစုပေါင်း    (၂၀,၃၉၀)ခု    (၁,၇၁၇)ဦး

    l     ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကိုတစ်ဦး အသိပေး ခြင်း/ သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။


    l    ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန