အောက်ဆီဂျင်ထုတ်စက်ရုံတစ်ရုံကို ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှာ တည်ဆောက်သွားမှာဖြစ်ပြီး သြဂုတ်လပထမပတ်မှာ စတင်ဆောက်လုပ်ဖို့ စီစဉ်လျက်ရှိပါတယ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းတို့အား တွေ့ဆုံမေးမြန်းထားပါသည်-

 

ဦးရဲနိုင်
ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ 
မေး။    လက်ရှိ    ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ 
    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအခြေအနေကို သိလိုပါတယ်။ 
ဖြေ။    ရှမ်းပြည်နယ်(အရှေ့ပိုင်း)   မြို့နယ်  ကိုး 
    မြို့နယ်မှာ ကိုဗစ်-၁၉  ရောဂါ ကာကွယ် ဆေး  Covishield  ကို ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ ၃၆၇၃၅ ဦးရှိပါတယ်။ ဒါ့အပြင် Sinopharm   ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပြီးသူ ၁၉၇၃ ဦးရှိပြီး ဒုတိယအကြိမ် ထိုးနှံပေးနိုင်ရေး ဆောင်ရွက် လျက်ရှိပါတယ်။    ရှမ်းအရှေ့အတွက်    Sinopharm ကာကွယ်ဆေး ၂၂၀၀၀ ကျော် ရရှိရေးအတွက်  စီစဉ် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။
မေး။    ယခုလက်ရှိ   ရှမ်းအရှေ့မှာ  ကိုဗစ်-၁၉ 
    ရောဂါအတည်ပြုလူနာ ဘယ်လောက် ရှိနေပြီလဲ။ 

 


ဖြေ။    တတိယလှိုင်းအချိန်ကစလို့   ဇူလိုင်လ 
    ၂၄  ရက်အထိ  ကျိုင်းတုံခရိုင်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၁၃ ဦး၊ မိုင်းဆတ် ခရိုင်မှာ ၄၈ ဦး၊ တာချီလိတ်ခရိုင်မှာ ၉၃၅ ဦး စုစု ပေါင်း ၁၁၉၆ ဦးရှိပါတယ်။ ဒီနေ့အထိ ဆေးရုံအသီး သီးကနေ ဆင်းခွင့်ရရှိသူ ၅၀၀၊ ကုသဆဲ ၆၉၃ ဦး ရှိရာမှာ နှစ်ဦးကတော့ ထိုင်းနိုင်ငံသူဖြစ်တဲ့အတွက် ထိုင်းနိုင်ငံကို    ပြန်လည်လွှဲပြောင်းပေးပြီး   ဖြစ်ပါ တယ်။ သေဆုံးသူသုံးဦးရှိပါတယ်။
မေး။    ရောဂါပိုးရှိသူတွေ၊  ထိတွေ့မှုရှိတဲ့သူတွေ 
    ကို ဘယ်လိုထားရှိကုသဖို့  စီမံဆောင် ရွက်ထားပါသလဲ။ 
ဖြေ။    ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ ကုသရေး 
    စင်တာ ၁၀ ခုရှိပြီး အတည်ပြုလူနာထား ရှိဖို့ Center ၁၃ ခု၊ Quarantine Center ၁၈ ခု ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ဒေသတွင်းကူးစက် မှုအများဆုံးက တာချီလိတ်မြို့နယ်ဖြစ်ပြီး ကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်တဲ့နေရာမှာလည်း ဒေသ ပြင်ပမှ ဝင်ရောက်လာသူတွေကို မိုင်းပျဉ်း၊ မိုင်းတုံ ကျန်းမာရေးစစ်ရေးဂိတ်တွေမှာ စစ်ဆေးဆောင် ရွက်လျက်ရှိပါတယ်။ မိုင်းပျဉ်းမြို့မှာ အတည်ပြု လူနာတွေထားရှိနိုင်တဲ့ အရေအတွက်ထက် ကျော် လွန်လာတဲ့အတွက်   မိုင်းပျဉ်းမြို့မှာ ကျန်းမာရေး မစစ်ဆေးခဲ့ရတဲ့သူတွေကို      ကျိုင်းတုံမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ထပ်မံစစ်ဆေးဆောင်ရွက်ပေး လျက်ရှိပါတယ်။  ဒါ့အပြင် တာချီလိတ်မြို့မှာ ဇူလိုင်လ ၁၂ ရက် ညကစတင်ပြီး stay at home သတ်မှတ် ကြေညာလိုက်တဲ့အတွက် ကာကွယ်ထိန်းချုပ်ရေး  လုပ်ငန်းတွေကို     ကော်မတီအဆင့်ဆင့်ကနေ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။

 


မေး။    အောက်ဆီဂျင်ရရှိရေးနဲ့   ပတ်သက်ပြီး 
    ဘယ်လို စီမံထားပါသလဲ။ 
ဖြေ။    လက်ရှိအနေအထားအရ    ကိုဗစ်-၁၉ 
    အတည်ပြုလူနာတွေကို ဆေးကုသမှုပေး နေတဲ့နေရာမှာ အောက်ဆီဂျင်အရေးပေါ်လိုအပ်တဲ့ လူနာတွေမရှိသေးပါဘူး။  ဒေသတွင်းမှာ  လိုအပ်လာ နိုင်တဲ့ အောက်ဆီဂျင်တွေကို ဖြည့်ဆည်းဖို့ ရှမ်းပြည် နယ်(အရှေ့ပိုင်း)    ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအနေနဲ့ ဌာနဆိုင်ရာ တွေ၊ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေရဲ့ လှူဒါန်း ပါဝင်မှုနဲ့   Oxygen   Plant    တစ်ခု    ကျိုင်းတုံမှာ တည်ဆောက်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အခု ဆိုရင် ငွေကျပ်သိန်း ၁၉၀၀ ကျော်ရရှိပြီး  ဖြစ်ပါတယ်။ အောက်ဆီဂျင်ထုတ်စက်ရုံကို    ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးမှာ      တည်ဆောက်သွားမှာဖြစ်ပြီး သြဂုတ်လပထမပတ်မှာ   စတင်ဆောက်လုပ်ဖို့ စီစဉ်လျက်ရှိပါတယ်။   အခုလက်ရှိ   အောက်ဆီဂျင်  လိုအပ်ချက်မရှိသေးပေမယ့်   ရောဂါကူးစက်မှုနှုန်း မြင့်မားမှုနဲ့    ပြင်းထန်မှုအပေါ်       မူတည်ပြီး လိုအပ်လာခဲ့ရင်     ဖြည့်ဆည်းပေးနိုင်ဖို့    ဖြစ်ပါ တယ်။

 


မေး။     ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  
    ဘယ်လိုစီမံဆောင်ရွက်နေပါသလဲ။
ဖြေ။    မြို့နယ်တွေအလိုက် ကျန်းမာရေးစစ်ဆေး 
    ပေးနေတာ၊   ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုတွေ၊     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက     လမ်းညွှန်ထားတဲ့ စည်းကမ်းတွေလိုက်နာရေး    အသံချဲ့စက်နဲ့အသိ ပညာပေးတာတွေကို ပြည်သူတွေ ကျယ်ကျယ်ပြန့် ပြန့်သိရှိလိုက်နာဖို့  ဌာန၊ ပရဟိတအဖွဲ့အစည်း၊ မြို့မိမြို့ဖတွေနဲ့ အဆက်မပြတ် ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။
ဒေါက်တာလှဌေးမင်း 
ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး   
မေး။    ကိုဗစ် အတည်ပြုလူနာတွေကို ကုသဖို့ 
    ဘယ်လို   စီမံဆောင်ရွက်ပေးနေတယ် ဆိုတာ သိပါရစေခင်ဗျာ။

 


ဖြေ။    လက်ရှိဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါ ကုသ 
    ဆောင်မှာ       ဆရာဝန်တစ်ဦးနဲ့အတူ သူနာပြုတွေက     ဆေးကုသမှုပေးနေပါတယ်။   အတည်ပြုလူနာများလာရင်တော့     ဆရာဝန်နဲ့ သူနာပြုအင်အား  ထပ်မံဖြည့်တင်းနိုင်ရေး   စီစဉ် ဆောင်ရွက်ထားပြီးလည်း ဖြစ်ပါတယ်။ 
မေး။    ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်တယ်ဆိုရင် 
    ဘယ်လို ဆက်သွယ်ဆောင်ရွက်သင့်တယ် ဆိုတာကိုလည်း သိရှိလိုပါတယ်ခင်ဗျ။
ဖြေ။    မိမိကိုယ်ကို   သံသယရှိပြီး   ကိုဗစ်-၁၉ 
    ရောဂါပိုးရှိ၊ မရှိ စစ်ဆေးလိုတယ်ဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနတွေ၊ အုပ်ချုပ်ရေးရုံးတွေ၊ ကိုဗစ်-၁၉  Call  Center  တွေကို ဆက်သွယ်ပြီး ကျန်းမာရေးစစ်ဆေးနိုင်ဖို့ ဆက်သွယ်ဆောင်ရွက် နိုင်ပါတယ်။ 

 


မေး။    ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ 
    ဘယ်နှဦးလောက်    လက်ခံကုသပေး နိုင်ပါသလဲ၊      အကယ်၍များ   လူနာတွေများလာခဲ့ရင် ဘယ်လိုကြိုတင်ပြင်ဆင်ထားပါသလဲ။  
ဖြေ။    ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှာ အတည် 
    ပြုလူနာ  ၅၀ ကျော် လက်ခံကုသပေးနိုင် ပြီး  ၅၀  ထက်  ကျော်လွန်လာခဲ့ရင်  လူနာတွေကို  လက်ခံကုသ     စောင့်ရှောက်ပေးနိုင်ဖို့အတွက်   ပြည်နယ်၊   ခရိုင်    ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီတွေနဲ့ ညှိနှိုင်းစီစဉ်  ထားပါတယ်။  ဒီလိုစီစဉ်ရာမှာ    ကျိုင်းတုံသူနာပြု သင်တန်းကျောင်းမှာ အတည်ပြုလူနာ ၇၀  ထားရှိ နိုင်ရေးကို  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။

 


မေး။    မြို့ဝင်ဂိတ်တွေမှာ      ဘယ်လိုကြိုတင် 
    ကာကွယ်    စစ်ဆေးဆောင်ရွက်နေပါ သလဲ။ 
ဖြေ။    မြို့အဝင်ဂိတ်တွေမှာ      ကျန်းမာရေး ဝန်ထမ်းတွေက   သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး  ယာဉ်မောင်းတွေ၊   ခရီးသည်တွေကို ကိုဗစ်-၁၉  ရောဂါ      ကူးစက်ခံထားရမှု ရှိ၊ မရှိ စစ်ဆေးပေးပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ခဲ့ရင် ပြည်သူ့ဆေးရုံတွေနဲ့ သတ်မှတ်နေရာတွေမှာ ဆေးကုသပေးပြီးတော့ သူတို့နဲ့ ထိတွေ့ဆက်စပ်ခဲ့ သူတွေကိုလည်း Quarantine ထားရှိ စောင့်ကြည့် စစ်ဆေးပေးပါတယ်။ 
မေး။    ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရအောင် 
    ဘယ်လိုပြုမူ နေထိုင်သင့်တယ်ဆိုတာ လေး ရှင်းပြပေးပါ။  
ဖြေ။    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန


    ရဲ့  လမ်းညွှန်ချက်တွေနဲ့အညီ  စနစ်တကျ နေထိုင်ပြီး   အာဟာရပြည့်အောင်   အစားအစာ စားသုံးတာ၊  အိပ်ရေးဝအောင်အိပ်တာ၊ ရေများ များသောက်တာ၊ မဖြစ်မနေ နေအိမ်ပြင်ပသွားလာ ရရင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်တာ၊ Face Shield တပ်ဆင်တာ၊ လူစုလူဝေးရှောင်ကြဉ် တာ၊ တတ်နိုင်သမျှ မိမိအိမ်မှာပဲနေတာ၊ လက်ကို မကြာခဏ စနစ်တကျဆေးကြောတာ၊ လေဝင်လေ ထွက် မကောင်းတဲ့ အခန်းတွေကို သွားရောက်ခြင်း ရှောင်ကြဉ်တာ စတဲ့ ရောဂါကာကွယ်ရေး နည်းလမ်း တွေအတိုင်း နေထိုင်သင့်ပါတယ်။ ဒါ့အပြင် အချင်း ချင်း     အသိပေးတာတွေ၊   သတိပေးတာတွေကို ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။