အောက်ဆီဂျင်အပါအဝင် ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို  မော်တော်ယာဉ် ၁၃ စီးဖြင့်  မြဝတီနယ်စပ်မှတစ်ဆင့် တင်သွင်း

 

မြဝတီ   ဇူလိုင်   ၁၈ 


ကိုဗစ်၁၉  ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန် အတွက်          အောက်ဆီဂျင် အပါအဝင်  ကိုဗစ်-၁၉ အထောက် အကူပြုဆေးနှင့်ပစ္စည်းများ    တင်  သွင်းမှုကို            မြဝတီနယ်စပ်မှ  တစ်ဆင့်       တင်သွင်းခွင့်ပြုပေး လျက်ရှိရာ       ဇူလိုင် ၁၇  ရက် က     အောက်ဆီဂျင်အပါအဝင်  ကိုဗစ်-၁၉  ရောဂါ     အထောက် အကူပြုပစ္စည်းများကို  မော်တော် ယာဉ် ၁၃  စီးဖြင့်         မြဝတီ နယ်စပ် မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေး   တံတားမှတစ်ဆင့်  တင်သွင်းခဲ့သည်။        Liquid Oxygen  အရည်များ၊     Oxygen Cylinder  အိုးများ၊   Oxygen Concentrator များ၊  ရောဂါ ကာကွယ်ရေး     ဝတ်စုံများနှင့်  ပါးစပ်၊   နှာခေါင်းစည်းများအား  မော်တော်ယာဉ်   ၁၃    စီးဖြင့်  တင်သွင်းခဲ့ခြင်းဖြစ်ပြီး  သက်ဆိုင် ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ သို့       ဆက်လက်ထွက်ခွာသွား ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉  ကာကွယ် ရေး  အထောက်အကူပြုပစ္စည်း များ    အချိန်ကြန့်ကြာမှုမရှိဘဲ  ပြည်သူများ   လက်ဝယ်လွယ်ကူ လျင်မြန်စွာ     ရောက်ရှိစေရေး အတွက်     ကုန်သွယ်ရေးဦးစီး ဌာန၊    မြဝတီကုန်သွယ်ရေးဇုန်က ပူးပေါင်း     ဆောင်ရွက်ပေးခဲ့ ကြောင်း၊    လတ်တလော ကိုဗစ်-၁၉ ကုသရေးတွင်     လိုအပ်လျက် ရှိသည့် Oxygen Concentrator  များ တင်သွင်းမှုအတွက်      FDA  ထောက်ခံချက်နှင့်    သွင်းကုန် လိုင်စင်လျှောက်ထားရန်       မလို အပ်သည့်အပြင်     အကောက်ခွန်  ၃  ရာခိုင်နှုန်း    အတွက်လည်း  လက်ငင်းပေးဆောင်ရန်     မလို ဘဲ        ကြိုတင်  ထုတ်ယူနိုင်ရန်  ဖြေလျှော့     ခွင့်ပြုထားကြောင်း    မြဝတီကုန်သွယ်ရေဇုန်မှ    သိရ သည်။         
    

ထိန်လင်းအောင်