
နေပြည်တော် ဩဂုတ် ၂၂
တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုး များ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာ များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာ ရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည် နယ်(တောင်ပိုင်း) နမ့်စန်မြို့ရှိ အောက်ဆီဂျင်စက်ရုံ အတွက် လိုအပ်နေသော အောက်ဆီဂျင်အိုး(အလွတ်) ၃၅ လုံးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် မြောင်းမြမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၄၇ လုံးကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီ ဂျင်အိုး ၁၀၅ လုံးကို လည်းကောင်း တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံတပ်မတော်သား၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ခရိုင် ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံ စတင်ဖွင့် လှစ်ထုတ်လုပ်နေမှုကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ စက်ရုံမှ ထုတ်လုပ်သည့်ပိုလျှံသော အောက်ဆီဂျင် အိုးများကို ဝေးလံခေါင်ဖျားဒေသဖြစ်သည့် နာဂ တောင်တန်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများထံသို့ ဆက်လက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်