အောက်ဆီဂျင်အိုးများနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေလှူဒါန်း

နေပြည်တော်   ဩဂုတ်    ၂၁


တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊    ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့်    အာဟာရဖြည့် စားသောက်ဖွယ်ရာများကို  တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊  တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်း လျက်ရှိသည်။
ထိုသို့   လှူဒါန်းလျက်ရှိရာ ယနေ့တွင်  ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့ရှိ ပရဟိတအသင်း များသို့ အောက်ဆီဂျင်အိုး ၂၈ လုံး ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး  မုံရွာမြို့ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့်   အောက်ဆီဂျင်အိုး ၁၀၅ လုံးကိုလည်းကောင်း၊ တိုင်းစစ် ဌာနချုပ်အသီးသီးမှ နယ်မြေခံ တပ်မတော်သား၊     ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  လူမှုကူညီရေး အဖွဲ့အစည်းများက  သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အလားတူ     ဧရာဝတီတိုင်း ဒေသကြီးအတွင်း    ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊   ထိန်းချုပ်၊ ကုသရေး        လုပ်ငန်းများတွင် အထောက်အကူပြုစေရန်အတွက် စေတနာရှင်    အလှူရှင်များက Oxygen  Concentrator ၁၃ လုံး၊ အောက်ဆီဂျင်အိုး ၃၀ နှင့် အလှူ ငွေကျပ်   ၅၂၉ သိန်းကျော်တို့ကို လည်းကောင်း၊    ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ   တိုက်နယ် ပြည်သူ့ဆေးရုံများသို့ အောင်သပြေ ကုမ္ပဏီမိသားစုမှ လှူဒါန်းသည့် ပန်းတနော်မြို့နယ်ရှိ အောက်ဆီ ဂျင်စက်ရုံမှ   အောက်ဆီဂျင်အိုး ၁၂   လုံးနှင့်   ဆက်စပ်ပစ္စည်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးရုံ တက် လူနာများအတွက် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများကို လည်းကောင်း ပေးအပ်လှူဒါန်းကြ ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့်   တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။
ထို့ပြင်   ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး (၉) ထပ်တိုးချဲ့ဆောင်   ဆောက် လုပ်နေမှုနှင့်       အောင်သပြေ ကုမ္ပဏီမိသားစုက  လှူဒါန်းသည့် ပန်းတနော်မြို့နယ်ရှိ အောက်ဆီ ဂျင်စက်ရုံ စတင်ဖွင့်လှစ်လည်ပတ် နေမှုကိုလည်းကောင်း၊   မန္တလေး တိုင်းဒေသကြီး     မိတ္ထီလာခရိုင် သာစည်မြို့ အမှတ်(၁)သီရိမင်္ဂလာ ရပ်ကွက်    ကြာကန်ဘုန်းကြီး ကျောင်းတွင်    Oxygen   Plant အသစ်တည်ဆောက်မည့် နေရာ ကိုလည်းကောင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့မှ ဝန်ကြီး ချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီး သီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက   သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ   ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။                      

သတင်းစဉ်