အဓိကလုပ်ငန်းတာဝန်ကြီး (၃)ရပ်ကို နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ရေးလုပ်ငန်းကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိ

နေပြည်တော်   ဖေဖော်ဝါရီ   ၁


လူဝင်မှုကြီးကြပ်ရေးနှင့်      ပြည်သူ့အင်အား ဝန်ကြီးဌာန၊     လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားသင်တန်းကျောင်း၊ အမှုထမ်းအဆင့် ဘာသာ ရပ်ဆိုင်ရာ   အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို   ယနေ့နံနက်  ၁၀   နာရီခွဲတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။


တက်ရောက်


 အခမ်းအနားသို့    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်  တာဝန်ရှိသူ များ၊   သင်တန်းနည်းပြများနှင့်   သင်တန်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီးက   ယခု သင်တန်းသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားသင်တန်းကျောင်းတွင်   တတိယအကြိမ် အဖြစ်ဖွင့်လှစ်သည့်  အမှုထမ်းအဆင့်  ဘာသာရပ် ဆိုင်ရာ သင်တန်းဖြစ်ပါကြောင်း၊  မိမိတို့ဝန်ကြီးဌာန အနေဖြင့်    အဓိကလုပ်ငန်းတာဝန်ကြီး  (၃)    ရပ် ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊  အမျိုးသား မှတ်ပုံတင်ရေးနှင့်    နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊  ပြည်သူ့အင်အားစာရင်း  ကောက်ယူထိန်းသိမ်းရေး လုပ်ငန်းတို့ကို နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်  ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် e-ID  စနစ်  လုပ်ငန်း  အကောင်အထည်ဖော်ရေး           လုပ်ငန်းကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်း တာဝန်များသည်   ပြည်သူနှင့်   တိုက်ရိုက်ထိတွေ့ ဆက်ဆံဆောင်ရွက်ရသည့်      လုပ်ငန်းများဖြစ်ပြီး သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊  လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။


ပြောကြား


ယခုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် မှာ ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ သိရှိနားလည် ကျွမ်းကျင်ပိုင်နိုင်စေရန်၊ ဌာန၏လုပ်ငန်းစဉ်များကို  သိရှိနားလည်ပြီး     ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်း​ဆောင်နိုင်စေရန်၊ ဝန်ထမ်းကျင့်ဝတ် နှင့် စည်းမျဉ်း၊ စည်းကမ်းများကို သိရှိလိုက်နာကျင့်သုံး နိုင်ရန်၊ ဝန်ထမ်းအချင်းချင်း  စည်းလုံးညီညွတ်စွာ  ဆောင်ရွက်တတ်စေရန်နှင့် ပြည်သူအပေါ် ယဉ်ကျေး ပျူငှာစွာဆက်ဆံ၍ ဝန်ဆောင်မှုပေးနိုင်ရန်  စသည့် ရည်ရွယ်ချက်များဖြင့်    ဖွင့်လှစ်သင်ကြားပို့ချခြင်း ဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပို့ချချက်များကို ဂရုတစိုက်လေ့လာ မှတ်သားကြရန်နှင့်  လက်တွေ့ နယ်ပယ်တွင် ပြန်လည်အသုံးချကာ ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် လည်း မှာကြားလိုကြောင်း ပြောကြားသည်။   


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်း သားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သင်တန်းသား အိပ်ဆောင်နှင့် စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှု  စစ်ဆေးသည်။ အဆိုပါ  သင်တန်းသို့ နေပြည်တော်ရှိ  ဝန်ကြီးရုံးနှင့်    ဦးစီးဌာနများ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ အမှုထမ်းအဆင့် သင်တန်း သူ ၆၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် လေးပတ်  ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်