
ရန်ကုန် ဇူလိုင် ၂၉
အမျိုးသားရေး တက်ကြွလှုပ်ရှား သူများစုပေါင်း၍ အစွန်းရောက် အကြမ်းဖက်သမားများ၏ ယုတ်မာ ကောက်ကျစ်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် အကြမ်းဖက် လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချ ကြောင်း တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ရှင်းလင်းထုတ် ဖော်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့တွင် ပြုလုပ်ခဲ့သည်။
သံပြိုင်ကြွေးကြော်
ရှေးဦးစွာ တက်ရောက်လာ ကြသည့် အမျိုးသားရေးတက်ကြွ လှုပ်ရှားသူများက နိုင်ငံတော် သီချင်းကို သံပြိုင်ရွတ်ဆိုကာ ထောက်ခံပွဲကို ဖွင့်လှစ်ခဲ့ပြီး အကြမ်းဖက် အစွန်းရောက် လုပ်ရပ်များ (အလိုမရှိ)၊ အပြစ်မဲ့ သံဃာနှင့် ပြည်သူများအပေါ် ယုတ်မာ ကောက်ကျစ်မှုများ (အလိုမရှိ)၊ နိုင်ငံတော်ထိခိုက်မည့် အကြမ်းဖက်လုပ်ရပ် မှန်သမျှ (ဆန့်ကျင်ကြ)၊ အကြမ်းဖက် သမားများနှင့် အကြမ်းဖက် အားပေး ထောက်ခံသူများ (ဆန့်ကျင်ကြ)၊ နိုင်ငံတော်အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည် ဆောင်ရွက်နေသည့် ပြည်ပ အားကိုး ဒေါ်လာစား ပြည်ဖျက် လောက်ကောင်များအား (ဆန့်ကျင် ကြ)ဟူသော ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြသည်။
ရှင်းလင်းဟောပြော
ထို့နောက် အစွန်းရောက် အကြမ်းဖက်သမားများ၏ ယုတ်မာ ကောက်ကျစ်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများ၊ အကြမ်းဖက် လုပ်ရပ်များနှင့် ပတ်သက် ၍ ရှင်းလင်းဟောပြောခြင်း ကို ဆက်လက်ဆောင်ရွက်ခဲ့ သည်။
ဆန့်ကျင်ရှုတ်ချ
ယင်းနောက် တက်ရောက် လာကြသည့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက ကြွေး ကြော်သံများကို သံပြိုင်ကြွေး ကြော်ခဲ့ကြပြီး အစွန်းရောက် အကြမ်းဖက်သမားများ၏ ယုတ်မာ ကောက်ကျစ်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် အကြမ်းဖက် လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချ ကြောင်း တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ရှင်းလင်း ထုတ်ဖော်ပွဲကို ရပ်နားခဲ့သည်။
သတင်းစဉ်