
ဘားအံ ဇန်နဝါရီ ၁၈
ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ၍ တစ်ဦးချင်းဝင်ငွေများ ပိုမို မြင့်မားလာစေရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက် တန်းကျောင်း (ဘားအံ) ၌ သက်မွေးပညာရပ် ကာလတိုသင်တန်းများ (၁/၂၀၂၂) ဖွင့်ပွဲကို ဇန်နဝါရီ ၁၇ ရက်က အဆိုပါကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အကျိုးကျေးဇူးများ ရရှိနိုင်
သင်တန်းဖွင့်ပွဲတွင် ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့် ဦးက ယနေ့ခေတ်တွင် နည်းပညာ နှင့် သက်မွေးပညာရပ်များသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာနေပြီ ဖြစ်ကြောင်း၊ ကာလတို သင်တန်းများမှတစ်ဆင့် ဒေသတွင်း ကျွမ်းကျင်လုပ်သား ရှားပါးမှုကို ဖြေရှင်းပေးနိုင်ပြီး စီးပွားရေးဈေးကွက်ဖော်ဆောင်မှု ကို တိုးတက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ သက်မွေးပညာရပ် များကို သင်ယူနိုင်မှု ပိုမိုများပြား လာပြီး လုပ်ငန်းကျွမ်းကျင်လာ သည်နှင့်အမျှ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းငယ် များကို ဖော်ဆောင်ခြင်းဖြင့် မြို့ပြ၊ ကျေးလက် ကွာဟမှုနည်းပါးကာ စီးပွားရေးနှင့် လူနေမှုအဆင့် အတန်းမြင့်တက်လာသည့် အကျိုး ကျေးဇူးများကို ရရှိနိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ) ၏ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ နန်းမိုးမိုးကြည် က အသက်မွေး ဝမ်းကျောင်းများ ဆိုင်ရာ ကာလတိုသင်တန်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။
ယနေ့ဖွင့်လှစ်သည့် သင်တန်း များကို ကရင်ပြည်နယ် ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ နှင့် ပညာရေးနှင့် အသက်မွေး ဝမ်းကျောင်းပညာ လုပ်ငန်း ကော်မတီတို့ကကြီးမှူး၍ ပြည်နယ် အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ)တို့က ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံ ကွန်ပျူတာသင်တန်း တွင် သင်တန်းသား သင်တန်းသူ ၂၅ ဦး၊ အမျိုးသား ဆံပင်ညှပ် သင်တန်းတွင် သင်တန်းသား ၂၀၊ အခြေခံ စက်ချုပ်သင်တန်းတွင် သင်တန်းသူ ၂၀ တက်ရောက် လျက်ရှိကာ သင်တန်းကြေးအခမဲ့ တစ်လသင်တန်းဖြစ်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကာလတိုသင်တန်းများ သင်ကြား သင်ယူနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေး ကြသည်။ (အပေါ်ပုံ)
ကုန်သေတ္တာစခန်း
တည်ဆောက်လို
ကရင်ပြည်နယ် ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် မြဝတီ မြို့တွင် နိုင်ငံတကာအဆင့်မီ ထောက်ပံ့ သယ်ယူပို့ဆောင်ရေး စခန်းနှင့် ကုန်သေတ္တာသိုလှောင် စခန်း တည်ဆောက်လုပ်ကိုင်လို သည့် EVER FLOW RIVER GROUP PUBLIC CO.,Ltd အား ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရ အဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဦးက အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း များအား နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ကိုင် ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး ဥက္ကဋ္ဌ ဦးကျော်လွင်ဦး က မြဝတီမြို့တွင် တည်ဆောက် အကောင်အထည်ဖော်မည့် Logi-stic Infrastructure လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက လိုအပ်သည်များ ဆွေးနွေးပြောကြားပြီး သက်ဆိုင် ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)