
နေပြည်တော် နိုဝင်ဘာ ၁
“အစီအစဉ်ထုတ်လွှင့်မှုနည်းဗျူဟာနှင့် Online မှ တိုက်ရိုက် ထုတ်လွှင့်မှုနည်းပညာ” အလုပ်ရုံ ဆွေးနွေးပွဲ (Workshop on Streaming Technologies and Content Strategy) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုး မြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီး အကဲများ၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်း မောင် (မြင်းမူမောင်နိုင်မိုး)နှင့် မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်း (MBA)မှ တာဝန်ရှိသူများ ၊ အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်/သံလွှင့် အဖွဲ့အစည်း (Asia-Pacific Institute for Broadcasting Development- AIBD) Workshop Consultant Mr. Abhilash Nagabhushana နှင့် Program Manager Mr. Syed Nabeel Hassan Tirmazi ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရုပ်သံလွှင့် အဖွဲ့အစည်းများမှ လက်တွေ့ လုပ်ငန်းဆောင်ရွက်နေ သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက စီစဉ်ထုတ်လုပ် သည့် “တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်မှုအန္တရာယ်” ဗီဒီယို Clip ကို ဖွင့်လှစ်ပြသသည်။
အမှာစကားပြောကြား
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာတွင် လက်ရှိ မီဒီယာအခင်းအကျင်း သည် streaming နည်းပညာ ပေါ်ထွန်းလာမှုနှင့်အတူ သိသာ ထင်ရှားသည့် အပြောင်းအလဲ တစ်ခုကို မြင်တွေ့နေရပါကြောင်း၊ လျင်မြန်သည့် နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှင့် မိမိတို့ပြောစမှတ် ပြုနေကြသော 4.0 စက်မှု တော်လှန်ရေးကြောင့် သမားရိုးကျ ရုပ်/သံထုတ်လွှင့်မှု ပလက်ဖောင်း များကို Streaming Platform များ က စိန်ခေါ်လျက်ရှိပါကြောင်း၊ ယနေ့အချိန်တွင် Netflix ၊ Hulu ၊ YouTube ၊ Amazon Prime ၊ Google Play နှင့် အခြား များစွာသော Streaming Service များကို ကြည့်ရှုနေကြပါကြောင်း။
Media Industry သည် Content များကို ကောင်းမွန် မြန်ဆန်သော နည်းလမ်းများ နှင့် ပရိသတ်ထံသို့ ထုတ်လွှင့်ပံ့ပိုး ပေးနိုင်ရန် နောက်ဆုံးပေါ် ခေတ်မီ နည်းပညာများနှင့်အတူ Media Industry ကို ဆက်လက်လုပ် ဆောင်ပြီး အရွေ့တစ်ခုသို့ သွားရန် လိုအပ်လာပါကြောင်း၊ ကြည့်ရှု/နားဆင်သူ ပရိသတ်များသည် သမားရိုးကျ မီဒီယာထက် အင်တာနက် (online) မှတစ်ဆင့် သုံးစွဲမှု ပိုမိုများပြားလာသည့် အတွက် Streaming Technology ၊ Streaming ဆိုင်ရာ ငွေကြေး မူဝါဒများ၊ Streaming ကို ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်မှု၊ ကြည့်ရှုနေသူပရိသတ်နှင့် အပြန် အလှန်ထိတွေ့တုံ့ပြန်မှု အတွေ့ အကြုံများ၊ ပရိသတ်ထံ Streaming Content ဖြန့်ချိမှု စသည့် လုပ်ငန်းစဉ်များကို ရုပ်/သံထုတ် လွှင့်သူများနှင့် Content ဖန်တီး သူများအနေဖြင့် ပိုမိုသဘော ပေါက်နားလည်ရန် အလွန် အရေးကြီးပါကြောင်း။
လက်ရှိ အခြေအနေတွင် ပြန်ကြားရေးဝန်ကြီးဌာန အပါ အဝင် မီဒီယာအဖွဲ့အစည်း အများစု အနေဖြင့်လည်း Streaming ဘက် သို့ ကူးပြောင်းဆောင်ရွက်နေကြ ပါကြောင်း၊ ထို့အတူ MRTV အနေ ဖြင့်လည်း TV နှင့် Radio ကဲ့သို့ သော သမားရိုးကျမီဒီယာ သာမက website, MRTV App, Telegram, Tiktok, instagram နဲ့ facebook စသည့် မီဒီယာ အသစ်/ အွန်လိုင်းပလက်ဖောင်း များမှလည်း ထုတ်လွှင့်လျက်ရှိပါ ကြောင်း၊ ယခုထက် ပိုမိုကောင်းမွန် သည့် နားလည်သဘောပေါက်မှု များ၊ ကျွမ်းကျင်မှုများနှင့် နိုင်ငံ တကာ အဆင့်မီအောင် Streaming နည်းပညာကို တတ်နိုင်သမျှ မြှင့်တင်ကြရန် လိုအပ်ပါကြောင်း။
ထို့ကြောင့် သမားရိုးကျ မီဒီယာဖြင့် ထုတ်လွှင့်မှုနှင့် Streaming နှင့် ထုတ်လွှင့်မှုများ အကြား အဓိကကွာခြားချက်များ၊ Streaming နည်းပညာကို လိုက်လျောညီထွေ ပြောင်းလဲ ထုတ်လွှင့်မှု၏ အားသာချက်များ နှင့် စိန်ခေါ်မှုများ၊ Streaming အတွက် ငွေကြေးမူဝါဒ မဟာ ဗျူဟာများ၊ Streaming ကို ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်မှုနှင့် ထုတ်လုပ်မှု၊ Streaming Content မဟာဗျူဟာနှင့် ဖြန့်ချိခြင်း၊ သမားရိုးကျ ရုပ်/သံထုတ်လွှင့်မှု မှ Streaming သို့ ကူးပြောင်းမှု ဥပမာကောင်းများကို မီးမောင်း ထိုးပြမှုများ စသည်ဖြင့် Streaming သို့ ကူးပြောင်းရာတွင် မရှိမဖြစ် လိုအပ်သည့် mechanism များကို လေ့လာသင်ယူကြရန် ကျင်းပနေ ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် AIBD Program Manager Mr. Syed Nabeel Hassan Tirmazi က မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားက ကြီးမှူးကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပူးပေါင်းပါဝင် ခွင့်ရသည့်အတွက် AIBD ကိုယ်စား အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ မြန်မာ့မီဒီယာလောက တွင် သိသာထင်ရှားသည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ် လာမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာ့မီဒီယာလောက ပိုမိုတိုးတက် လာစေရန် AIBD အနေဖြင့် လိုအပ်သလို ပါဝင်ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ AIBD မှ Workshop Consultant Mr. Abhilash Nagabhushana က နှုတ်ခွန်းဆက်စကား ပြောကြား သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက AIBD မှ Workshop Consultant နှင့် Program Manager တို့အား MRTV အထိမ်း အမှတ် Logo နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ် ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ဆွေးနွေးပို့ချ
အဆိုပါ ဆွေးနွေးပွဲ၌ လက်ရှိ မီဒီယာအခင်းအကျင်းတွင် သမား ရိုးကျမီဒီယာမှ မီဒီယာအသစ် Streaming Platform သို့ ကူးပြောင်းရာ၌ မီဒီယာလောက သားများအတွက် လက်တွေ့ကျ သော အသိပညာနှင့် ကျွမ်းကျင် မှုများကို မြှင့်တင်ပြီး “Streaming Technology” ၏ အဓိပ္ပာယ်၊ မျက်မှောက် မီဒီယာမြင်ကွင်းတွင် ၎င်း၏ အရေးပါမှု၊ သမားရိုးကျ ထုတ်လွှင့်မှုနှင့် (Internet ကို အခြေခံသည့်) Streaming တို့၏ အဓိကကွာခြားချက်များ၊ သမား ရိုးကျ ရုပ်/သံ ထုတ်လွှင့်မှုမှ Streaming သို့ ကူးပြောင်းမှု ဥပမာကောင်းများကို မီးမောင်း ထိုးပြခြင်း၊ Streaming Technology ကို ရွေးချယ်ခြင်းဖြင့် အားသာချက်များနှင့် စိန်ခေါ်မှု များ၊ Streaming ဆိုင်ရာ ငွေကြေး မူဝါဒများ၊ Streaming လုပ်ငန်း စဉ်အဆင့်ဆင့်နှင့် ၎င်းတို့၏ အခန်းကဏ္ဍများအား သဘော ပေါက်နားလည်မှုများ၊ Content ရယူနိုင်မှု နည်းလမ်းမျိုးစုံ၊ Encoding Process နှင့် Streaming Quality အပေါ် ၎င်း၏ (Impact) သက်ရောက်မှု၊ အဆင့် မြင့်ဆုံး Video နှင့် Audio Quality အတွက် ကိရိယာများ၊ နည်းပညာများနှင့် မိတ်ဆက်ပေး ခြင်း၊ Content ရှာဖွေမှု ပိုမို ကောင်းမွန်ရန် Metadata ၏ အခန်းကဏ္ဍအတွက် လမ်းညွှန် မှုများ” စသည့် ပညာရပ်ဆိုင်ရာ နည်းပညာများနှင့် ဗဟုသုတများ ကို Workshop Consultant ဖြစ်သည့် စင်ကာပူနိုင်ငံရှိ Circles.Life ကုမ္ပဏီ၏ ညွှန်ကြားရေးမှူး ဖြစ်သည့် Mr. Abhilash Nagab-hushana က အဓိကဆွေးနွေး ပို့ချမည်ဖြစ်ပြီး နယူးဇီလန်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့မှ Guest Speaker များက Zoom platform (online) မှ တစ်ဆင့် ဆွေးနွေးပို့ချမည်ဖြစ် သည်။
အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး ယင်းဆွေးနွေးပွဲသို့ သတင်းမီဒီယာ လုပ်ငန်းများ အနက် Streaming ကဏ္ဍတွင် လက်တွေ့ လုပ်ကိုင်ဆောင်ရွက် နေကြသည့် ရုပ်သံလွှင့်အဖွဲ့ အစည်းများမှ ကျွမ်းကျင်သူများ၊ ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီး ဌာန/ လုပ်ငန်းများမှ ဝန်ထမ်း များ စုစုပေါင်း ၅၅ ဦး ပါဝင် တက်ရောက်ကြသည်။
ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေဖြင့် AIBD ၏ တက်ကြွ သည့် တင်းပြည့်အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ဝင်ရောက်ခဲ့မှုနှင့်အတူ ဒေသ တွင်းနိုင်ငံများနှင့် မီဒီယာကဏ္ဍ ဆက်ဆံရေး နယ်ပယ်များတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ရုပ်သံလွှင့်မီဒီယာများ၏ အခန်း ကဏ္ဍနှင့် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ များကို ယခုကဲ့သို့ စီစဉ်ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်