အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၉


ပညာရေးဝန်ကြီးဌာန၊     အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တတိယနေ့ အစီ အစဉ်ကို  ယနေ့နံနက် ၉ နာရီတွင်  နေပြည်တော်ရှိ  ပညာရေးဝန်ကြီးဌာန    အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

 


အစည်းအဝေးတွင်    ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာညွန့်ဖေကနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ပညာရေး အဆင့်အတန်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူ များ စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ပညာသင်ယူနိုင်ရေး နှင့်    ပါမောက္ခချုပ်များ၊    ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေး   ဌာနမှူးများနှင့်  ဆရာ ဆရာမများ စိတ်အေးချမ်းသာစွာ    သင်ကြားရေးတာဝန်များ ကို     ထမ်းဆောင်နိုင်စေရေးအတွက်     အမြဲမပြတ် လမ်းညွှန်ပေးလျက်ရှိကြောင်း   နိုင်ငံတော်အကြီးအကဲ ၏     လမ်းညွှန်ချက်နှင့်အညီ   အဆင့်မြင့်ပညာ ကဏ္ဍ   တက္ကသိုလ်များ    ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တက္ကသိုလ်များကို Class A, Class B နှင့် Class C အုပ်စုခွဲ  သတ်မှတ်၍  တိုးတက်အောင် ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း၊   ပြည်နယ်နှင့်  တိုင်းဒေသ ကြီး    တစ်ခုလျှင်   အနည်းဆုံးတက္ကသိုလ်တစ်ခု၌ Ph.D သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ် ပါကြောင်း၊   တက္ကသိုလ်များတွင်    ဆရာ ဆရာမနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံလျှင် မဟာတန်း များကို ဖွင့်လှစ်နိုင်ပါကြောင်း။

 


တက္ကသိုလ်များအနေဖြင့်       အမှန်တကယ် တတ်မြောက်သည့်     ပညာတတ်ဘွဲ့ရ     လူငယ် မောင်မယ်များ  မွေးထုတ်ပေးကြရမည်ဖြစ်ကြောင်း၊ ဆရာ  ဆရာမများသည်    နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံအပေါ် သစ္စာရှိရန်လိုအပ်ပြီး လုပ်ငန်းဆောင်ရွက် ရာတွင်လည်း ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ  စသည်ဖြင့်  အပြန်အလှန်လေးစား တန်ဖိုးထား၍ ဆွေးနွေးတိုင်ပင် ဆောင်ရွက်ကြစေ လိုကြောင်း။

 


  အခက်အခဲများ တွေ့ကြုံရပါက တစ်ဦးတည်း မဖြေရှင်းဘဲ စုပေါင်းညှိနှိုင်းဖြေရှင်း ဆောင်ရွက်ကြစေ လိုကြောင်း၊  တက္ကသိုလ်အဆောက်အအုံများတွင် ရေ၊ မီးနှင့် မီးသတ်စနစ်၊ မီးသတ်ဆေးဘူး၊ အရေးပေါ် ထွက်ပေါက်များကို ပြန်လည်စစ်ဆေးထားကြစေလို ကြောင်း၊   တက္ကသိုလ်အဆောက်အအုံတစ်ခုနှင့် တစ်ခုကို  အမိုးပါသော  အင်္ဂတေခင်း လူသွားစင်္ကြံ များနှင့်  ချိတ်ဆက်ပေးရမည်ဖြစ်ကြောင်း၊ တက္ကသိုလ် အဝင်မုခ်ဦးသည်   ခံ့ညားထည်ဝါပြီး  တက္ကသိုလ် သည်     ဥပဓိရုပ်ကောင်းမွန်ရမည်   ဖြစ်ကြောင်း၊  တက္ကသိုလ်ပရဝဏ်အတွင်း  ပန်းအလှများစိုက်ခြင်း၊  စာသင်ခန်းသပ်ရပ်သာယာခြင်း၊     ပတ်ဝန်းကျင်  သာယာလှပခြင်း၊ အပန်းဖြေရိပ်သာ၊ အားကစားကွင်း၊ အားကစားရုံတို့     ပြည့်စုံခြင်းတို့အပြင်    တက္ကသိုလ် အင်္ဂါရပ်များ ပြည့်စုံအောင် ဖြည့်ဆည်းသွားကြရမည် ဖြစ်ကြောင်း။

 


ဆရာ ဆရာမများ၏ စားရေးနှင့်နေရေးအဆင်ပြေ စေရန်  ဝန်ကြီးဌာနနှင့်  ပါမောက္ခချုပ်များညှိနှိုင်း၍ ပံ့ပိုးဖြည့်ဆည်းပေးကြရမည်ဖြစ်ကြောင်း၊ ပါမောက္ခ ချုပ်၊  ဒုတိယပါမောက္ခချုပ်၊  ဘာသာရပ်ဌာနမှူးများ ၏ စီမံခန့်ခွဲမှုတာဝန်များအတွက်လည်း ထည့်သွင်း အသိအမှတ်ပြုရမည်ဖြစ်ကြောင်း။

 


 ဆရာမဆောင်များတွင်    ရေလုံလောက်ရေး၊ ရေသန့်စက်တပ်ဆင်ရေး၊  မီးမပျက်ရေး၊  ခြံစည်းရိုး ပြည့်စုံရေးနှင့်    အခန်းတိုင်းတွင်   ထိုက်တန်သော  အိပ်ခန်း၊   ရေချိုးခန်း၊   သန့်စင်ခန်း၊   မီးဖိုချောင်များ ထည့်သွင်းဖွဲ့စည်းပေးမည်ဖြစ်ကြောင်း၊ ဆရာဆရာမ များ အရည်အသွေးမြင့်မားရေးအတွက် အပတ်စဉ် ဌာနတွင်း ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပ ကြရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများနှင့် မိသားစု ပုံစံနွေးနွေးထွေးထွေး   ဆက်ဆံကြစေလိုကြောင်း၊ ပညာရေးကဏ္ဍမြှင့်တင်ရေး၊ ကျောင်းသားကျောင်းသူ များ အမှန်တကယ်ပညာတတ်မြောက်ရေးနှင့် ဆရာ ဆရာမများ စားရေး၊ နေရေး၊ သင်ကြားရေးအတွက် မိသားစုသဖွယ်     ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက်   ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို အစီ အစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

 


 အဆင့်မြင့်ပညာကဏ္ဍလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာတွင် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက် အထိ ပါမောက္ခချုပ်များအကြား အုပ်စုခြောက်ခု ခွဲခြားကာ ထိပ်တန်းတက္ကသိုလ်များဖြစ်ရေး၊ သင်ယူမှု အခွင့်အလမ်းမြှင့်တင်ရေး၊    သင်ကြားသင်ယူမှု မြှင့်တင်ရေး၊  နည်းဥပဒေကြမ်းများ တည်းဖြတ်ရေး နှင့်   စီမံကိန်းရေးဆွဲရေးနှင့်   ဘဏ္ဍာရေးခေါင်းစဉ် များဖြင့်   အုပ်စုလိုက်ဆွေးနွေးကြပြီး  အုပ်စုလိုက် ဆွေးနွေးမှုခေါင်းစဉ်များကို   ပါဝါပွိုင့်ဖြင့်   ပြန်လည် ရှင်းလင်းဆွေးနွေးညှိနှိုင်းကြသည်။

 


ယနေ့   ကျင်းပသည့်    လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့်  ကောလိပ်ကျောင်းများမှ ပါမောက္ခချုပ် များ၊   ကျောင်းအုပ်ကြီးများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။  

သတင်းစဉ်