အဆင့်မြင့်စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ သင်တန်းများကို ရာထူးအဆင့်အလိုက် အခြေခံမှစ၍ အဆင့်မြင့်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၂၈


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေ ရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၁၈)ကို ယနေ့ မွန်းလွဲပိုင်းက “အဆင့်မြင့်အရာရှိကြီး များ၏   နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊   စီမံခန့်ခွဲမှု သင်တန်းများမှ      လေ့လာသိရှိမှုများ” ခေါင်းစဉ် ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမတွင် ကျင်းပသည်။

 


ဆွေးနွေးပွဲတွင်   ပြည်ထောင်စုစာရင်းစစ်ချုပ်  ဒေါက်တာကံဇော်က  နိုင်ငံတိုင်းတွင်  ဝန်ထမ်းအဖွဲ့ အစည်းများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရန် လေ့ကျင့်သင်ကြားရေး တက္ကသိုလ်များ၊ သင်တန်း ကျောင်းများကို တည်ထောင်၍ လေ့ကျင့်သင်ကြားမှု များကို ဆောင်ရွက်ကြပါကြောင်း၊ မိမိတို့နိုင်ငံတွင် လည်း  နိုင်ငံ့ဝန်ထမ်းများ ဥပဒေနှင့်အမိန့်ညွှန်ကြား ချက်များကို လေးစားလိုက်နာတတ်စေရန်၊ ဝန်ထမ်း စည်းမျဉ်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းများကို အခြေခံမှ စ၍  သိရှိနားလည်   လိုက်နာဆောင်ရွက်နိုင်စေရန်၊ နိုင်ငံကြီးသားပီသစွာ     ပြုမူဆက်ဆံတတ်စေရန်၊ စုပေါင်းနေထိုင်ဆောင်ရွက်တတ်စေရန်     စသည့် အခြေခံအရည်အချင်းများ   ပြည့်ဝစေရန်သာမက အဆင့်မြင့်အရာထမ်းကြီးများအတွက် အဆင့်မြင့် စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ  သင်တန်းများကို  ရာထူး အဆင့်အလိုက်   အခြေခံမှစ၍     အဆင့်မြင့်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။

 


ဗဟုသုတများစွာရရှိမည်


အဆင့်မြင့်အရာရှိကြီးများ၏ စီမံခန့်ခွဲမှုသင်တန်း များသည်   နိုင်ငံတော်၏  မျှော်မှန်းချက်များကို အကောင်အထည်ဖော်   ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊  စီမံခန့်ခွဲရေးအမြင် များပြည့်ဝစွာဖြင့် ထိရောက်စွာ စီမံခန့်ခွဲဆောင်ရွက် နိုင်စေရန် လေ့ကျင့်သင်ကြားပေးသည့် သင်တန်းများ ဖြစ်ပါကြောင်း၊   သို့ပါ၍    ယနေ့ဆွေးနွေးပေးမည့် အဆင့်မြင့် အရာရှိကြီးများ၏  စီမံခန့်ခွဲမှုသင်တန်း များမှ လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံများသည် ဆွေးနွေးပွဲတက်ရောက်သူများအတွက်  အသိပညာ၊ ဗဟုသုတများစွာရရှိမည်ဟု   ယုံကြည်ပါကြောင်း ပြောကြားသည်။

 


အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေး


ထို့နောက်    ဒုတိယ     ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်သီက      နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှု သင်တန်း၌ လေ့လာသိရှိခဲ့ရသော ဝန်ကြီးဌာနအဖွဲ့ အစည်းများမှ  တာဝန်ရှိသူများနှင့်    ပြည်တွင်း/ပြင်ပပညာရှင်များ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပို့ချမှု များနှင့် သင်တန်းမှရရှိခဲ့သည့် အတွေ့အကြုံ၊ ဗဟု သုတများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်ခင်သန်းကြည်နှင့် ပဲခူးတိုင်းဒေသကြီးစာရင်းစစ် ချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးရီတို့ကလည်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ အဆင့်မြင့်အရာထမ်း စီမံ ခန့်ခွဲမှုသင်တန်းမှ လေ့လာသိရှိခဲ့ရသော ဗဟုသုတ များ၊ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးသည်။

 


ယင်းနောက်   တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

သတင်းစဉ်