
နေပြည်တော် စက်တင်ဘာ ၁၈
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဥပဒေရေးရာဝန်ကြီးဌာန၌ ယနေ့ နံနက် ၉ နာရီ တွင် Virtual စနစ်ဖြင့် ကျင်းပသည်။
ဝန်ကြီးဌာနလုပ်ငန်းများ ပြုစုထုတ်ပြန်မည်
အစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြည်ထောင်စုရှေ့နေချုပ် လုပ်ငန်းတာဝန်များကို ပြည်ထောင်စုရှေ့နေချုပ် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနလုပ်ငန်းများကို မကြာမီ ပြုစုထုတ်ပြန်မည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်း များတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဌာနခွဲ၊ E-Government ဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ၊ စောင့်ကြည့်လေ့လာအကဲဖြတ်ရေးဌာနခွဲ၊ ပြည်တွင်း ပြည်ပဆက်ဆံရေးဌာနခွဲ၊ ဥပဒေသုတေသနဌာနခွဲ၊ အများပြည်သူတင်ပြစာများ စိစစ်ဆောင်ရွက်ခြင်းဌာနခွဲတို့ကို ထည့်သွင်းဖွဲ့စည်းရန် ရှိပါကြောင်း၊ ဝန်ကြီးဌာနတွင် ဦးစီးဌာနလေးခုဖြင့် လုပ်ငန်း တာဝန်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေ စိစစ်အကြံပြုရေးဦးစီးဌာနသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီး သီးက ပေးပို့လာသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်း (မူကြမ်း) များကို စိစစ် အကြံပြုပေးလျက်ရှိပါကြောင်း၊ နှစ်အလိုက် ပြဋ္ဌာန်း လျက်ရှိသည့် ဥပဒေများကိုလည်း မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုလျက် Myanmar Law စာအုပ်အဖြစ် ပြုစုထုတ်ဝေလျက်ရှိပါကြောင်း။
တရားဥပဒေစိုးမိုးရေးကိုရှေးရှု
ဥပဒေဘာသာပြန်ကော်မရှင်အနေဖြင့် အင်္ဂလိပ် ဘာသာဖြင့် ပြုစုထားသော ဥပဒေ ၂၆ ခုကို ဘာသာ ပြန်ဆိုခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေဘာသာပြန်ကော် မရှင်က မြန်မာဘာသာသို့ပြန်ဆိုပြီးသော ရာဇသတ် ကြီး (The Penal Code) ကို စာအုပ်အမှတ်(၉) အဖြစ် ထုတ်ပြန်ရန် ရှိပါကြောင်း။ ဥပဒေ အကြံ ဉာဏ်ပေးရေးဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံဥပဒေရေးရာလုပ်ငန်းများ၊ စီးပွားရေးစာချုပ်စာတမ်း စိစစ်ခြင်းလုပ်ငန်းများ၊ အထွေထွေ ဥပဒေအကြံဉာဏ်ပေးခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာချုပ်စာတမ်းများ စိစစ်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့် ညီညွတ်စေရေး၊ ဥပဒေရေးရာ စာပိုဒ်များ ပြည့်စုံစွာပါရှိစေရေးတို့ကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တရားစွဲနှင့် အမှုလိုက် ဦးစီးဌာနသည် တရားမျှတမှုကို အားလုံးလက်လှမ်းမီ ရေးနှင့် တရားဥပဒေစိုးမိုးရေးကိုရှေးရှု၍ ပြစ်မှုနှင့် တရားမမှုများတွင် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေအရာရှိများ သည် တည်ဆဲဥပဒေများကို နှံ့စပ်စွာသိရှိပြီး အမှုလိုက်ပါဆောင်ရွက်ရာတွင် သက်သေခံအချက် အလက် ပြည့်စုံစွာနှင့် အမှုခိုင်မာစွာ တည်ဆောက် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ မကြာမီက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးက အမိန့်အမှတ် ၁၄၇ /၂၀၂၁ နဲ့ ၁၇၂/ ၂၀၂၁ တို့ဖြင့် ကြားနာဆဲအမှုများကို ပိတ်သိမ်းသည့် အမိန့်များကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ အမိန့် များအရ အကျုံးဝင်သည့်အမှုများကို ပိတ်သိမ်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဥပဒေရုံးများသည် ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း။
သင်တန်းများ ဖွင့်လှစ်သင်ကြားပေး
ထို့ပြင် E-Government အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဦးစီးဌာနအလိုက် လုပ်ငန်း လမ်းညွှန်စာအုပ်များ (SOP)ကို မကြာမီ ထုတ်ဝေ ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် “တရားမျှတရေး အတွက် ဥပဒေဝန်ဆောင်မှု” မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄)နှင့်အညီ လုပ်ငန်းအစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အထူးသဖြင့် စီးပွားရေးစာချုပ်စာတမ်း များ စိစစ်ခြင်းဆိုင်ရာသင်တန်း၊ ဥပဒေမူကြမ်း ရေးဆွဲရေး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်းနှင့် နိုင်ငံတော်နှင့် အများပြည်သူ အကျိုးကို ကျေပွန်စွာ သယ်ပိုးဆောင်ရွက်နိုင်ရေး အတွက် အဆင့်ဆင့်သော ဥပဒေရုံးများ၏ အသွင် သဏ္ဌာန်နှင့် ဥပဒေအရာရှိနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား သည်။
ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေ ချုပ်ရုံးများနှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ဦးစီးဌာန လေးခုတို့မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ် ဦးစန်းလွင်၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်