
အစ္စတန်ဘူလ် ဖေဖော်ဝါရီ ၃
တူကီယဲနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ် သည့် အစ္စတန်ဘူလ်၌ မကြာ သေးမီက ဘာသာရေးကျောင်း တိုက်ခိုက်ခံရမှုနှင့် ဆက်စပ်ပြီး အိုင်အက်စ်အဖွဲ့ဝင်များဟု သံသယ ရှိသူ ၁၇ ဦးကို တူကီယဲရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း အစိုးရပိုင် အသံလွှင့်ဌာန တီအာတီက ထုတ်ပြန်ထားသည်။
ရဲတပ်ဖွဲ့က အမျိုးသား ထောက်လှမ်းရေးအဖွဲ့နှင့် ပူးပေါင်း ၍ မြို့တော်အတွင်း သံသယရှိသူ များကို ဖမ်းဆီးမှုစစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာ စာရွက်စာတမ်း အများအပြား သိမ်းဆည်းရမိခဲ့ ကြောင်း အသံလွှင့်ဌာနက ဖော်ပြ ထားသည်။ အဖွဲ့အစည်းတစ်ခု အတွင်း အဖွဲ့ဝင်ခြင်းနှင့် ရည်ရွယ် ချက်ရှိရှိ လူသတ်ခြင်းဖြင့် ဘာသာရေး အဆောက်အအုံ တိုက်ခိုက်မှုနှင့် ဆက်စပ်၍ လူ ၂၅ ဦးကို ဖမ်းဆီးထားကြောင်း တရားရေးဝန်ကြီး ယယ်မက်တန့် က ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာခဲ့သည်။
ဇန်နဝါရီ ၂၈ ရက်က အစ္စတန် ဘူလ်မြို့၏ ဆာရီယာခရိုင်ရှိ ဆန်တာ မာရီယာဘာသာရေး အဆောက်အအုံ၌ အိုင်အက်စ်အဖွဲ့ နှင့် ဆက်စပ်သည်ဟု ယုံကြည်ရ သည့် တိုက်ခိုက်ရေးသမား နှစ်ဦးက တူကီယဲနိုင်ငံသား တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ