အစ္စရေးဝန်ကြီးချုပ်နှင့် အီဂျစ်သမ္မတတို့ ပထမဆုံးအကြိမ်တွေ့ဆုံ 


 

ဂျေရုဆလင်   စက်တင်ဘာ  ၁၄


အီဂျစ်သမ္မတ အဗ္ဗဒူလ်ဖက်တာအယ်စီစီသည် အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တလီဘန်နက်ကို  ကြိုဆိုခဲ့ပြီး ပါလက်စတိုင်းအရေးနှင့် ဂါဇာကမ်းမြောင်ဒေသရှိ အခြားသောပြဿနာများကို ဆွေးနွေးခဲ့ကြသည်။ မစ္စတာ ဘန်နက်သည် ဆယ်စုနှစ်တစ်စုအတွင်း အီဂျစ်နိုင်ငံသို့ အလည်အပတ်လာသည့် ပထမဆုံး အစ္စရေးဝန်ကြီး ချုပ် ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် အရှေ့ပိုင်းအပန်းဖြေမြို့ဖြစ်သည့် ရှမ်အယ်ရှိတ်ခ်တွင် စက်တင်ဘာ ၁၃ ရက်က တွေ့ဆုံခဲ့ကြသည်။ အစ္စရေးနှင့် ပါလက်စတိုင်း ဟား မားစ်အုပ်စုတို့အကြား     ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ်က အီဂျစ်နိုင်ငံသည်ကြားဝင်စေ့စပ်ပေးခဲ့သည်။ 
သို့သော်လည်း    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဟားမားစ်တို့သည် အစ္စရေးဘက်သို့  ဒုံးကျည်များ ပစ်ခတ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့များကလည်း ဂါဇာဒေသ တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ 
အပစ်အခတ်ရပ်စဲရေးအတွက်  အီဂျစ်နိုင်ငံက ဆက်လက်ကြိုးပမ်းသွားမည်ဟု    အီဂျစ်သမ္မတ  စီစီက ပြောသည်။ ဂါဇာဒေသတွင် ငြိမ်းချမ်းရေးကို သယ်ဆောင်လာကာ ပါလက်စတိုင်းဒေသသို့ စီးပွား ရေးဆိုင်ရာ ကူညီပေးမှုများ ပြုလုပ်သွားမည်ဟု ပြော သည်။
ခေါင်းဆောင်နှစ်ဦး၏  ပထမဆုံး လူသိရှင်ကြားတွေ့ဆုံပွဲပြုလုပ်မှုမှာ ပါလက်စတိုင်းနယ်မြေများတွင် ငြိမ်းချမ်းရေးကို ကူညီပေးရန် ရည်ရွယ်သည်ဟု သိရ သည်။                                      အင်န်အိတ်ချ်ကေ