
ဒမတ်စကတ် ဇွန် ၁၀
အစ္စရေးလေကြောင်းတိုက်ခိုက်မှု ကြောင့် အနည်းဆုံး အရပ်သား တစ်ဦးဒဏ်ရာရရှိခဲ့ကာ လေဆိပ် ပြေးလမ်းတစ်ခု ပျက်စီးခဲ့ပြီး နောက် ဆီးရီးယားမြို့တော်သို့ ဝင်ထွက် သွားလာလျက်ရှိသော လေကြောင်းခရီးစဉ်များအားလုံး ကို ဇွန် ၁၀ ရက်က ရပ်ဆိုင်းလိုက် ခဲ့ကြောင်း အစိုးရက ပြောသည်။
၂၀၁၁ ခုနှစ်တွင် ဆီးရီးယား၌ ပြည်တွင်းစစ် စတင်ခဲ့ချိန် ကတည်းက အစ္စရေးတို့က အစိုးရ တပ်ဖွဲ့များသာမက အီရန် ထောက်ခံ တပ်ဖွဲ့ဝင်များနှင့် ဟစ်ဘိုလာ တိုက်ခိုက်ရေးသမား များကို ဦးတည်ချက်ထားပြီး လေကြောင်းတိုက်ခိုက်မှု ရာပေါင်း များစွာ ပြုလုပ်ခဲ့သည်။ သို့သော် လည်း အဆိုပါတိုက်ခိုက်မှုများ သည် လေကြောင်းခရီးစဉ်များကိုနှောင့်ယှက်မှု မရှိသလောက် ဖြစ်ခဲ့သည်။
ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုကို ဇွန် ၁၀ ရက် အရုဏ်တက်ချိန် မတိုင်မီက စတင်ခဲ့ခြင်းဖြစ် ကြောင်းနှင့် လေကြောင်းတိုက် ခိုက်မှုကြောင့် ဒမတ်စကတ် လေဆိပ်အနီး ဟစ်ဇ်ဘိုလာတို့ ပိုင်ဆိုင်သော လက်နက်သိုလှောင် ရုံ သုံးခုကို ထိခိုက်ခဲ့ပြီး အီရန် ထောက်ခံ တပ်ဖွဲ့ဝင်များလည်း ထိခိုက်ခဲ့ကြောင်း ပြောသည်။
နည်းပညာပိုင်းဆိုင်ရာ နှောင့် ယှက် ဟန့်တားမှုများကြောင့် ဒမတ်စကတ် နိုင်ငံတကာလေဆိပ် ကို ဝင်ထွက်သွားလာလျက်ရှိသော လေကြောင်းခရီးစဉ်များအားလုံး ကို ရပ်ဆိုင်းလိုက်ကြောင်း ဆီးရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ယင်းနေ့ နောက် ပိုင်းတွင် ကြေညာခဲ့သည်။
လေကြောင်း ခရီးစဉ်များနှင့် လေဆိပ်လုံခြုံစိတ်ချရပြီး ဘေး အန္တရာယ်ကင်းရှင်းစွာ လုပ်ငန်း များ ပြန်လည် လည်ပတ်ဆောင် ရွက်နိုင်ချိန်မှသာ လေကြောင်း လိုင်းများကို ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
အစ္စရေးတို့၏ တိုက်ခိုက်မှု ကြောင့် လေဆိပ်ထိခိုက်မှုရှိခဲ့ ကြောင်း လေဆိပ်ဝန်ထမ်းတစ်ဦး က အေအက်ဖ်ပီသို့ ပြောသည်။
အေအက်ဖ်ပီ