အစ္စရေးနိုင်ငံတွင် ကိုဗစ် - ၁၉ နောက်ထပ်ကူးစက်ခံရသူ ၅၀၀ ထပ်မံတွေ့ရှိ 


 

ဂျေရုဆလင် ဇူလိုင် ၆


 အစ္စရေးကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ အစ္စရေးနိုင်ငံတွင် ဇူလိုင် ၅ ရက် ကိုဗစ် - ၁၉ နောက်ထပ်ကူးစက်ခံရသူ ၅၀၀ တွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ   အရေအတွက်မှာ  ၈၄၃၃၉၀ အထိ ရှိလာသည်ဟု သိရသည်။ 
လက်ရှိတွင် ရောဂါဖြစ်ပွားနေသူဦးရေမှာ ၂၇၆၆ ဦးအထိ ရှိလာသည်။ ယင်းအရေအတွက်မှာ ဧပြီ ၁၅ ရက် နောက်ပိုင်း  အမြင့်ဆုံးပမာဏပင်ဖြစ်သည်ဟု သိရသည်။ 
ကိုဗစ်-၁၉ ကြောင့်   သေဆုံးသူ   ၆၄၂၉ ဦး ရှိပြီး စိုးရိမ်ရသည့်   လူနာအရေအတွက်မှာ ၃၄ဦးမှ ၃၅ သို့ တိုးလာသည်။ 
စုစုပေါင်း ကာကွယ်ဆေးထိုးပြီးသူ ပမာဏာမှ ၆၀ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။ ဒယ်လ်တာကူးစက် မှု ပျံ့နှံ့သည့် ဇူလိုင် ၃ ရက်မှ ၆ ရက်အတွင်း ဖိုက်ဇာ ကာကွယ်ဆေး၏     အကျိုးသက်ရောက်မှုမှာ ၆၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
သို့သော်လည်း ရောဂါကူးစက်မှုကြောင့် ဆိုးရွား စွာ ဖျားနာခြင်းနှင့် ဆေးရုံတက်ရောက်ကုသရခြင်း ကိုမူ ၉၃  ရာခိုင်နှုန်း   အကာအကွယ်ပေးသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။
ဆင်ဟွာ