
ဂျေရုဆလင် ဇွန် ၂၇
အစ္စရေးနိုင်ငံတွင် ဇွန်၂၆ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၁၄၇ ဦးအထိ ရှိလာခဲ့ပြီး ယင်းပမာဏ မှာ မေ ၅ ရက်နောက်ပိုင်းတွင် အများဆုံးအဖြစ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
ဇွန် ၂၆ ရက်တွင် အစ္စရေးနိုင်ငံ ၌ ကိုဗစ်-၁၉ နောက်ထပ် ကူးစက် ခံရသူ ၁၇၅ ဦးရှိပြီး တိုင်းပြည် အတွင်း စုစုပေါင်း ကူးစက်ခံရသူ ၈၄၀၈၁၃ ဦး ရှိလာခဲ့သည်။
ကိုဗစ် - ၁၉ ကြောင့် သေဆုံး သူ အရေအတွက်မှာမူ ၆၄၂၉ ဦး တွင် မပြောင်းလဲဘဲရှိသည်။ စိုးရိမ် ရသည့် လူနာအရေအတွက်မှာမူ ၂၇ ဦးမှ ၂၆ ဦးအထိ ကျဆင်းခဲ့ သည်။ ပြန်လည် ကျန်းမာလာသူ အရေအတွက်မှာ ၈၃၃၂၃၇ ဦး ရှိလာသည်။
ကာကွယ်ဆေး ထိုးပြီးသူ အရေအတွက်မှာ ၅၉ ဒသမ ၄ ရာခိုင်နှုန်းရှိလာခဲ့သည်။ ဇွန် ၂၅ ရက်တွင် အစ္စရေးနိုင်ငံ၌ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရန် စည်းကမ်း ပြန်လည်သတ်မှတ်ခဲ့ သည်။
အစ္စရေးနိုင်ငံတွင်း အဆောက် အအုံအတွင်း ပါးစပ်၊ နှာခေါင်း စည်းတပ်ဆင်ရမည့် အမိန့်ကို ဇွန် ၁၅ ရက်က ဖယ်ရှားပေးခဲ့သည်။ သို့သော်လည်း ယင်းနောက်ပိုင်း တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှု ရာနှင့်ချီ၍ တွေ့လာရ သည်။
ဆင်ဟွာ