
နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာ ရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိ ဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၁၃၈၃ ခုနှစ် နတ်တော်လပြည့်ကျော် ၆၊ ၇၊ ၈ ရက် (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄၊ ၂၅၊ ၂၆) ရက်တို့တွင် ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်နက် တည်း ကျင်းပမည် ဖြစ်သည်။
အဘိဓမ္မာ(ရိုးရိုး)နှင့် အဘိဓမ္မာ (ဂုဏ်ထူး ဆောင်) စာမေးပွဲများကို အစိုးရပထမငယ်တန်း (သို့မဟုတ်) ၎င်းနှင့်အလားတူ စာမေးပွဲအောင်မြင် ခြင်းမရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များ သာ ဖြေဆိုခွင့်ရှိသည်။ အဘိဓမ္မာ(ရိုးရိုး) အောင်မြင် ပြီးသူများသည် အဘိဓမ္မာ (ဂုဏ်ထူးဆောင်) စာမေးပွဲကိုဖြစ်စေ၊ ဝိသုဒ္ဓိမဂ်စာမေးပွဲကို ဖြစ်စေ ဖြေဆိုနိုင်သည်။
ဝိသုဒ္ဓိမဂ်စာမေးပွဲကို အစိုးရပထမကြီးတန်း၊ ဓမ္မာစရိယတန်း (သို့မဟုတ်) ၎င်းနှင့် အလားတူ စာမေးပွဲများအောင်မြင်ခြင်း မရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။
အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများတွင် တစ်ဆင့်ဖြစ်စေ၊ နှစ်ဆင့် ဖြစ်စေ၊ သုံးဆင့်ဖြစ်စေ နှစ်ချင်းပေါက် ဖြေဆိုခွင့်ရှိသည်။ ယခင်က သုံးဆင့်လုံး အပြည့်အစုံ မအောင်မြင် သေးသူများအနေဖြင့် သုံးဆင့်လုံးကို နှစ်ချင်းပေါက် ထပ်မံဖြေဆိုခွင့်ရှိသည်။
စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာစာဖြေဌာနတည်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်သံဃနာယက အဖွဲ့ရုံးများသို့ အချိန်မီပေးပို့ ထားမည်ဖြစ်၍ အဆိုပါ ရုံးများ တွင် စာမေးပွဲဖြေဆိုရက်မတိုင်မီ ထုတ်ယူနိုင်ပါ ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်