အာရှတိုက်၏ ဖွံ့ဖြိုးတိုးတက်ရေးအလားအလာကို ADB ဘဏ်က လျှော့ချခန့်မှန်း

 

မနီလာ ဒီဇင်ဘာ  ၁၅
အာရှတိုက်၏ ဖွံ့ဖြိုးတိုးတက်ရေး    အလား အလာမှာ လက်ရှိတွင် စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်သဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က လျှော့ချ၍ ခန့်မှန်းထားရှိကြောင်း သိရသည်။
ရုရှား-ယူကရိန်း ပဋိပက္ခများနှင့် ကမ္ဘာ့ စီးပွားရေး နှေးကွေးနေမှုများကြောင့် လာမည့် နှစ်အတွက် အာရှတိုက်၏ ဖွံ့ဖြိုးမှုခန့်မှန်းချက် ကို လျှော့ချလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ     မနီလာမြို့အခြေစိုက် ADB က ၎င်း၏ Asia Development Outlook အချပ်ပို အစီရင်ခံစာတွင်   ဖွံ့ဖြိုးဆဲအာရှ၌  ၂၀၂၂ ခုနှစ် တိုးတက်မှုနှုန်းကို ယခင် စက်တင်ဘာ က  ၄ ဒသမ ၃ ရာခိုင်နှုန်းဟု ခန့်မှန်းခဲ့သည်ကို ယခု ၄ ဒသမ ၂ ရာခိုင်နှုန်းဟု လျှော့ချခန့်မှန်း ခဲ့ပြီး ပဉ္စမအကြိမ်မြောက် လျှော့ချခန့်မှန်းခြင်း ဖြစ်သည်။ လာမည့်နှစ်အတွက်  အာရှ၏ စီးပွားရေးသည်  ၄ ဒသမ ၆  ရာခိုင်နှုန်း တိုးလာမည်ဟု ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန် ခန့်မှန်းထားပြီး  ယခင်က ၄ ဒသမ ၉ ရာခိုင် နှုန်းဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။  ဒေသတွင်း ငွေကြေးဖောင်းပွမှုသည်  ယခုနှစ်တွင် ၄ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၃ တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းရှိလာမည်ဟု ADB က ခန့်မှန်းထား ပြီး ဒေသတွင်း ဖောင်းပွမှုမြင့်တက်နေသည့် ဈေးနှုန်းများမှ   စားသုံးသူများ    အနည်းငယ်   သက်သာရာရနိုင်မည်ဖြစ်သည်။