
နေပြည်တော် ဇန်နဝါရီ ၂၅
ပိုမိုကောင်းမွန်သော ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒများ ပြန်လည် ချမှတ်ခြင်းခေါင်းစဉ်ဖြင့် ထိုင်း နိုင်ငံ၊ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ် ကျင်းပသည့် အာရှနှင့် ပစိဖိတ် ဒေသ စီးပွားရေးပူးပေါင်း ဆောင် ရွက်မှု ဆွေးနွေးပွဲ-၂၀၂၂ (APEC Symposium 2022) ကို ဇန်နဝါရီ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက် သည်။
ဆွေးနွေးပွဲသို့ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ (APEC)နှင့် နိုင်ငံတကာမှ ခရီးသွား လုပ်ငန်း ကျွမ်းကျင်ပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲကို ခရီးသွား လုပ်ငန်း ဆောင်ရွက်နေသူများ နှင့် မူဝါဒချမှတ်သူ အဆင့်မြင့် အရာရှိကြီးများအကြား ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာ လတ်တလော ဆောင်ရွက်နေ မှု၊ အနာဂတ်တွင် ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးတိုးတက်လာစေ ရေးနှင့် ခရီးသွားလုပ်ငန်းမူဝါဒများ ဆိုင်ရာ အကြံပြုချက်များ ချမှတ် နိုင်စေရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်နိုင် ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် သည်။
ဝိုင်းဝန်းဆွေးနွေး
ယနေ့ ဆွေးနွေးပွဲတွင် ထိုင်း နိုင်ငံ၊ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီး Mr. Phiphat Ratchakitprakarn က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး နိုင်ငံတကာမှ ခရီးသွား လုပ်ငန်း ကျွမ်းကျင်ပညာရှင်များ က ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများချမှတ်ရာတွင် ဆောင် ရွက်ရမည့် အလေ့အကျင့်ကောင်း များနှင့် ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း မူဝါဒများ ပြန်လည်ချမှတ်ခြင်းဆိုင်ရာ အကြံ ပြုချက်များကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။ ထို့အပြင် အနာဂတ် ခရီးသွားလုပ်ငန်းအတွက်ရည်မှန်း ချက်များချမှတ်ခြင်း၊ ခရီးသွား လုပ်ငန်း အသွင်ကူးပြောင်းရေး အတွက် လိုအပ်သောအစီအစဉ် များတွင် မူဝါဒများချမှတ်ခြင်း၊ တာဝန်သိ ခရီးသွားလုပ်ငန်း ဆိုင်ရာ မူဝါဒများ၊ ခရီးသွား လုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ခြုံငုံသုံးသပ်ခြင်း များ ဆောင်ရွက်ခဲ့ကြပြီး ဆွေးနွေး ပွဲ၏ ပထမပိုင်းအစီအစဉ်များကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့သည်။ ဆွေးနွေးပွဲ၏ ဒုတိယပိုင်း အစီ အစဉ်များကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။
ပါဝင်တက်ရောက်ခဲ့
အဆိုပါဆွေးနွေးပွဲသို့ ပြည် ထောင်စုဝန်ကြီးနှင့်အတူ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူများနှင့် ဘာသာရပ် ဆိုင်ရာ တာဝန်ခံများ ပါဝင် တက်ရောက်ခဲ့ကြပြီး နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ အရင်းအမြစ် ကြွယ်ဝမှုနှင့် စွမ်းဆောင်ရည်များ မှာ မတူညီသည့်အတွက် ချမှတ် သည့် မူဝါဒများ၏ အောင်မြင်မှု များကို တိုင်းတာမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများ ကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း ကဏ္ဍများသည် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုသည့် အချက်ကို ပိုမိုအလေးထားလာခဲ့ကြခြင်းကြောင့် အစိုးရများ အနေဖြင့် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စီမံကိန်းများ ချမှတ်ရန်နှင့် စီမံ ခန့်ခွဲမှုများ ပြုလုပ်ရန် ပိုမို ကောင်းမွန်သော မူဝါဒများ ချမှတ်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ခရီးသွားလုပ်ငန်း ဈေးကွက်ဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း၊ ခရီးသွားလာ ခြင်းဆိုင်ရာ လိုအပ်သည့် စာရွက် စာတမ်းရှုပ်ထွေးမှုများ ရှိလာ သဖြင့် အားလပ်ရက် ခရီးသွား ဈေးကွက်အပေါ် သက်ရောက် မှု၊ မျှဝေစီးပွားရေးလုပ်ငန်းများ အပေါ် ကပ်ရောဂါ၏ သက်ရောက် မှုမှ ကုစားမှုစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်