
ဟောင်ကောင် ဇွန် ၂၃
ကိုဗစ်-၁၉ ကပ်ရောဂါသည် အာရှနိုင်ငံများတွင် ဆက်လက်ကူးစက်ဖြစ်ပွားလျက်ရှိရာ အိန္ဒိယနိုင်ငံတွင် ဇွန် ၂၃ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃ဝဝ၂၈၇ဝ၉ ဦး ရှိလာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင်လည်း တစ်မူထူးခြားပြီး တစ်နေ့အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၈၇ ဦးဖြင့် အမြင့်ဆုံး စံချိန်တင်ခဲ့ သည်။
အိန္ဒိယ
အိန္ဒိယနိုင်ငံ၏ ကိုဗစ်-၁၉ အတည်ပြုကူးစက် ဖြစ်ပွားသူပေါင်းသည် ယခုအခါ သန်း ၃ဝ ကျော်လွန်လာခဲ့ပြီဖြစ်သည်။ ထို့အတူ သေဆုံးသူ မှာလည်း ၃၉၀၀၀၀ အထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ဖော်ပြ လိုက်သည်။ အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၃ဝဝ၂၈၇ဝ၉ ဦးရှိပြီး သေဆုံးသူ ပေါင်းမှာ ၃၉ဝ၆၆၀ ရှိသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀၈၄၈ ဦးရှိခဲ့ပြီး ၁၃၅၈ ဦး သေဆုံးခဲ့သည်။
လတ်တလောတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၆၄၃၁၉၄ ဦးရှိပြီး ဇွန် ၂၂ ရက် နံနက်ပိုင်းအထိ ၁၉၃၂၇ ဦး ကျဆင်းခဲ့သည်။
ဒယ်လ်တာ ကိုဗစ်-၁၉ မျိုးစိတ်သစ်ကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၄၀ ခန့် အထိ တိုးလာ ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
ဖိလစ်ပိုင်
ဖိလစ်ပိုင်ကျန်းမာရေးဌာနက ဇွန် ၂၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၃၅၃ ဦး ရှိလာ ကြောင်း ဖော်ပြခဲ့သည်။ ယခုအခါတွင် ဖိလစ်ပိုင်နိုင်ငံ တွင် ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၃၇၂၂၃၂ ဦး ရှိလာခဲ့သည်။
နောက်ထပ် ၁၁၉ ဦး ထပ်မံသေဆုံးမှုနှင့်အတူ သေဆုံးသူပေါင်း ၂၃၉၂၈ ဦးအထိ တိုးလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်လိုက် သည်။
လူဦးရေ သန်း ၁၁ဝ ကျော်ရှိသော ဖိလစ်ပိုင် နိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားကတည်းက ယခုအချိန်အထိ ကိုဗစ်-၁၉ စမ်းသပ်မှုပေါင်း ၁၃ သန်းကျော် ပြုလုပ်ခဲ့သည်။
မြို့တော်မနီလာသည် အန္တရာယ်ဖြစ်ပွားမှု အနည်းဆုံးဒေသဖြစ်ကြောင်း အွန်လိုင်းရှင်းလင်းပြော ကြားချက်တွင် ဖိလစ်ပိုင်ကျန်းမာရေးဌာန ကူးစက် ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ဗျူရိုမှ အဲလီသီယာဒီ ဂက်ဇ်မင်းန်က ပြောကြားလိုက်သည်။ မြို့တော်မနီလာ၏ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုသည် ဇွန် ၆ ရက်မှ ၂၂ ရက်အထိ ၆၈၅ ဦးခန့်ရှိပြီး ဇွန် ၉ ရက်မှ ၁၅ ရက်အထိ မှတ်တမ်းတင်ခဲ့သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၈၂၅ ဦးထက် လျော့နည်းခဲ့သည်။
ပါကစ္စတန်
ပါကစ္စတန်နိုင်ငံ၌ ဇွန် ၂၂ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၉၃၀ ရှိကြောင်း ဖော်ပြမှု နှင့်အတူ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်း ၉၅ဝ၇၆၈ ဦးအထိ ရှိလာခဲ့သည်။
အမျိုးသားထိန်းချုပ်ကွပ်ကဲရေးနှင့် စစ်ဆင်ရေး ဌာန၏ သတင်းထုတ်ပြန်ချက်အရ ဇွန် ၂၂ ရက်က ကိုဗစ်-၁၉ ကြောင့် နောက်ထပ် ၃၉ ဦးသေဆုံးခဲ့မှု နှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၂၂ဝ၇၃ ဦးအထိ ရှိလာခဲ့သည်။
ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ကင်းစင်သွားသူ ၈၉၅၆၉၀ ရှိသည်။ ထို့အတူ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနေသူ ၃၃၀၀၅ ဦးကို ဆေးရုံများတွင် ကုသပေးလျက်ရှိပြီး ၎င်းတို့အနက် ၂၁၇၃ ဦးမှာ ရောဂါပြင်းထန်စွာခံစားနေရကြောင်း သိရသည်။
ကမ္ဘောဒီးယား
ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၅၈၇ ဦးရှိလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၄၄၇၁၁ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
အသစ်ထပ်မံကူးစက်ဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၅၃၃ ဦးမှာ ပြည်တွင်း ကူးစက်မှုဖြစ်ပြီး ၅၄ ဦးမှာ ပြည်ပကူးစက်မှု ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက် သတင်းထုတ်ပြန်လိုက်သည်။
နောက်ထပ် ၁၆ ဦး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကြောင့် သေဆုံးခဲ့ရာ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၇၅ ဦးအထိ ရှိလာခဲ့သည်။
ထို့အတူ နောက်ထပ် ၅၄၈ ဦးမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာမှုနှင့်အတူ ကိုဗစ်-၁၉ မှ ပြန်လည်ကောင်းမွန် လာသူပေါင်း ၃၉၃၁၄ ဦးအထိ ရှိခဲ့သည်။
တောင်ကိုရီးယား
တောင်ကိုရီးယားနိုင်ငံ၌ ဇွန် ၂၂ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၆၄၅ ဦး ရှိခဲ့သော ကြောင့် စုစုပေါင်း နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၁၅၂၅၄၅ ဦးအထိ ရှိလာခဲ့သည်။
နောက်ထပ် တစ်ဦးထပ်မံသေဆုံးခဲ့မှုနှင့်အတူ စုစုပေါင်းသေဆုံးသူ ၂ဝဝ၇ ဦးအထိ ရှိလာခဲ့သည်။ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်းသည် ၁ ဒသမ ၃၂ ရာခိုင်နှုန်းရှိသည်။
ထိုင်း
ထိုင်းနိုင်ငံ၌ ဇွန် ၂၃ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် တစ်နေ့အတွင်း ၅၁ ဦး သေဆုံးခဲ့ပြီး သေဆုံးမှုအမြင့်ဆုံးရက်ဖြစ်ခဲ့ကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲမှုဌာနက သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။
ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ပေါင်း ယခုအခါတွင် ၁၇၄၄ ဦး ရှိလာခဲ့သည်။
ဇွန် ၂၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၁၇၄ ဦးရှိလာမှုနှင့်အတူ နိုင်ငံတစ်ဝန်း စုစုပေါင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂၈၅၃၉ ဦးရှိခဲ့ကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲမှုဌာန ပြောရေးဆိုခွင့်ရှိသူ တာဝီ ဆင်က ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံ၌ ယခုလကုန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းအထိ ထိုးပေးရန် ရည်မှန်း ထားကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ ကျန်းမာရေးဝန်ကြီး အနူတင်ချာဗင် ရာကူးလ်က ဇွန် ၂၃ ရက်က ပြောကြားလိုက်သည်။
ဆင်ဟွာ