
ဟောင်ကောင် ဇူလိုင် ၂
အာရှ- ပစိဖိတ်နိုင်ငံများတွင် ကိုဗစ်- ၁၉ ကပ်ရောဂါ ဆက်လက်ကူးစက်ပျံ့နှံ့နေချိန်တွင် အင်ဒိုနီးရှား နိုင်ငံ၌ ဇူလိုင် ၂ ရက်က ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ တစ်ရက်တည်း ၂၅၈၃ဝ တိုးလာခဲ့သည်။ ထို့အတူ အိန္ဒိယနိုင်ငံ၏ ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူပေါင်း မှာလည်း ၄ဝဝ၃၁၂ ဦးအထိ ရောက်ရှိလာခဲ့သည်။
အိန္ဒိယ
အိန္ဒိယနိုင်ငံ၏ ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ ဦးရေမှာ ၄ဝဝဝဝဝ ကျော်လွန်လာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၈၅၃ ဦး တိုးလာသောကြောင့် နိုင်ငံ အတွင်း စုစုပေါင်း ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ ၄ဝဝ၃၁၂ ဦးအထိ ရောက်ရှိလာခဲ့သည်။
ထို့အပြင် ဇူလိုင် ၁ ရက် နံနက်ပိုင်းကတည်းက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၄၆၆၁၇ ဦး တိုးလာ သောကြောင့် နိုင်ငံအတွင်း ကိုဗစ်- ၁၉ ကူးစက် ဖြစ်ပွားသူ ၃ဝ၄၅၈၂၅၁ ဦးရှိလာခဲ့သည်။
နိုင်ငံအတွင်း ကိုဗစ်- ၁၉ လတ်တလောကူးစက် ဖြစ်ပွားနေသူ ၅ဝ၉၆၃၇ ဦးရှိပြီး ယခင်ကထက် ၁၃၆၂ဝ ကျဆင်းခဲ့သည်။
အင်ဒိုနီးရှား
အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင် ၂ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၅၈၃ဝ ရှိကြောင်း မှတ်တမ်းတင်ဖော်ပြခဲ့သည်။ နေ့စဉ်ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု တစ်ကျော့ပြန် မြင့်လာခဲ့ပြီး နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၂၂၂၈၉၃၈ ဦးအထိ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ကိုဗစ်- ၁၉ ဆက်စပ်သေဆုံးသူ ၅၃၉ ဦး တိုးလာ မှုနှင့်အတူ စုစုပေါင်းသေဆုံးသူ ၅၉၅၃၄ ဦးအထိ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၁၁၅၇၈ ဦး ဆေးရုံမှဆင်းလာ သောကြောင့် စုစုပေါင်း ကိုဗစ်- ၁၉ ကပ်ရောဂါ ကင်းစင်သွားသူ ၁၉ဝ၁၈၆၅ ဦး တိုးလာခဲ့သည်။
ထိုင်း
ထိုင်းနိုင်ငံတွင် တစ်နေ့တည်း ကိုဗစ်- ၁၉ ဖြင့် သေဆုံးသူ ၆၁ ဦးတိုးလာသောကြောင့် အရှေ့တောင် အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် ကိုဗစ်- ၁၉ လှိုင်းဂယက် ကူးစက်ဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။
ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ လုပ်ငန်းအဖွဲ့တစ်ခု ဖြစ်သော ကိုဗစ်- ၁၉ စီမံခန့်ခွဲရေးဌာန (စီစီအက်စ် အေ)က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ တစ်နေ့တည်း ၆ဝ၈၇ ဦးအထိ ရှိလာခဲ့သောကြောင့် ဒုတိယအမြင့်ဆုံး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနေ့ အဖြစ် မှတ်တမ်းတင် ဖော်ပြခဲ့သည်။ နိုင်ငံအတွင်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူပေါင်းမှာ ယခုအခါ တွင် ၂၇ဝ၉၂၁ ဦးအထိ ရောက်ရှိလာခဲ့သည်။
ထို့အတူ ကိုဗစ်- ၁၉ သေဆုံးသူအရေအတွက်မှာ လည်း ၂၁၄၁ ဦးအထိ တိုးလာခဲ့သည်။
အာဖဂန်နစ္စတန်
အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၃ဝ၉ ဦးနှင့် သေဆုံး သူ ၅၉ ဦးတိုးလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၂၃၄၆၅ ဦးအထိ တိုးလာခဲ့ပြီး သေဆုံးသူပေါင်းမှာလည်း ၅၁ဝ၇ ဦးအထိ တိုးလာခဲ့ ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြော သည်။
တစ်ချိန်တည်းမှာပင် ကိုဗစ်- ၁၉ ကင်းစင်လာ သူပေါင်း ၇၇၆ ဦးအထိ ရောက်ရှိလာခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလမှစကာ ကိုဗစ်- ၁၉ စမ်းသပ် စစ်ဆေးမှုပေါင်း ၆၂၁ဝဝဝ ကျော် ပြုလုပ်ခဲ့သည်။
ပါကစ္စတန်
ပါကစ္စတန်နိုင်ငံတွင် ဇူလိုင် ၁ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၂၇၇ ဦး တိုးလာခဲ့ ကြောင်း အမျိုးသားထိန်းချုပ်ကွပ်ကဲမှုနှင့် စစ်ဆင် ရေးဌာနက အင်န်စီအိုစီက ဇူလိုင် ၂ ရက်က ပြောကြားလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်- ၁၉ စုစုပေါင်းအတည်ပြု လူနာ ၉၅၉၆၅၈ ဦးအထိ တိုးလာခဲ့ပြီး ကိုဗစ်-၁၉ ကင်းစင်သွားသူ ၉ဝ၅၄၃ဝ ရှိကြောင်း သိရသည်။
လတ်တလောတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားလျက်ရှိသူ ၃၁၉၁ဝ ရှိသည့်အနက် ၁၈၆၃ဦး မှာ ရောဂါကူးစက်ဖြစ်ပွားမှု ပြင်းထန်ကြောင်း သိရသည်။
အင်န်စီအိုစီ၏ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်- ၁၉ ကြောင့် နောက်ထပ်သေဆုံးသူ ၂၄ ဦး နှင့်အတူ စုစုပေါင်းသေဆုံးသူ ၂၂၃၄၅ ဦး ရှိလာ ခဲ့သည်။
တောင်ကိုရီးယား
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီ နှင့် နှိုင်းယှဉ်ကြည့်ပါက ဇူလိုင် ၁ ရက် ညသန်းခေါင် အချိန်အထိ ကိုဗစ်- ၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၈၂၆ ဦး တိုးလာမှုနှင့်အတူ စုစုပေါင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၅၈၅၄၉ ဦးအထိ ရောက်ရှိလာခဲ့သည်။
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယခင် နေ့ကထက် ၇၆၂ ဦးတိုးလာခဲ့ရာ ဇန်နဝါရီ ၇ ရက်မှ စကာ တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံး ဖြစ်ခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်က နေ့စဉ်ပျမ်းမျှ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသည့်ပမာဏ ၆၈ဝ ခန့် ရှိသည်။
ကိုဗစ်-၁၉ ကြောင့် နောက်ထပ် သုံးဦးထပ်မံ သေဆုံးခဲ့မှုနှင့်အတူ စုစုပေါင်းသေဆုံးသူ ၂ဝ၂၄ ဦး ရှိလာခဲ့သည်။ စုစုပေါင်းသေဆုံးနှုန်းသည် ယခုအခါ တွင် ၁ ဒသမ ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဆင်ဟွာ