အာဖရိကတွင် ကိုဗစ်-၁၉ ကူးစက်မှုများ  ၈ ဒသမ ၀၄ သန်း နားနီးကပ်လာ 


 

အဒစ္စအဘာဘာ   စက်တင်ဘာ   ၁၄


အာဖရိကတွင် ကိုဗစ်-၁၉  ကူးစက်ခံရသူအရေအတွက်မှာ  စက်တင်ဘာ  ၁၃  ရက်မွန်းလွဲပိုင်းတွင် ၈၀၃၉၆၄၇ ဦးအထိ ရှိလာခဲ့သည်ဟု အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။ အာဖရိကတွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူအရေအတွက်မှာ ၇၃၂၈၆၅၆ ဦး ရှိသည်။ 
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီယိုးပီးယားနိုင်ငံတို့မှာ အာဖရိကတိုက်တွင် ကိုဗစ်- ၁၉ ကူးစက်မှု အများဆုံးနိုင်ငံများဖြစ်ကြသည်။ နေ့စဉ်ကူးစက်မှုများအရ တောင်အာဖရိကနိုင်ငံသည် ကူးစက်မှုအများဆုံးဖြစ်ပြီး ယင်းနောက်တွင် အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့၌ ကူးစက်မှု အများဆုံးပင်ဖြစ်သည်။ 
ဗဟိုအာဖရိကမှာ ကူးစက်မှုအနည်းဆုံးဖြစ်သည်ဟု အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောသည်။ 
ဆင်ဟွာ