အာဖရိကတွင် ကိုဗစ်-၁၉ အတည်ပြု လူနာပေါင်း ၁၀ ဒသမ ၃၂ သန်းကျော်လွန်

 

 

အဒစ္စအဘာဘာ   ဇန်နဝါရီ   ၁၇   
အာဖရိကတွင် ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း     ၁၀၃၂၇၇၈၇    ဦးအထိ   ရှိလာခဲ့ကြောင်း    အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန   (အာဖရိက စီဒီစီ)က ပြောသည်။ 
စီဒီစီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း မှာ ၂၃၄၂၆၇  ဦး ရှိလာပြီဖြစ်ကြောင်းနှင့်   ၉၂၂၄၁၄၈ ဦးမှာ ကိုဗစ်-၁၉ ကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။ 
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊ အီသီယိုးပီးယားနိုင်ငံ တို့သည်  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှု  အများဆုံးနိုင်ငံများဖြစ် ကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောသည်။ အာဖရိကတွင် တောင်အာဖရိကသည်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၅၅၆၆၃၃ ဦးဖြင့် ကူးစက်ဖြစ်ပွားမှု အများဆုံး ဖြစ်ကာ   မော်ရိုကိုနိုင်ငံသည်  ၁၀၄၅၂၅  ဦးဖြင့်  နောက်မှလိုက်လျက် ရှိကြောင်း သိရသည်။ 
တောင်အာဖရိကသည်     ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှု  အများဆုံးဖြစ်ပြီး  အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့သည် ဒုတိယကူးစက် ဖြစ်ပွားမှုအများဆုံးဖြစ်သည်။ အာဖရိကအလယ်ပိုင်း သည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအနည်းဆုံးဖြစ်ကြောင်း စီဒီစီ၏ ထုတ်ပြန်ချက်အရ သိရသည်။                                       ဆင်ဟွာ