
အဒစ္စအဘာဘာ စက်တင်ဘာ ၆
အာဖရိက၌ စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ပေါင်း ၇၉၁၀၀၈၆ ဦးရှိလာခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဌာန (အာဖရိကစီဒီစီ) က ပြောသည်။
စီဒီစီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၁၉၉၅၀၀ ရှိလာပြီဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကင်းစင်သွားသူပေါင်း ၇၁၄၃၃၂၂ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊ အီသီယိုပီးယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ကူးစက်မှုအများဆုံး နိုင်ငံများဖြစ်ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောသည်။
တောင်အာဖရိကသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး အာဖရိက မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့သည် ဒုတိယကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်သည်။ အာဖရိကအလယ်ပိုင်းသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအနည်းဆုံးဖြစ် ကြောင်း စီဒီစီ၏ထုတ်ပြန်ချက်အရ သိရသည်။ ဆင်ဟွာ