
ဂျီနီဗာ စက်တင်ဘာ ၁၄
အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများပေးနိုင်ရန်အတွက် ညီလာခံ ကျင်းပခဲ့သည်။ အဆိုပါညီလာခံတွင် တက်ရောက်ခဲ့ ကြသည့်နိုင်ငံများက စုစုပေါင်းတစ်ဘီလီယံကျော် ကူညီပေးမည်ဟု ကတိပြုခဲ့သည်။ တစ်ကမ္ဘာလုံးအနှံ့ မှအစိုးရအရာရှိများသည် ဂျီနီဗာမြို့တွင် ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။
အာဖဂန်နစ္စတန်သည် နှစ်ပေါင်းများစွာ စစ်ပွဲ ဒဏ်ကို ခံစားရပြီးနောက် ဘေးအန္တရာယ်ဖြစ်ဖွယ် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်စ်က ပြောသည်။
ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီကလည်း ကဘူးလ်မြို့တွင် ရောက်ရှိနေ ပြီး အွန်လိုင်းမှတစ်ဆင့် အဆိုပါအစည်းအဝေးတွင် တက်ရောက်ခဲ့သည်။
အစည်းအဝေးအတွင်း အမေရိကန်ပြည်ထောင်စု သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ဒေါ်လာ ၆၄ သန်း အကူအညီ ပေးသွားမည်ဟု ကတိပြုခဲ့သည်။ သို့သော်လည်း တာလီဘန်များက အာဖဂန်နစ္စတန်ကို ထိန်းချုပ်ထား သည့်အတွက် စိုးရိမ်မှုများရှိနေသည်ဟု ဖော်ပြခဲ့ကြ သည်။
တရုတ်နိုင်ငံကလည်း အာဖဂန်နစ္စတန်သို့ အစားအသောက်၊ ကာကွယ်ဆေးနှင့် အခြားသော ထောက်ပံ့ပစ္စည်းများ ပေးပို့သွားမည်ဟု ပြောကြားခဲ့ သည်။ ဂျပန်နိုင်ငံသည်လည်း နောက်ထပ်အကူအညီ များပေးရန် ဒေါ်လာ ၆၅ သန်း အဆင်သင့်ဖြစ်သည် ဟု ကြေညာခဲ့သည်။ အင်န်အိတ်ချ်ကေ