အားလုံးပါဝင်နိုင်ပြီး အချိုးကျကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၏ ဆန္ဒအားအလေးထားနိုင်ရန် PR စနစ်ဖြင့် ကျင့်သုံးဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိ မိမိတို့တာဝန်ယူချိန်ကာလအတွင်း ပြင်ဆင်၍ရသည်များကို အားလုံးတိုင်ပင်ညှိနှိုင်း၍ ပြင်ဆင်ဆောင်ရွက်သွားမည်

နေပြည်တော်  ဩဂုတ်  ၂၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယ ဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊   ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီးမြထွန်းဦး၊   ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ကြသည်။


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ်က  အဖွင့်အမှာစကားပြောကြားရာတွင်   မိမိတို့အနေဖြင့်  နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ တိုးတက်မှုရှိစေရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဆုံး ဦးတည်ချက်အနေဖြင့်  ရွေးကောက်ပွဲနှင့်ပတ်သက်၍  ရွေးကောက်ပွဲ ကော်မရှင်၏ တွေ့ရှိချက်များကို      

 

 


ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး မကြာမီအချိန်အတွင်း  တွေ့ရှိချက်အနှစ်ချုပ်ကို  ပြည်သူလူထုနှင့်  နိုင်ငံတော် သို့   ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း၊  မိမိတို့ အနေဖြင့်  ရွေးကောက်ပွဲ မဲမသမာမှုများကြောင့်သာနိုင်ငံတော်၏တာဝန်ကို ယူခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍  အမျိုးမျိုး ပြောကြားနေမှုများရှိပြီး  ဒီမိုကရေစီကျင့်စဉ်အရ စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို  ဝေဖန်ပိုင်ခွင့်ရှိသော် လည်း ခိုင်လုံသည့်အကြောင်းအရာနှင့်  အကြောင်း ပြချက်များရှိရမည်ဖြစ်ကြောင်း၊ သို့သော်  မျက်စိ       စုံမှိတ်၍   မိမိပြောချင်ရာပြောနေမည်ဆိုပါက   ဒီမို ကရေစီ၏   အနှစ်သာရရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့်  မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


ကြိုးပမ်းဆောင်ရွက်သွားရမည်


မိမိတို့အနေဖြင့် နေပြည်တော်မြို့တော်  ဖွံ့ဖြိုး တိုးတက်ရေး   အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ နေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်သဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ရန်  ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ဝန်ကြီးဌာနအားလုံး ရုံးစိုက်သည့် မြို့တော် ဖြစ်သဖြင့် နေပြည်တော်ဖွံ့ဖြိုးတိုးတက်မှုကို  စံပြ အဖြစ် ဗဟိုပြု၍ ကျန်တိုင်းနှင့်ပြည်နယ်များ ဖွံ့ဖြိုး တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ကိုဗစ်-၁၉   ရောဂါကာကွယ်ကုသရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ပထမလှိုင်းနှင့် ဒုတိယ လှိုင်းဖြစ်ပွားခဲ့ချိန်များ၌   ထိခိုက်မှုနည်းပါးခဲ့သော် လည်း တတိယလှိုင်းဖြစ်ပွားချိန်တွင် ထိခိုက်မှုများရှိခဲ့ ကြောင်း၊  သို့သော်  မိမိတို့အနေဖြင့်  အရေးယူ ဆောင်ရွက်ရမည့်ကိစ္စရပ်များ  ဆောင်ရွက်နိုင်ရန် အတွက်  အရေးပေါ်အစည်းအဝေးများ  ပြုလုပ်၍ လုပ်ငန်းများအား ဖိဖိစီးစီးဆောင်ရွက်ခဲ့သည့်အတွက် ယခုအခါ အတိုင်းအတာတစ်ခုအထိ  ကူးစက်မှုနှုန်း များ လျော့ကျလာပြီဖြစ်ကြောင်း၊  ကိုဗစ်ရောဂါဖြစ်ပွား သူများနှင့်  ထိတွေ့ခဲ့သူများအား စစ်ဆေးပေးခြင်းနှင့် Stay at Home ပြုလုပ်ခြင်းများအပါအဝင် ကြပ်မတ်မှု များ ပြုလုပ်၍ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စနစ်တကျ ကြပ်မတ် ဆောင်ရွက်မှုများကြောင့် ကူးစက်မှုနှုန်းများ လျော့ကျ လာခြင်းပင်ဖြစ်ကြောင်း၊  မိမိတို့အနေဖြင့်  ရောဂါကူးစက်မှုနှုန်းရာခိုင်နှုန်း ထက်ဝက်ခန့်အထိ ကျဆင်း စေရန်   ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိ ကြောင်း။


ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးရရှိရေးနှင့် ပတ်သက်၍  ပြည်ပနိုင်ငံများမှ  ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ၂၀၂၁ ခုနှစ်အတွင်း မိမိတို့နိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင်နှုန်း ထိုးနှံပေးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိပြီး    ဖြစ်နိုင်ပါက ယခုထက် ပိုမိုထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊   ယခင်အစိုးရအနေဖြင့်   အိန္ဒိယနိုင်ငံ တစ်ခုတည်းမှသာ  ကာကွယ်ဆေးဝယ်ယူရရှိရေးဆောင်ရွက်ခဲ့ပြီး  အိန္ဒိယနိုင်ငံ၌   ရောဂါကူးစက်မှု တတိယလှိုင်းဖြစ်ပွားချိန်၌  ကာကွယ်ဆေးများထပ်မံ ရရှိရေး အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း၊  ထို့ကြောင့် မိမိတို့အနေဖြင့်  ရုရှားနိုင်ငံနှင့်  တရုတ်နိုင်ငံတို့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဝယ်ယူရရှိရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ၁၈ နှစ်ပြည့်ပြီးသူများအား ထိုးနှံလျက်ရှိပြီး အသက် ၁၂ နှစ်အထက်  အသက်အရွယ်ရှိသူများ  ထိုးနှံနိုင် ကြောင်းကိုလည်း နိုင်ငံတကာမှ ဆေးပညာရှင်များက ခွင့်ပြုချက်များပေးထားမှုရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၈ နှစ်အထက်လူဦးရေ ၃၆ ဒသမ ၉ သန်းခန့်နှင့် ၁၂ နှစ်နှင့် ၁၈ နှစ်ကြား ခြောက်သန်းခန့်ရှိသဖြင့် စုစုပေါင်း ၄၃ သန်းခန့်ရှိကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးရရှိရေးအတွက် ရင်းနှီးသည့် နိုင်ငံများမှမိတ်ဆွေများထံ  ဆက်သွယ် ဆောင်ရွက်ခဲ့ရာ   တရုတ်နိုင်ငံ၊  အိန္ဒိယနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ကာကွယ်ကုသ ဆေးများနှင့် အထောက်အကူပြုပစ္စည်းများအား မိတ်ဆွေကောင်းပီသစွာဖြင့် ကူညီလှူဒါန်းပေးမှုများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုအား ကောင်းမွန်မှုကြောင့်သာ ကူးစက်မှုနှုန်းများ လျော့ကျလာခြင်းဖြစ်ကြောင်း၊ တစ်ဦးချင်းစည်းကမ်းလိုက်နာမှု၊ အဖွဲ့အစည်းများ၏  ပူးပေါင်းဆောင်ရွက်မှုနှင့်   ပြည်တွင်းစည်းလုံးညီညွတ်မှု အားများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်  များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုနှင့် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကာကွယ်ရေးအတွက် ဆက်လက်ကြိုးစားဆောင်ရွက်သွားရန်   လိုအပ် ကြောင်း၊ ကိုဗစ်ရောဂါမှာ တစ်ကမ္ဘာလုံးရင်ဆိုင်နေရ သဖြင့် ပြည်ပအကူအညီမှာ အကန့်အသတ်ရှိကြောင်း၊   သို့ဖြစ်၍  “အတ္တာဟိ အတ္တာနော နာထော”   မိမိကိုယ် မိမိ ကိုးကွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


တွန်းအားပေးဆောင်ရွက်လျက်ရှိ


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျဆင်း သွားသည့် စီးပွားရေးများ ပြန်လည် ဦးမော့လာစေရေး ဆောင်ရွက်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များအား မှာကြားထားပြီးဖြစ်ကြောင်း၊ ယခုအခါ မိုးစပါးစိုက်ပျိုးချိန် ရာသီသို့ ရောက်ရှိလာပြီး စပါးစိုက်ပျိုးမှုများ  အခြေအနေကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ ရာနှုန်းပြည့်ထွက်ရှိမည်ဟု ယုံကြည် ပါကြောင်း၊ မိုးရာသီစိုက်ပျိုးရေးနှင့် ပတ်သက်၍ စပါး စိုက်ပျိုးရေးကိုသာမက အခြားစိုက်ပျိုးသီးနှံများကိုပါ စနစ်တကျဆောင်ရွက်ရန်    လိုကြောင်း၊  ထိုသို့ ဆောင်ရွက်ခြင်းဖြင့်   နိုင်ငံအတွက်  စားရေရိက္ခာ ပေါများလာပြီး ပြည်ပသို့ ပို့ကုန်များဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိုးရာသီတွင် စီးပွားရေး ကို တိုက်ရိုက်အထောက်အကူပြုသည့်  စိုက်ပျိုးရေး လုပ်ငန်းများကို  တွန်းအားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊    ကိုဗစ်-၁၉ ကြောင့်   ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ    ပြန်လည်ဦးမော့စေရေး ဆောင်ရွက်ရာတွင် အခွန်အခများလျှော့ချပေးခြင်း နှင့် ဆိုင်းငံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသော် လည်း လိုအပ်သည်များအား ထပ်မံကူညီဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများရှိ ပို့ဆောင်ရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများလည်း ထိခိုက်ကျဆင်းမှုများရှိသည်ကို  လေ့လာတွေ့ရှိရ ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံ၌ အထည်ချုပ် လုပ်ငန်းများ   ပြန်လည်လည်ပတ်လျက်ရှိသဖြင့် အလုပ်သမားပြည်သူများ အဆင်ပြေမှုများရှိကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ပို့ကုန်များ အရည်အသွေး ကောင်းမွန်ရေးအတွက်လည်း    ထိန်းသိမ်းဆောင်ရွက် ရန်  လိုအပ်သကဲ့သို့  စက်ရုံများအနေဖြင့်  ကိုဗစ်-၁၉  စည်းကမ်းများနှင့်အညီ   ဆောင်ရွက်နေကြခြင်းဖြစ် ကြောင်း၊   ၎င်းစက်ရုံများအတွက်  လိုအပ်သည်ကို လည်း  ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊    စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းများကို လည်း   ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။


ငွေကြေးဂယက်


ဘဏ်များနှင့်ပတ်သက်၍  မိမိတို့နိုင်ငံတွင် ငွေသားကိုအဓိက သုံးစွဲလျက်ရှိပြီး  E-Banking စနစ် သုံးစွဲမှုအားနည်းနေသေးကြောင်း၊ မိမိတို့အားထိခိုက် စေရန်အတွက်   စီးပွားရေးအရ  ဘဏ်စနစ်များမှ တစ်ဆင့် တိုက်ခိုက်မှုများရှိကြောင်း၊  ဘဏ်စနစ်သည် နိုင်ငံတစ်ခု၏အသက် ဖြစ်ကြောင်း၊ ၁၉၉၇ ခုနှစ်အာရှ ငွေကြေးဂယက်ကြောင့် နိုင်ငံများစွာတွင် ဘဏ်စနစ် များ  ထိခိုက်ခဲ့ရပြီး  အစိုးရများပြုတ်ကျမှုများရှိခဲ့ ကြောင်း၊ ထိုသို့ငွေကြေးဂယက်ဖြစ်စေရန်အတွက် အဓိကကြိုးကိုင်ဆောင်ရွက်ခဲ့သည့်  ဂျော့ဆိုးရော့စ် အား  အဆိုပါနိုင်ငံများက  ပြည်ဝင်ခွင့်ပိတ်ပင်ထား သည်ဟု သိရကြောင်း။ 


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေးနှင့်ပတ်သက်၍ မိမိထံသို့ စာရေးတောင်းဆိုမှုများရှိကြောင်း၊ မိမိတို့ အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ပေးမည် ဖြစ်ပြီး    ၎င်းတို့ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူများကိုလည်း သတ်မှတ်ထားသည့် ဦးစားပေး အဆင့်အလိုက်  ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယခု အချိန်တွင် ပြည်သူများအား ကာကွယ်ဆေး ခြောက် သန်းကျော်ထိုးနှံပေးခဲ့ပြီးဖြစ်၍    ကာကွယ်ဆေးထပ်မံ ရရှိချိန်တွင်    ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း၊ ပြည်ပမှကာကွယ်ဆေးများ ရောက်ရှိချိန် တွင်  တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့  အမြန်ဆုံး ရောက်ရှိစေရေး တပ်မတော်နှင့် ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာနတို့၏   ပို့ဆောင်ရေးစနစ်များမှ တစ်ဆင့်   ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး   ယာဉ်သုံးစွဲမှု အပေါ်တွင်လည်း   မည်သည့်ကန့်သတ်ချက်မျှမထား ရှိဘဲ   အမြန်ဆုံးရောက်ရှိရေးကို    အဓိကထား၍ ဆောင်ရွက်သွားရန် မှာကြားပြီးဖြစ်ကြောင်း။


မိမိတို့အနေဖြင့်    ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေပြီး ပြည်သူများလိုလားသည့်  ပါတီစုံ ဒီမိုကရေစီ                        

 

v စာမျက်နှာ ၃ မှ
လမ်းကြောင်းပေါ်တွင်  လျှောက်လှမ်းနေခြင်းဖြစ် ကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ဆန္ဒမဲပေးခွင့်ရှိသူ၏  ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း၏ ထောက်ခံမဲဖြင့် အများဆန္ဒနှင့်အညီ  အတည်ပြု ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊  အဆိုပါလူများ အနက် ၈၀ ရာခိုင်နှုန်းခန့်သည်    ယခုအချိန်အထိ သက်ရှိထင်ရှားရှိနေသူများဖြစ်၍ ၎င်းတို့၏ဆန္ဒကို  လေးစားတန်ဖိုးထားရန်  လိုကြောင်း၊  အခြေအနေ အချိန်အခါအရ  ပြင်ဆင်သင့်သည်များရှိသည်ကို  လက်ခံကြောင်း၊  ဥပမာအားဖြင့်  ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဝန်ကြီးချုပ်များခန့်အပ်ရေးနှင့်ပတ်သက်၍ နယ်မြေဒေသအလိုက်  သဘောထား များ ကိုက်ညီမှုတွင်လိုအပ်ချက်ရှိခြင်း၊   ရွေးချယ်ခံ ကိုယ်စားလှယ်များအား Right to Recall ဥပဒေ မထုတ်နိုင်ခြင်းတို့ကို တွေ့နေရကြောင်း၊ အလားတူ ရွေးကောက်ခံကိုယ်စားလှယ်များနှင့်ပတ်သက်၍   အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ပြည်သူ့ လွှတ်တော်၏ ဆုံးဖြတ်ချက်များ သဟဇာတမဖြစ်ပါ က  ဆုံးဖြတ်ချက်အတွက်  ပြဿနာဖြစ်သည်ကို တွေ့ရှိရကြောင်း၊  ထို့ကြောင့်  အားလုံးပါဝင်နိုင်ပြီး  အချိုးကျကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၏  ဆန္ဒအား အလေးထားနိုင်ရန် PR စနစ်ဖြင့်  ကျင့်သုံး ဆောင်ရွက်နိုင်ရေး    စဉ်းစားဆောင်ရွက်လျက်ရှိ ကြောင်း၊   ရွေးချယ်ခံကိုယ်စားလှယ်၊   ရွေးချယ် တင်မြှောက်မှုစနစ်နှင့် ပတ်သက်၍လည်း ပြင်ဆင်ရန် ရှိသည်များရှိကြောင်း၊  မိမိတို့တာဝန်ယူချိန်ကာလ အတွင်း    ပြင်ဆင်၍ရသည်များကို  အားလုံးတိုင်ပင် ညှိနှိုင်း၍ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
သာတူညီမျှဖြစ်ရမည်
တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်၍ တိုင်းရင်းသားအခွင့်အရေး၊  ဒီမိုကရေစီအခွင့်အရေးဟုပြောသည်များရှိကြောင်း၊     အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည်   တိုင်းရင်းသားအရေးကြောင့်ပေါ်ပေါက်လာခြင်းဖြစ်ပြီး  အချို့သည်  ဒီမို ကရေစီအခွင့်အရေးကြောင့် ပေါ်ပေါက်လာခြင်းဖြစ် ကြောင်း၊ တိုင်းရင်းသားအရေးသည် ဖက်ဒရယ်နှင့်ဒီမိုကရေစီကိုအခြေခံ၍ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ၏  အနှစ်သာရသည်   အများဆန္ဒအရ ဆောင်ရွက်ခြင်းဖြစ်ပြီး  သာတူညီမျှဖြစ်ရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် အဓိကတိုင်းရင်းသားလူမျိုး ရှစ်မျိုး၊ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးခန့် နေထိုင်ကြခြင်းဖြစ်သဖြင့်  အများဆန္ဒကိုကြည့်ရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီအခွင့်အရေးကို တောင်းဆိုရာ တွင်  အဆိုပါဒီမိုကရေစီကျင့်စဉ်အား   လိုက်နာရန်        လိုကြောင်း၊  မိမိအစုအဖွဲ့အတွင်း၊  နယ်မြေအတွင်း ဒီမိုကရေစီကျင့်စဉ်ရှိရန်လိုကြောင်း၊   ဒီမိုကရေစီ ကျင့်စဉ်အား  နိုင်ငံသားတိုင်း၊  တိုင်းရင်းသားတိုင်း သိရှိပြီး  လိုက်နာဆောင်ရွက်ရန်  လိုအပ်ကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လိုက်နာမှုမရှိဘဲ အချင်းချင်းပဋိပက္ခဖြစ်မှုများရှိပြီး အကြောင်းမဲ့သတ်ဖြတ်မှုများ ရှိကြောင်း၊ နိုင်ငံတော် မှပြဋ္ဌာန်းထားသည့်   ဒီမိုကရေစီကျင့်စဉ်များကို လိုက်နာရန်လိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်   ၎င်းတို့နယ်မြေအတွင်း ဒီမိုကရေစီအလေ့အထများဖြစ်သည့် ဥပဒေလေးစား လိုက်နာခြင်း၊ စည်းကမ်းလေးစားလိုက်နာခြင်းနှင့် လူ၏တန်ဖိုးကို    တန်ဖိုးထားခြင်းများလိုက်နာ ဆောင်ရွက်ရန်လိုပြီး  ဒီမိုကရေစီနှင့်လျော်ညီသည့် ကျင့်ကြံ၊ ပြောဆို၊ လုပ်ကိုင်မှုများရှိရန်လိုကြောင်း။
နိုင်ငံစီးပွားရေး ဦးမော့စေရေး
မိမိတို့အနေဖြင့် ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်း စဉ်များအပေါ်တွင်  မူတည်ဆောင်ရွက်လျက်ရှိပြီး ရေရှည်လုပ်ရမည့်လုပ်ငန်းများ  ဆောင်ရွက်နိုင်ရေး အတွက်  လမ်းခင်းပေးခြင်း၊  အသိ၊ သတိပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး  နိုင်ငံစီးပွားရေး  ဦးမော့ စေရေးအတွက်  ရေတိုလုပ်ငန်းများကို ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အားသည် ပြည်တွင်း၌ သာရှိသည်ဆိုသည့်အတိုင်း   ပြည်တွင်းစီးပွားရေး ဦးမော့လာစေရန်၊  ပြည်သူများ၏   စိတ်ဓာတ်များ မြင့်မားအောင်ဆောင်ရွက်သွားမည်ဆိုသည့် ခံယူချက် များဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ပြောကြားသည်။


ဆွေးနွေးတင်ပြ


ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊   မန်းငြိမ်းမောင်၊   ဦးခင်မောင်ဆွေ၊         Jeng Phang နော်တောင်၊   ဒေါ်အေးနုစိန်၊  ဦးစိုင်း လုံးဆိုင်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း တို့က CRPH ၊ NUG နှင့်   ၎င်းတို့လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အကြမ်းဖက်သမား များအား ငွေကြေးနှင့်ပစ္စည်းများ စုဆောင်းထောက်ပံ့ ပေးနေသူများအား   အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ   အရေးယူရေး၊  သတင်းပေးသည့် ပြည်သူများအား    ဆုကြေးငွေချီးမြှင့်ပေးရေးနှင့်  အများပြည်သူသိရှိစေရေး သတင်းထုတ်ပြန်ပေးရန်၊ ဒေါ်လာဈေးနှင့်  ရွှေဈေးများ ဈေးကစားနေသူများ အား ရှာဖွေဖော်ထုတ်အရေးယူနိုင်ရေး၊  အကြမ်းဖက် အဖွဲ့အစည်းများအား သင်တန်းပေးခြင်းနှင့် လက်နက် ပစ္စည်းများ ကူညီထောက်ပံ့နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား  ထိရောက်စွာ တားဆီးနိုင်ရေး၊  သံလွင်မြစ်ပေါ်ရှိ  ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရန် ပြန်လည် စဉ်းစားသုံးသပ်ပေးရေး၊   ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးနှင့်   စနစ်တကျထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံတစ်ဝန်း AMI အဆင့်မြင့် Digital မီတာ များ ပြောင်းလဲတပ်ဆင်ပေးနိုင်ရေး၊ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့်  နိုင်ငံ့ဝန်ထမ်း များအား   သင့်လျော်သည့်ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ချီးမြှင့်နိုင်ရေး၊ ကျောက်ဖြူအထူးစီးပွားရေး ဇုန်နှင့်ပတ်သက်၍   လတ်တလောအကျိုးစီးပွား ဖြစ်ထွန်းစေမည့် ကိစ္စရပ်များအား စတင်အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေး၊    တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို  ထိရောက်စွာ ဆောင်ရွက်၍  ပြည်သူများ၏စိုးရိမ်မှုကို  လျှော့ချ ပေးရေး၊   ရပ်ကွက်၊   ကျေးရွာလုံခြုံရေးအတွက် ကျေးရွာပြည်သူ့စစ်အဖွဲ့များ စနစ်တကျပြန်လည် ဖွဲ့စည်းရေး၊ ကိုဗစ်-၁၉ ကာလတွင် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသည့် ပြည်သူများအား ကူညီ ထောက်ပံ့ပေးနိုင်ရေး၊ ယခုကာလဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအပေါ်   ထိရောက်စွာသတင်း ထောက်လှမ်း၍ တရားခံများအား ဖော်ထုတ်အရေးယူ နိုင်ရေး၊ နမ့်ဆန်မြို့တွင် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ပေးရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ဒေသတွင်း ရွှေတူးဖော်ခြင်းလုပ်ငန်း များဆောင်ရွက်နေမှုကို တားမြစ်ပေးနိုင်ရေး၊ မဘိမ်း မြို့တွင် စိုက်ပျိုးရေးဘဏ်ခွဲဖွင့်လှစ်ပေးနိုင်ရေးတို့ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က  ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍   CRPH နှင့်  NUG လက်အောက်ခံအကြမ်းဖက်အဖွဲ့အစည်းများအား ဥပဒေကြောင်းအရ  ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်အစိုးရလက်ထက် ဥပဒေနှင့်မညီညွတ်သည့် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍    အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က   စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်၍   တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကိုမထိခိုက်အောင် ဂရုပြုဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း ၍   လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်   ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့်  ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့သော ရေအားလျှပ်စစ်ထုတ်လုပ်မှုစီမံကိန်းများသည် ရင်းနှီး မြှုပ်နှံမှုများပြားပြီး    ဈေးကွက်မရှိသည့်အတွက် စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအတွက်    လိုအပ်သည့်စွမ်းအင်ကို  သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် အဆင့်မြင့်နည်းပညာကိုအသုံးပြု၍ သဘာဝဓာတ်ငွေ့ နှင့်  ကျောက်မီးသွေးတို့မှ ထုတ်ယူသုံးစွဲသွားရန်လိုအပ်ကြောင်း၊ နောင်တွင် မိမိတို့နိုင်ငံမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း စက်ရုံ၊ အလုပ်ရုံ များ လည်ပတ်နိုင်ရေးအတွက်သာ အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့်  မန္တလေး တိုင်းဒေသကြီးတို့တွင် လျှပ်စစ်ဓာတ်အားခကြွေးကျန် များပေးဆောင်ရန် ကျန်ရှိနေကြောင်း၊ ထို့ပြင် လျှပ်စစ် ဓာတ်အားပျောက်ဆုံးမှုများနှင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများလည်းရှိနေကြာင်း၊ ထို့အတွက် AMI အဆင့်မြင့် Digital မီတာများ  ပြောင်းလဲတပ်ဆင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလတွင် ထိခိုက်ခဲ့သည့်  စီးပွားရေးလုပ်ငန်းများနှင့်  SME လုပ်ငန်းများအတွက် သမဝါယမစနစ်ဖြင့်  ချေးငွေ ထုတ်ချေးနိုင်ရေးကို ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီး ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  တည်ငြိမ်အေးချမ်းရေး အတွက် တာဝန်ရှိအဖွဲ့အစည်းများက  ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး  လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း  လေ့ကျင့်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နမ့်ဆန်မြို့တွင် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ပေးသွားမည်ဖြစ် ကြောင်း၊ ထို့ပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများအတွက်လည်း  လျှပ်စစ်ဓာတ်အားနှင့် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံများ တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်  ဆေးရုံတိုင်းတွင်  အောက်ဆီဂျင် ထုတ်လုပ်နိုင်သောစက်များ တပ်ဆင်ပေးလျက်ရှိပြီး ဆေးရုံတိုင်းတွင်လည်း ကိုဗစ်-၁၉ အထူးကြပ်မတ် ကုသခန်းများထားရှိ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင်  ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကုသဆေးထုတ်လုပ် သည့် စက်ရုံတည်ဆောက်နိုင်ရေးအတွက် ဆွေးနွေး လျက်ရှိကြောင်း။


မွေးမြူရေးသိပ္ပံကျောင်းများ ဖွင့်လှစ်နိုင်ရေး


ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ် အချို့၌ ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများနှင့်ပတ်သက်၍  သက်ဆိုင်ရာတာဝန် ရှိသူများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မွေးမြူရေး သိပ္ပံကျောင်းများဖွင့်လှစ်ပြီး  ပညာသင်ကြားပေး နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံပြည်သူ လူထု  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အရှည်မြော်တွေးပြီး စဉ်းစားဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း။


နိုင်ငံအကျိုးအတွက်     ဆောင်ရွက်ရာတွင် အမျိုးသားအကျိုးစီးပွားကို   အခြေခံ၍ စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အတိတ်သမိုင်းကြောင်းကို      လျစ်လျူရှု၍မရဘဲ       သင်ခန်းစာဖော်ထုတ်ဆောင်ရွက်ရန်    လိုအပ်ပြီး လတ်တလောအဆင်ပြေစေရန်  အလွယ်တကူ ဥပဒေ ရေးဆွဲပြဋ္ဌာန်း၍မရကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသား အကျိုးစီးပွားကို အလေးထားဆောင်ရွက်သွားရမည် ဖြစ်ပြီး    နိုင်ငံသားတိုင်း ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်စေရေးအတွက် ဖော်ဆောင်သွားရမည်ဖြစ် ကြောင်း၊   ကောင်စီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် အတွက် နက်နက်နဲနဲတွေးခေါ်မြော်မြင်ပြီး ဆောင်ရွက် ပေးသွားကြရန်  လိုအပ်ကြောင်းဖြင့်  လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။       သတင်းစဉ်