အားကောင်းသောမုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်

 

နေပြည်တော်  ဒီဇင်ဘာ    ၂


ယနေ့    ညနေ  ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ  ဘင်္ဂလား ပင်လယ်အော်  အနောက်တောင် ပိုင်းတွင်       ဖြစ်ပေါ်နေသော အားကောင်းသော  မုန်တိုင်းငယ် သည်    အနောက်-အနောက် မြောက်ဘက်သို့   ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ   ကိုကိုးကျွန်းမြို့၏ အနောက်- အနောက်တောင်ဘက် ရေမိုင်  ၆၄၅ မိုင်ခန့်၊ ဟိုင်းကြီး ကျွန်းမြို့၏ အနောက်-အနောက် တောင်ဘက်    ရေမိုင် ၇၃၅ မိုင် ခန့်၊   အိန္ဒိယနိုင်ငံ      ပူဒူချယ်ရီမြို့ ၏    အရှေ့ - အရှေ့တောင်ဘက် ရေမိုင် ၁၉၀ ခန့်၊ ချင်းနိုင်မြို့၏  အရှေ့ တောင် ဘက်  ရေမိုင် ၂၀၀ ခန့်၊  နီလိုရီမြို့၏ အရှေ့ တောင်ဘက် ရေမိုင် ၂၇၀ ခန့်နှင့် မာချီလီ ပတ္တနမ်မြို့၏  တောင် - အရှေ့တောင်ဘက် ရေမိုင်  ၃၃၀  ခန့်အကွာ   ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။


အားကောင်းသော      မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ     မြန်မာနိုင်ငံဘက် သို့     ဦးတည်ရွေ့လျားမည့်အခြေအနေ    မရှိ သဖြင့်      အဝါရောင်အဆင့်ဟု     သတ်မှတ် သည်။


အဆိုပါ အားကောင်းသောမုန်တိုင်းငယ် သည် မြန်မာစံတော်ချိန် ညနေ ၅  နာရီခွဲတွင် မြောက်လတ္တီကျု   ၁၀  ဒသမ  ၉  ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၂ ဒသမ ၉ ဒီဂရီတွင်ရှိပြီးဗဟိုချက်လေဖိအား       ၁၀၀၀   ဟက်တို ပါစကယ်နှင့်     အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်သည်။


အဆိုပါ အားကောင်းသောမုန်တိုင်းငယ် သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီ အတွင်း     ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်ကာ      ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၄-၁၂-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်း၊   အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း       ကမ်းလွန် နှင့်  ယင်းနှင့်ဆက်စပ်လျက်ရှိသော  တမီးလ် နာဒူး   မြောက်ပိုင်းကမ်းခြေတို့သို့   ရောက်ရှိ နိုင်သည်။   ထို့နောက်   အင်ဒရာပရာဒေ့ရှ် တောင်ပိုင်း   ကမ်းခြေနှင့်အပြိုင်    မြောက် ယွန်းယွန်းသို့ ရွေ့လျားကာ ၅-၁၂-၂၀၂၃  ရက် နေ့တွင်        အင်ဒရာပရာဒေ့ရှ်      တောင်ပိုင်း ကမ်းခြေကို နီလိုရီမြို့နှင့် မာချီလီပတ္တနမ်မြို့ တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်း ရသည်။


သို့ဖြစ်ပါ၍ အားကောင်းသော မုန်တိုင်း ငယ်၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင် ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်း ရေး၊   မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊   သင်္ဘောများအနေဖြင့် လည်း   ကြိုတင်သတိပြုနိုင်ပါရန်  အသိပေး နှိုးဆော်အပ်ပါသည်။


မိုး/ဇလ