အားကောင်းသောမုန်တိုင်းငယ် လေဖိအားနည်း ရပ်ဝန်းအဖြစ် တဖြည်းဖြည်းအားလျော့သွားမည်

 

နေပြည်တော်  ဩဂုတ်  ၂


ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်ကုန်းတွင်းတွင်ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အနောက်-အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း အိန္ဒိယ နိုင်ငံ ဂျက်ခန်းပြည်နယ်ကို ဖြတ်ကျော်ပြီးနောက် မုန်းတိုင်ငယ်အဖြစ် သို့ လည်းကောင်း၊ နောက်နာရီ ၃၀ အတွင်း လေဖိအားနည်းရပ်ဝန်း အဖြစ်သို့လည်းကောင်း တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်း ရပါသည်။                                                                  

မိုး/ဇလ