အားကောင်းသော တိုင်ဖွန်းမုန်တိုင်းမဝါ အိုကီနာဝါတောင်ဘက်ပင်လယ်ပြင်တွင် ဖြည်းညင်းစွာရွေ့လျားနေ

 

တိုကျို    မေ    ၃၀
ကြီးမားပြီး အလွန်အားကောင်းသော တိုင်ဖွန်းမုန်တိုင်းသည် မေ ၃၁ ရက်မှစတင်ကာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုကီနာဝါဒေသသို့ ချဉ်းကပ်လာဖွယ်ရှိပြီး  ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ လှိုင်းကြီး ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်း ရသည်။ 
တိုင်ဖွန်းမုန်တိုင်း မဝါသည် မေ ၃၀ ရက် မွန်းလွဲပိုင်းအထိ  အိုကီ နာဝါတောင်ဘက်ပင်လယ်ပြင်တွင်    ဖြည်းညင်းစွာ    ရွေ့လျားနေ ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောသည်။ မုန်တိုင်းဗဟိုချက် မှာ လေဖိအား ဟက်တိုပါစကယ် ၉၅၀ ရှိကြောင်း သိရသည်။
အိုကီနာဝါ၏ စာကိရှီးမားကျွန်းစုတွင် လေပြင်းများ တိုက်ခတ်လျက် ရှိကြောင်း၊  တိုင်ဖွန်းမုန်တိုင်း  မဝါ  ဇွန် ၁ ရက်မှ ဇွန် ၃ ရက်အထိ အိုကီနာဝါ၏ ပင်မကျွန်းသို့ အနီးကပ်မရောက်ရှိမီ မေ ၃၁ ရက်တွင် စာကိရှီးမားကျွန်းစုသို့ ချဉ်းကပ်လာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ 
အဆိုပါ ဒေသတစ်ဝန်းတွင် မေ ၃၁ ရက်အတွက် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၉၀ ကီလိုမီတာဖြစ်ပြီး ၁၂၆ ကီလို မီတာအထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ ဇွန် ၁ ရက်အတွက် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၀၈ ကီလိုမီတာမှ ၁၄၄ ကီလိုမီတာကြားရှိနိုင်ပြီး   ၁၄၄  နှင့်  ၂၁၆  ကီလိုမီတာအထိလည်း ရောက်ရှိနိုင်သည်ဟု သိရသည်။ 
တိုင်ဖွန်းမုန်တိုင်း   မဝါ သည်   ဖြည်းညင်းစွာရွေ့လျားနေသည့် အတွက် မုန်တိုင်းအခြေအနေမှာ ရှည်ကြာဖွယ်ရှိသည်။                                                                                                                         
အင်န်အိတ်ချ်ကေ